Pages

Monday, March 3, 2014

မိတ္ထီလာ၊ မော်လ၀ီကျောင်းက အသတ်ဖြတ်ခံ ကျောင်းသားမိခင်တစ်ဦးရဲ့ ကြေကွဲမှု


RangonNewsDaily: March . 3 .2014
11,7,13 ဂျပန်တိုင်းမ် သတင်းစာ မှာ ဖော်ပြလိုက်တဲ့ သားတို့ ကျောင်း ကဖြစ်ပျက်ပုံ ကို ဖတ်လိုက်မိတော့၊ မွန်းတည့်နေဂျာနယ်
ကိုကြည့်လိုက်မိတော့ခံနိုင်ရည် ရှိလှပြီ လို့ ကိုယ့်ကို ကိုယ်သတ်မှတ် ထားတဲ့ မေကြီး လေတက်တက်စင် လွဲ ပြန်တယ်သားရယ်။
အဗူဘကရ် ၁၄ နစ် ရဲ့ပါးစောင်ကိုဝါးရင်းတုတ်နဲ့ထပ်ခါထပ်ခါ ရိုက်ခဲ့တာတဲ့သားရယ်။

သူတို့ ရက်စက်ကြတဲ့အမေ့သားရဲ့ပါးလေး ကိုအမေမြင်မိနေတယ်အမေသနပ်ခါးလိမ်းပေးခဲ့တဲ့ပါး

ပါးကွက်ကြီးကြီး ကြိုက်တဲ့သားကိုပါးကွက်ကြီးကြီး ကွက်ပေးခဲ့တဲ့အမေ့သားရဲ့ပါး။

အမေကြီး နမ်းလို့ မဝသေးတဲ့ ပါး


သနပ်ခါးလိမ်းပြီးလို့ အမေနမ်းရင်သားကိုနမ်းတာလားသနပ်ခါးကိုလားလို့ စကားကြွယ်ကြွယ်မေးတပ်တဲ့အမေ့သားရဲ့ပါး
ကိုမှ ရက်စက်လိုက်ကြတာ။ 

သားကငယ်လွန်းသေးတာကို လုပ်ရက်ကြတယ်။ခံနိုင်ရည် အတွက် မေကြီးကြိုးစားပါမယ်သားရယ်။

သားပြောခဲ့သလို,,,,သားအကုန်အဆင်ပြေတယ် မေကြီးမငိုနဲ့ဆိုတဲ့ စကားအတိုင်း သားကအဆင်ပြေပေမယ့် မေကြီးကတော့

အဆင်ပြေဖို့ ကြိုးစား နေရတုန်းပါကွယ်။

မှတ်ချက် ။ မိတ္တိလာမြို့တွင် ၉၆၉ ဗုဒ္ဒဘာသာအကြမ်းဖက်သမားများက အစ္စလာမ်ဘာသာဝင် ကလေးငယ်များရဲ့ မဒရ်စာ(စာ
သင်ကျောင်း) မီးရှို့ခံရပြီး ကျောင်းသားငယ်လေးများ အသတ်ခံရမှုဖြစ်စဉ်တွင် ရှဟီးဒ်ဖြစ် အသတ်ခံခဲ့ရတဲ့ အဗူဘကရ် ၁၄ နစ်ရဲ့
မီခင်ရဲ့ ၀မ်းနည်းကြေကွဲရမှုဖြစ်ပါတယ်။

ငြိမ်းချမ်းမှုကိုလိုလားသူတိုင်း ဘာသာရေးအကြမ်းဖက်ဖြစ်စဉ်များကို မိမိတို့တတ်နိုင်တဲ့ဘက်ကရပ်တည် တားဆီးပေးကြရင်း
ငြိမ်းချမ်းတဲ့ မြန်မာပြည်ကို ဘာသာပေါင်းစုံချစ်ကြည့်ရင်းနှီးစွာ အတူတကွယှဉ်တွဲနေထိုင်ကြပါစို့ ..........

credit to: Bilkis Lal
kolatt(PBDN)

RangonNewsDaily

0 comments:

Post a Comment