Pages

Wednesday, April 9, 2014

ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရထားတဲ့ နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီ ဒေတာစင်တာ ဆောက်မည်


RangonNewsDaily: April . 9 .2014
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရထားတဲ့ နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီဟာ ရန်ကုန်နဲ့ မန္တလေးမှာ တယ်လီကွန်း ဒေတာစင်တာတွေ တည်ဆောက်သွားမယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဧပြီ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ တယ်လီနော မြန်မာရုံးရဲ့ ဒေတာစင်တာ တည်ဆောက်ခြင်းနဲ့ Video Calling စနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခြင်း ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်နဲ့ ၁၃ မိုင်ဝေးတဲ့နေရာမှာ ပထမ တယ်လီကွန်း ဒေတာစင်တာ တည်ဆောက်နေပြီး Module ၈ ခုအတွက် ကွန်တိန်နာ ၁၆ လုံးစာ ရှိတယ်လို့ သူက ရှင်းပြပါတယ်။

တယ်လီနောဟာ လာမယ့် အောက်တိုဘာနောက်ပိုင်း မိုဘိုင်းဖုန်း ဆင်းကတ်တွေ စပြီး ရောင်းပေးနိုင်မယ်လို့ ကြေညာထားပါတယ်။

DVB , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment