Pages

Saturday, April 12, 2014

မောင်းသူမဲ့ ကင်းထောက်လေယာဉ် သုံးစင်း မြောက်ကိုရီးယား စေလွှတ်ဟု တောင်ကိုရီးယားပြော


RangonNewsDaily: April . 12 .2014
မြောက်ကိုရီးယား နိုင်ငံသည် တောင်ကိုရီးယား နိုင်ငံအပေါ် ထောက်လှမ်းမှုများ ပြု လုပ်ရန်အတွက် မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ် သုံးစင်းကို စေလွှတ်ခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ဧပြီ ၁၁ ရက်တွင် ထုတ်ပြန် ပြောကြားသည်။
မြောက်ကိုရီးယား အစိုးရသည် မောင်းသူမဲ့ ကင်းထောက် လေယာဉ်များကို တောင်ကို ရီးယား နိုင်ငံအတွင်းသို့ စေလွှတ်ခဲ့သည်ကို အတည်ပြုနိုင်သည့် သက်သေ အထောက်အထားများမှာ မိမိတို့တွင် ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ကင်မင်ဆော့ခ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် သတင်းထောက်များကို ပြောကြားသည်။

အဆိုပါ မောင်းသူမဲ့ ကင်းထောက်လေယာဉ်သုံးစင်းကို နောက်ပိုင်းနှင့် အရှေ့ပိုင်း ရှေ့တန်းဒေသများတွင် မကြာသေးမီ သီတင်းပတ်များ အတွင်းက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ပထမဆုံးသော မြောက်ကိုရီးယား ကင်းထောက်လေယာဉ်ကို မြောက်ကိုရီးယား နှင့် ကုန်းတွင်းပိုင်း နယ်နိမိတ် ထိစပ်နေသော ပါဂျူမြို့တွင် မတ်၂၄ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကင်မင်ဆော့ခ်က ပြောကြားသည်။


အလားတူ ဒုတိယမြောက် မြောက်ကိုရီးယား မောင်းသူမဲ့ ကင်းထောက် လေယာဉ်ကို နှစ်နိုင်ငံ အမြောက်ကျည်ဆန်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။ 


မတ် ၃၁ ရက်တွင် အငြင်းပွား ပင်လယ်ပိုင်နက်၏ မြောက်ပိုင်းရှိ Baengnyeong ကျွန်းဆွယ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး တတိယမြောက် ကင်းထောက်လေယာဉ်ကိုမူ ဆိုးလ်မြို့၏ အရှေ့ဘက် ၂၉ဝ ကီလိုမီတာ ဝန်းကျင်ခန့်တွင် တည်ရှိသည့် Samcheok ဒေသတွင် ဧပြီ ၆ ရက်က တွေ့ ရှိခဲ့ခြင်း ဖြစ်ကြောင်း လေယာဉ်သုံးစင်းကို နေရာသုံးခုတွင် တွေ့ရှိခဲ့ရသော်လည်း သုံးစင်းစလုံး၏ ပုံစံနှင့် အရောင်မှာ ၂ဝ၁၂ ခုနှစ် ဧပြီတွင် ပြုလုပ်ခဲ့သော စစ်ရေး လေ့ကျင့်မှု အတွင်း မြောက်ကိုရီးယား နိုင်ငံမှ ထုတ်ဖော် ပြသခဲ့သော လေယာဉ်များနှင့် တူညီမှုရှိကြောင်း ကင်မင်ဆော့ခ်က ထပ်လောင်း ပြော ကြားသည်။

မြ၀တီ , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment