Pages

Wednesday, April 9, 2014

"ခုနစ်နှစ် ကင်းကွာခဲတဲ့ သင်္ကြန်ကို ပထမဆုံး ပြန်ကျတဲ့ မိုးစက်ဝိုင်"


RangonNewsDaily: April . 9 .2014
မိုးစက်ဝိုင်က ADMA မီဒီယာက စီစဉ်ပြီး သရုပ်ဆောင် ဒါရိုက်တာ လူမင်း၊ စိုင်းစိုင်းခမ်းလှိုင် နဲ့ PEE MAK မင်းသမီး DAVIKA HOORNE တို့နဲ့ ရိုက်ကူး မယ့် ရုပ် ရှင် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ 
Miss တစ်ယောက် အဖြစ် အရွေးခံရ ပြီးနောက်ပိုင်းမှာ ရုပ်ရှင် အနုပညာလော က မှာ သရုပ်ဆောင် အဖြစ် ရပ်တည်မှာ မဟုတ်ဘူးလို့ ဆိုထားတဲ့ မိုးစက်ဝိုင် က ဒီရုပ်ရှင် ဇာတ်ကားကို လက်ခံ ရိုက်ကူးဖြစ်ပုံ ကိုတော့ “မိုးစက်က အစက ရုပ်ရှင် လုံးဝမရိုက်ဘူး လို့ ပြော ထားတာပါ။ ဒါပေမဲ့ ADMA က လာကမ်းလှမ်း တဲ့ အခါ၊ ယိုးဒယားတွေ လည်း လာပြောတဲ့ အခါ၊ မိုးစက်စိတ် ဝင်စား တယ်။ နိုင်ငံတကာလည်း ပါမယ်။ ယဉ်ကျေးမှု လည်းပြ မှာလို့ ပြောလို့ စိတ်ဝင်စားတာပါ” လို့ ပြောပါတယ်။

မိုးစက်ဝိုင်က ဒီနှစ်သင်္ကြန်ကို အကြို၊ အကျနေ့ များမှာ Ve Ve Gold က စပွန်ဆာ ပေးထားတဲ့ Blizzard မဏ္ဍပ်မှာရှိမှာ ဖြစ်ပြီး အကြတ်နေ့ မှာတော့ မန္တလေး Alpine မဏ္ဍပ်မှာ ရှိမှာဖြစ်ကြောင်း သိရပါတယ်။ 

သင်္ကြန်ကို ၆နှစ်၊ ၇နှစ် ကင်းကွာပြီးမှ ပထမဆုံး ပြန်ကျတဲ့ သင်္ကြန်ဖြစ် တာကြောင့် ရင်ခုန်စွာ နဲ့ စောင့်မျှော်နေကြောင်း ကို မိုးစက်ဝိုင် က “သင်္ကြန်က စာမေးပွဲရက် နဲ့ တိုက်တဲ့ အတွက် အမေရိက ကနေ ပြန်မလာဖြစ်ဘူး။ ဟိုမှာသင်္ကြန် မရှိတော့ ဒီကသင်္ကြန် အရသာကို မသိကြဘူး။ သင်္ကြန်ပြီး မှ ဓာတ်ပုံတွေ မြင်ရတယ်။ အရင်တုန်းက သင်္ကြန် ခံစားချက်ကို ပိုကြိုက်တယ်။ နိုင်ငံခြားမှာ ရှိတုန်းကတော့ နိုင်ငံခြား ရောက် မြန်မာတွေ လုပ်တဲ့ သင်္ကြန်ကို သွားဖြစ် တယ်။ ကလေးတွေပဲ ရေပက်ကြတယ်။ အသက် ၁၈၊ ၁၉ လောက်ကစပြီး ရေမပက်ကြတော့ဘူး။ မုန့်တွေလည်း ရောင်း ကြတော့ မုန့်တွေ ပဲစားကြတယ်။ ဒီနှစ်တော့ ပရိသတ် တွေ နဲ့အတူတူ ရင်ခုန်စွာနဲ့ သင်္ကြန်ပွဲ ကို ဆင်နွှဲပါမယ်” လို့ ပြောပါတယ်။ 

မိုးစက်ဝိုင် က ဧပြီ ၃ရက်နေ့ မှာတော့ ဘန်ကောက်မှာ ကြော်ငြာသွား ရောက် ရိုက်ကူး ခဲ့ပြီး ဧပြီ ၆ ရက်နေ့ မှာတော့ လှိုင်သာယာက မိဘမဲ့ ကလေးကျောင်း ကို သွားရောက်ဖို့ ရှိကြောင်း သိရပါတယ်။

Popular Journal , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment