Pages

Monday, March 3, 2014

"မြန်မာ့ယဉ်ကျေးမှုမြို့တော် ဘယ်သူတွေဝါးမျိုသွားလဲ"


RangonNewsDaily: March . 3 .2014
ကျွန်တော်တို့ အညာသူအညာသား အထူးသဖြင့် မန္တလေး သူ၊သားတွေကို အခြားဒေသက
လူတွေက ဒေသစွဲ၊ ဇာတိစွဲကြီးတယ်လို့ပြောကြတယ်။ သူတို့ပြောမယ်ဆိုလည်း
ပြောလောက်စရာပါ ကျွန်တော်တို့ မန္တလေးသားတွေက အခြားဒေသကလူတွေမျက်စိဆံပင်မွေးစူးလောက်အောင်ကို ဒေသအပေါ် ချစ်စိတ်၊ စွဲလန်းစိတ်ကြီးလွန်းပါတယ်။ ဘာဖြစ်လို့ ဒီလောက် ဒေသစွဲ၊
ဇာတိစွဲကြီးရသလဲလို့မေးလာခဲ့ရင် စွဲစရာတွေ ချစ်စရာတွေလွမ်းစရာတွေရှိလို့ပေါ့လို့ပဲဖြေရမှာပဲ . .
မြန်မာပြည် နောက်ဆုံးဘုရင်မင်းဆက် အဆုံးသတ်ရာနောက်ဆုံးမင်းနေပြည်တော်မြို့၊ ယဉ်ကျေးမှုအမွေအနှစ်ထွန်းကားရာမြို့၊ထေရ၀ါဒ ဗုဒ္ဓသာသနာ နေလို လလိုထွန်းကားရာမြို့၊ သဘင်အနုပညာတွေထွန်းကားရာမြို့၊ နိုင်ငံရေး၊ လူမှုရေးစသဖြင့် ဘယ်ဘက်ကကြည့်ကြည့်
ဂုဏ်ယူစရာတွေနဲ့ ပြည့်နေတဲ့မြို့၊ ပဉ္စမသင်္ဂါယနာတင် ပိဋိကတ်သုံးပုံကျောက်စာရေးထိုးထားတဲ့ ကမ္ဘာအကြီးဆုံးစာအုပ်ကြီးတည်ရှိရာမြို့၊ မဟာမုနိရွှေကျီးမြင် ကျောက်တော်ကြီး ချမ်းသာကြီးစတဲ့ တန်ခိုးကြီးဘုရားတွေကြီးလေးကြီးနဲ့ခမ်းနားတဲ့မြို့ပါ။ 
::
ကျုံးပြသာဒ် မြို့ရိုးကြီးတွေ၊မန်းလေးတောင်၊ ဈေးချို၊ ဦးပိန်တံတား၊ စသဖြင့်သမိုင်းဝင်နေရာတွင်
ပြောလို့မကုန်နိုင်အောင် ချစ်စရာတွေ၊ လွမ်းစရာတွေ ပြည့်နှက်နေတဲ့ကျွန်တော်တို့ မန္တလေးမြို့ကို ကျွန်တော်တို့ ဒေသစွဲကြီးကြတာ ချစ်ကြတာမဆန်းဘူးလို့ထင်ပါတယ်။ 

မန္တလေးမြို့ကို မန္တလေးသားတွေ့ရဲ့အသွေးတွေအသားတွေနဲ့ တည်ဆောက်ထာတယ်လို့ ပြောမယ်ဆိုရင်တောင်လွန်မယ်မထင်ပါဘူး။
::
ကျွန်တော်တို့ မန္တလေးမြို့ကို မန်းလေးသားတွေမှချစ်ကြတာမဟုတ်ပါဘူးမြန်မာနိုင်ငံသားအားလုံးက ချစ်ကြ တန်းဖိုးထားကြပါတယ်။ ကုန်ကုန်ပြောရရင်မန်းလေးကို ရောက်ဖူးတဲ့ နိုင်ငံခြားသားတွေတောင် စွဲစွဲလန်းလန်းအမှတ်တရရှိကြတယ်။

ကျောင်းအတူတက်ဖူးတဲ့သူငယ်ချင်းတွေနဲ့စကားပြောဖြစ်တိုင်း မန္တလေးကို လွမ်းတဲ့အကြောင်း မြို့သူ၊ မြို့သားတွေကခင်ဖို့ကောင်းတယ်၊ ချစ်စရာကောင်းတယ် ဖော်ရွေတယ်လို့ အမြဲပြောကြတယ်။
::
မန္တလေးမြို့ဟာ ကမ္ဘာ့ဖော်ရွေမှုအရှိဆုံးမြို့များထဲက မြို့တစ်မြို့အဖြစ်ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်း (Conde Nest Traveller) နဲ့ CNNသတင်းဌာနတို့ကတောင် သတ်မှတ် ဖော်ပြခဲ့ကြပါတယ်။ ဒီအချက်တွေကြောင့်မန္တလေးသားတွေဟာလည်း ကိုယ့်မြို့အပေါ်မှာ ဂုဏ်ယူခဲ့
ဝင့်ကြွားခဲ့ကြတယ်လို့ထင်ပါတယ်။

ယနေ့အချိန်အခါမှာတော့ မန္တလေးတွေဟာ ကိုယ့်မြို့အပေါ်မှာ ဂုဏ်မယူနိုင်
မ၀င့်ကြွားနိုင်တော့ပါဘူး။ မန္တလေးမြို့ကို မန်းလေးသားတွေမပိုင်တော့ဘူးလို့ ခံစားသွားရပါပြီ။ သူစိမ်းတစ်ယောက်လိုဧည့်သည်တစ်ယောက်လိုခံစားသွားရပါပြီ။ 
::
အိမ်ရှင်ဖြစ်တဲ့ မန္တလေးသားတွေကမြို့ထဲမှာ မရှိတော့ပဲ မြို့ရဲ့အစွန်အဖျားတွေကို
ရောက်ကုန်ကြပါပြီ။ အိမ်ရှင်နေရာကို မြန်မာစကားမတက်တဲ့ အရှေ့တိုင်းဆီက
ပေါက်ဖော်တွေဝင်ရောက်နေရာယူသွားပါပြီ။ သေနက်တစ်ချက်မဖောက်
ကျည်တစ်တောင့်မကုန်လိုက်ရဘဲ ယွမ်ကျည်ဆံတွေနဲ့ သိမ်းပိုက်လိုက်တာ
မန္တလေးမြို့ကြီး ကျဆုံးအသိမ်းပိုက်ခံလိုက်ရပါပြီ

အဲဒီရဲ့ အစကတော့ စစ်အစိုးရတက်ပြီး မန္တလေးကို မြို့သစ်တည်ရာကစပါတယ်။ ရှမ်းပြည်နယ်လောက်မှာပဲ အခြေချနေထိုင်တဲ့တရုတ်တွေဟာ အဲဒီအခွင့်အရေးကိုအရယူပြီး မန္တလေးကို စဆင်းပြီးခြေကုတ်ယူလိုက်ပါတယ်။ 
::
အဲဒီနောက် မန္တလေး မြို့တော်ဝန်ရာထူးကို ၀န်ကြီးချုပ်ရုံးဝန်ကြီး ဦးလွန်းမောင်ကိုင်လိုက်တဲ့
အချိန်မှာတော့ မြို့လယ်က မီးရထားဝိုင်းကို ခေတ်မှီဈေးကြီးဆောင်မယ်ဆိုပြီးတရုတ်တွေလက်ထဲကို ၀ကွက်အပ်လိုက်ပါတော့တယ်။ 

မန္တလေးမြို့လယ်ခေါင်မှာ မြန်မာတွေပိုင်တဲ့ နေရာဆိုလို့နန်းတွင်းကြီးပဲရှိပါတော့တယ်။ ဒါတောင်စစ်
တပ်ကသိမ်းထားပြီးမရောင်းလို့ပါ။ ရောင်းရင်တရုတ်တွေက၀ယ်ဦးမှာပါ။

"အရင်က အရဟံ၊ နဘယံ အိမ်အ၀င်ဝတွေမှာရေးထိုးထားထားတဲ့အိမ်ခြံဝန်းတွေနေရာမှာ နီနီရဲရဲ
ဘူးသီကြော်ငါးပေါင်းတရုတ်စာလုံးတွေကပ်ထားတဲ့ တိုက်အမြင့်ကြီးတွေ စားထိုးဝင်ရောက်သွားပြီ။
::
ဘုရားစင်ကဒို့ဗုဒ္ဓမြတ်စွာဘုရားနေရာမှာ ကွမ်ယင်မယ်တော်တို့ဦးတီပွားတို့နေရာယူသွားကြ တာ
ကတော့ စိတ်မကောင်း ၀မ်းနည်းစရာပဲ။

မြန်မာပြည်ရဲ့ ယဉ်ကျေးမှုနောက်ဆုံးပင်မစခန်းကြီး အသိမ်းပိုက်ခံလိုက်ရတာကနေယဉ်ကျေးမှုခံတပ်ငယ်တွေဖြစ်တဲ့ အင်းဝ၊ တံတားဦး စတဲ့စခန်းတွေပါသူတို့ကသိမ်းပိုက်သွားလို့ အထက်မြန်
မာပြည်ကတော့တရုတ်လက်အောက်ခံဖြစ်သွားပါပြီ"ဟု ဆရာကြီး ဦးကိုလေး (အင်းဝဂုဏ်ရည်) ကပြောပါတယ်။

ကျော်ကြီး (MDY) ::--
မြန်မာပြည်သား , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment