Pages

Monday, March 3, 2014

ဧရာဝတီနှင့် ချင်းတွင်းမြစ် ရေထု ညစ်ညမ်းမှု အန္တရာယ်ရှိ အဆင့်သို့ရောက်


RangonNewsDaily: March . 3 .2014
မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးများတွင် အပါအဝင် ဖြစ်သော ဧရာဝတီနှင့် ချင်းတွင်း မြစ်ကြောင်း တစ်လျှောက်တွင် ရွှေတူးဖော်သည့် လုပ်ငန်းများနှင့် စက်ရုံများကြောင့် ရေထုညစ်ညမ်းမှု အခြေအနေမှာ အန္တရာယ်ရှိ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရေသုတေ
န ဆိုင်ရာ လေ့လာရေး ပညာရှင်များက ပြောကြားသည်။

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် မြို့ကြီးများရှိ ရေအရည်အသွေး တိုင်းတာသည့် စခန်း ၇၄ ခုမှ ရေနမူနာများကို စစ်ဆေးရာ ရေထုအတွင်း နိုက်ထရိတ်ဓာတ်နှင့် အခြားသော ဓာတ်အချို့ ပါဝင်မှု မြင့်ကာ ရေအရည်အသွေး ကျဆင်းပြီး လူနှင့် ငါး သယံဇာတများအတွက်အန္တရာယ် ရှိနိုင်ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ရေအရည်အသွေး
 ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု လေ့လာခြင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ မြစ်ချောင်းများ အတွင်း ရေဆိုးများ စည်းကမ်းမဲ့ စွန့်ထုတ် နေခြင်းကြောင့် ရေထု ညစ်ညမ်းနေခြင်းကို လျှော့ချနိုင်ရန် အ

တွက် စက်ရုံ အလုပ်ရုံများကို ကြပ်မတ် စစ်ဆေးကာ စနစ်တကျ ဆောင်ရွက်ခြင်း မရှိသည့် စက်ရုံများကို ပတ်ဝန်းကျင် ထိန်းသိမ်း
ရေး ဥပဒေပါ အချက်အလက်များ အတိုင်း အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြား
ရေးမှူးချုပ် ဦးနေအေးက ပြောကြားသည်။

ရွှေတူးဖော်ရေး လုပ်ငန်းများမှ ဓာတုပစ္စည်း အဆိပ်သင့်မှု များနှင့် စက်ရုံများမှ ထွက်ရှိသည့် စွန့်ပစ် ရေဆိုးများကြောင့် ဧရာဝတီမြစ် တစ်လျှောက် ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်နေရာ ဒေသခံများ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည့် အတွက် သုံးစွဲရန် မသင့်လျော်

တော့ကြောင်း စိမ်းရောင်စိုအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက သုံးသပ် ပြောဆိုသည်။

The voice  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment