Pages

Wednesday, April 9, 2014

Thailand SW (sex worker) 80% က မြန်မာအမျိုးသမီးတွေပါ . . . . .လူထုအော်သံ



RangonNewsDaily: April . 9 .2014
ကျမ ခုပြောမှာက မျိုးချစ် နာမည်တပ် တလွဲကောက်ယူနေတဲ့တစ်ယူသန်မျက်ကန်း မျိုးချစ်တွေ အကြောင်းပါ ။ဒါနဲ့ မစခင်
ကျမ ဘဝ ဇာတ်ကြောင်းလေးကနေ စရအောင် ...

ကျမ ဆေး ၂ က ဆေးပညာဘွဲ့ရပြီး ယောင် လည်လည်ဖြစ်နေချိန် ကျမ Thailand ကို စရောက်တယ်NGO အနေနဲ့ 
အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးမှာ လုပ်ခဲ့တယ် .. နောက်မှသာ ရရလာတဲ့ နိုင်ငံရေး အသိနဲ့ Political ဘက်ကို ဆက်တက်
ခဲ့တယ်

Thailand NGO မှာ လုပ်တုန်း ကျမတို့ သိရတာက --
Thailand SW (Sex Worker) 80% ဟာ မြန်မာ အမျိုးသမီးတွေပါ ... သူတို့ Development အတွက် Data Analysis လုပ်ဖို့ ကျမ က မြန်မာ ဆိုတော့ တာဝန်ယူရတယ် ... အားလုံးရဲ့အဖြေက တူတူပါပဲ

"For Poverty"
သူတို့ အလုပ်လုပ်ခ - တခါ ပျော်ခ ဘတ် ၅၀ ရပါတယ် ။ကျန်တာတွေကို Brothel Keeper တွေယူပါတယ်တဲ့။ ကျမ အံ့သြ
ခဲ့တယ် ... ၁၅၀၀ တည်းနဲ့ မိန်းကလေးတွေရဲ့ ဘဝ ပေးနေရတယ် ။ ဒါနဲ့ သောကြာသမီး မနေနိုင်တဲ့ သီရိ ရှည်မိတယ်
"ဟူး မြန်မာပြည်ပြန် အလုပ်လုပ်ရင်တောင် ဒီထပ်ရဦးမယ်" ။ဒါနဲ့ အဲ့ကောင်မလေး ပြန်ဖြေတယ်

"ဟိုမှာ ဘာအလုပ်မှ မရှိဘူးတဲ့" ။ "ဟိုမှာလည်း ဒီအလုပ်ပဲရှိတယ်" "ဟိုမှာတုန်းက အရိုက်လည်းခံရတယ်... မလုပ်နိုင်ဘူး
တဲ့" ။ ကျမ ဒီနေရာမှာ ပြောချင်တာက ။ဘယ် SW မှ ... တိတိကျကျ အားဖြင့် ၉၀% အထက် FSW တွေဘဝပါ...သူတို့ 
လူမျိုးပေါင်းစုံ ယောကျာ်းပျက်တွေရဲ့ အပျော်ပါး ခံနေရတယ်ဒါကို ကျော်ပြီး ကိုမျိုးချစ်တို့ အဘယ်ကြောင့် နှလုံးသား အလို
ဆန္ဒကို သွားတားဆီးတာလဲ ...ဟုတ်ပြီရှင့် .. မျိုးစောင့်ချင်သပ ဆို ကျမ ထောက်ပြမယ် ...

၁- မြန်မာ ဗုဒ္ဓဘာသာ SW တွေ လုပ်ချင်လို့ လုပ်နေတာ ခပ်ရှားရှားရယ်

၂- ဒါဆို ဘာလို့ သူတို့ လုပ်နေရလဲ

၃- "Poverty" ကြောင့်

၎- အဲ့ဒီ Poverty ဘယ်ကစလဲ

၅- စစ်အာဏာရှင် စနစ်ကြောင့် စိးပွားရေး ချွတ်ခြုံကျရတယ်

၆- ဒါကြောင့် ဒီလို Ecosystem တခုလို မြန်မာ အမျိုးသမီးတွေ ဘဝ အပျက်ခံနေရတယ်ကဲ မျိုးချစ်တွေ- အပျက်မတွေပါ -- 
ငယ်ငယ်တည်းက ခပ်ပျက်ပျက်ရယ်ပါ--- မျိုးနဲ့ရိုးနဲ့ ပျက်နေတာလေ--

ဒီလိုမျိုး ရှင်တို့နာနေတဲ့ လူတွေ ဘဝကို အလကားရတဲ့ စကားနဲ့ မနှိမ့်စက်ပါနဲ့ ...အမျိုးကို ချစ်ရင် အောက်ခြေကစ ကာ
ကွယ်ပါ... အပေါ်ယံခက် အာဏာရှင် စိတ်ကြိုက် မလုပ်ပါနဲ့ ။

ရှင်တို့ လုပ်နေတဲ့ ၉၆၉ အပေါ်ယံ အမျိုးစောင့်ခြင်းက အဲ့လို ဘဝတွေ ပိုများလာစေမယ်ဟိုတလောက သတင်းကြားတယ်
-- နိုင်ငံခြားသို့ အိမ်အကူ လွှတ်တယ်-- အဲ့ကလေးမတွေ ဘဝ ဟိုမှာ မတွေးဝံ့စရာပဲ ။ဒါလား အမျိုးစောင့်တာရှင့်--- ရှင်
တို့ အလကား ရတဲ့ ပါးစပ် အဲ့နေရာမှာ ဟကြလေရှင့်--- 

နောက် ၉၆၉ ဘုန်းဘုန်းတွေ ဟောတယ်နော်-- Youtubeမှာ ရှိနေပါတယ် --ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် --??အာဏာရှင်သာမဲပေးပါ...

(တနည်းဆိုသော် ခု အနိုင်ရပါတီက စစ်အစိုးရ လူဝတ်လဲထားတဲ့ ပါတီပါ) ။ဒါဆို ခု ပြောင်းလဲလာမလား ကျမတို့ ကြည့်ကြမယ်-

၁- အိမ်အကူ နိုင်ငံခြားကို တရားဝင်ပို့လာတယ်

၂- လယ်သိမ်း - ယာသိမ်း - မြေသိမ်း

"Poverty" ပိုဆိုးလာမယ်

၃- ဆက်လက်ပြီး ကျမ မတွေးဝံ့ဘူးရှင့် ။ ရှင်တို့သာ ဆက်တွေးကြည့်ပါ ။ ဒါကြောင့် ကျမ ပြောချင်တာက......
- တကယ်ပဲ မျိုးစောင့်နေတာလား

- အယောင်ဆောင်လား

အပျက်မတွေ - မပြောပါနဲ့သူတို့လေးတွေကယောက်ျားပျက်များ ကို ဟန်လုပ်ပျော်နေရသော သနားစရာ ဆင်းရဲခြင်းရဲ့ သားကောင်တွေပါ...

By Thiri Khine Min
လင်းရောင်ခြည် , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment