Pages

Monday, March 3, 2014

ဘင်းမ်စတပ်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး နေပြည်တော်တွင်ကျင်းပလျှက်ရှိ

RangonNewsDaily: March . 3 .2014
၁၆ကြိမ်မြောက် ဘင်းမ်စတပ်အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီမှ စတင်၍ 
နေပြည်တော် ရွိုင်ရယ်ကုမုဒြာဟိုတယ်တွင် ကျင်းပလျှက်ရှိသည်။အဆိုပါအစည်းအဝေးသို့ မြန်မာ၊ထိုင်း၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊သီရိလင်္ကာ၊ဘူလ်တန်နှင့် နီပေါနိုင်ငံတို့မှ အရာရှိများတက်ရောက်လာကြခြင်းဖြစ်သည်။ အစည်းအဝေးတွင် ဘင်းမ်စတက်နိုင်ငံများအကြား သတ်မှတ်ထားသည့် ပူးပေါင်းလုပ်ဆောင်မည့် ကဏ္ဍကြီး (၁၄)ခုအား ပြန်လည်သုံးသပ်ဆွေးနွေးကြမည်ဟုလည်း သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ၏ ထုတ်ပြန်ထားချက်အ
ရသိရသည်။
မတ်လ(၃)ရက်နေ့ နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် ကျင်းပမည်ဖြစ်သည့်
၁၄ကြိမ်မြောက်ဘင်းမ်စတက်ဝန်ကြီးအဆင့်အစည်းအဝေးနှင့် တတိယအကြိမ်မြောက် ဘင်းမ်စတပ် ထိပ်သီးအစည်းအဝေး
တို့အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးနေကြခြင်းလည်း ဖြစ်သည်။

ထို့ပြင်ယနေ့ကျင်းပနေဆဲ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် ဘင်းမ်စတပ်အဖွဲ့ဝင်နိုင်ငံများအကြား
ပထမဆုံးသော အထွေထွေအတွင်းရေးမှူးကို ရွေးချယ်မည်ဖြစ်ပြီး ငွေကြေးနှင့်လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
အတွက်ဆွေးနွေးသွားကြမည်ဟုလည်းသိရသည်။

ဘင်းမ်စတက်ဆိုသည်မှာ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့် များစွာသောစက်မှုလက်မှုကဏ္ဍများ အတွက်
ပူးပေါင်းဆောင်ရွက်မှုပဏမခြေလှမ်းအဖြစ် ဘင်္ဂလားပင်လယ်နှင့်ထိစပ်လျှက်ရှိနေသည့် မြန်မာအပါအ၀င်
် နိုင်ငံပေါင်း (၆)နိုင်ငံတို့ကြား ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတရပ်ဖြစ်သည်။

Popular Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment