Pages

Monday, March 3, 2014

အရောင်းဆိုင်ပါ တယ်လီနောရုံးချုပ်စဖွင့်


RangonNewsDaily: March . 3 .2014
တယ်လီနောမြန်မာ၏ ဝန်ဆောင်မှုနှင့် ထုတ်ကုန်များ ရယူဝယ်ယူနိုင်မည့် အရောင်းဆိုင်ပါသော စတုရန်းပေ ၈ သောင်း ကျယ်ဝန်းသည့် တယ်လီနောမြန်မာ ရုံးချုပ် Telenor House ကို ရန်ကုန်မြို့တော် စက်မှု ၁ လမ်း အမှတ် ၄၀ တွင် မတ်လ ၂ ရက်နေ့က စတင်ဖွင့်လှစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင် အရာရှိချုပ် Mr.Petter Furberg က ပြောကြားသည်။
အဆိုပါ Telenor House တွင် ဝန်ထမ်း ၆၀၀ အလုပ် လုပ်နိုင်မည် ဖြစ်ပြီး အခန်းကန့်ထားခြင်း မရှိသည့် ဒီဇိုင်း ဖန်တီးထားကာ ဝန်ထမ်းများအတွက် အပန်းဖြေရန် နေရာလည်း ပါဝင်ကြောင်း တယ်လီနော မြန်မာထံမှ သိရသည်။

ယင်းရုံးချုပ်တွင် Telenor Myanmar Academy နှင့် မြေညီထပ်တွင် တယ်လီနောမြန်မာ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ပါက ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဝယ်ယူနိုင်မည့် တယ်လီနော အရောင်းဆိုင်တစ်ဆိုင် ပါဝင်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
::
တယ်လီနောမြန်မာသည် ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်မှုများ စတင်ရန် ပြင်ဆင်နေပြီး စက်တင်ဘာလ မတိုင်မီ 2G နှင့် 3G မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်မည် ဖြစ်သည်။

The Voice ::--
kolatt(PBDN)
RangonNewsDaily




0 comments:

Post a Comment