Pages

Wednesday, April 9, 2014

ပျားရည်၏ထူးခြားမှုနှင့်ရောဂါ ပျောက်ကင်းမှု

RangonNewsDaily: April . 9 .2014
အဗူနအီးမ်သခင်က ဟဇရသ်အာအေရှာဟ်(ရသ)သခင်မထံမှ ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(ဆွ) သည်ပျားရည်ကို အလွန်နှစ်သက် မြတ်နိုးတော်မူခဲ့၏။တမန်တော်မြတ်(ဆွ)သည်ပျားရည်ကို အလွန်နှစ်သက် မြတ်နိုးတော်မူခြင်းမှာ အလ္လာဟ်အရှင်မြတ်က ၎င်းတွင် ရောဂါအတွက်ဆေးရှိသည်ဟု ဗျာဒိတ်တော်မူထားခြင်းကြောင့်ပင် ဖြစ်သည်။ ၎င်းပြင် သမားတော်များက ပျားရည်၏ မရည်မတွက်နိုင်သော အကျိုးကျေးဇူးများကို ရေးသားထားကြပေသည်။

ဥပမာအားဖြင့် - ပျားရည်ကို နံနက်အိပ်ယာမှထပြီး မည်သည့်အစာမျှ မစားခင်အလျှင်လျှက်ပေးပါက ချွဲသလိပ်တို့မှ ကင်းစင်စေသည်။ အစာအိမ်ကို သန့်ရှင်းစေသည်။ အညစ်အကြေးများကို ပပျောက်စေသည်။ 

ဝမ်းတွင်းရှိ အချွဲအပုပ်တို့ကို ဖွင့်ပေးသည်။ အစာအိမ်ကို မျှတစေသည့်အပြင် ဦးနှောက်ကို အားဖြစ်စေသည်။ ကိုယ်ခန္ဓာ၏ ပင်ကိုယ် အပူဓာတ်သဘော သဘာဝကို အားဖြစ်စေသည်။ ရှလကာရည်နှင့်အတူ သုံးဆောင်ပါက သည်းခြေဖောက်ပြန်သူတို့ ဝေဒနာသက်သာရန်အတွက် အကျိုးထူးပေသည်။ 

ကာမအားကို တိုးပွားစေသည်။ ဆီးအိမ်ရောဂါဝေဒနာမှကင်းဝေးရန် အကျိုးပြုသည့်အပြင် ဆီးအိမ်တွင် ကျောက်တည်ခြင်းမှ ကင်းဝေးစေသည်။ ဆီးရပ်သွားခြင်းကို ဖွင့်ပေးသည်။ ကိုယ်တစ်ခြမ်းသေခြင်းနှင့် ငန်းဖမ်းခြင်း၊ ပါးစပ်ရွဲ့ခြင်း ရောဂါဝေဒနာတို့မှ ကင်းဝေးရန်အတွက် အကျိုးထူးသည့်အပြင် ဝမ်းကိုဟာစေသည်။

အစ္စလာမ်သာသနာ့ပညာရှင်များက ရေးသားထားကြသည်မှာ ပျားရည်နှင့် နို့တို့သည် ထောင်ပေါင်းများစွာသော အပင်တို့မှ ပေါင်းစုထားသည့် အရည်ဖြစ်သည်။ အကယ်၍ တစ်လောကလုံးရှိ သမားတော်များ စုပေါင်း၍ ဤကဲ့သို့သော အရည်မျိုးပြုလုပ်ပါက အလျဉ်းပြုလုပ်နိုင်ကြမည်မဟုတ်ပေ။

ဤသည် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်အဟုန်ကြောင့်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် မိမိ၏ ဗန္ဒာဟ် ကျေးကျွန်များအတွက် ဤမျှကောင်းမွန်၍ အကျိုးကျေးဇူးများပြားလှသော အရည်ကို ဖန်ဆင်းထားတော်မူသည်။

(သွစ်ဗ်ဗေနဗဝီ)
အလ်မုဖီးဒ်

0 comments:

Post a Comment