Pages

Saturday, February 22, 2014

အနုပညာကြေးတွေထဲက ရရှိတဲ့ငွေတွေကို လိုအပ်တဲ့ ပရဟိတဂေဟာတွေကို လှူဒါန်းသွားမယ်လို့ ဆိုတဲ့ သရုပ်ဆောင်ဂျူဂျူးကေ

RangonNewsDaily: February . 22 .2014
ထာဝရမန္တလေးဇာတ်ကားနဲ့ ပရိသတ်တွေရဲ့အားပေးမှုပိုမိုရရှိလာသော မော်ဒယ်လ်၊ သရုပ်ဆောင်ဂျူဂျူးကေကို လတ်တလောအနုပညာလှုပ်ရှားမှုနဲ့အတူ သူမရဲ့ပရဟိတလုပ်ငန်းအကြောင်း မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ညီမလတ်တလောမှာတော့ တယောပွဲတွေ ဖျော်ဖြေပေးဖို့ရှိပါတယ်။
ပြီးတော့ ဗီဒီယိုဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေပါတယ်။ Pure Donor အဖွဲ့ဖွဲ့ပြီး ပရဟိတလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်ဖြစ်နေပါတယ်။ ညီမအနေနဲ့ ထာဝရမန္တလေးဇာတ်လမ်းတွဲအပြင် ကံကံဧ။် အကျိုးဆိုတဲ့ ပညာပေးဇာတ်လမ်းလေးလည်း ရိုက်ကူးထားပါတယ်။

ဒီပညာပေးဇာတ်လမ်းလေးကတော့ တစ်ပိုင်းချင်းစီ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလ ၂၆ရက်နေ့မှာ သရုပ်ဆောင်ထိုက်တန်နဲ့အတူ လားရှိုးမှာ စုံထောက်ဆန်ဆန် ဗီဒီယိုဇာတ်ကားတစ်ကား ရိုက်ကူးသွားဖို့ရှိပါတယ်။ 

ပရဟိတလုပ်ငန်းတွေအနေနဲ့ မွေးနေ့အလှူအဖြစ် သွေးလှူဒါန်းခဲ့သလို သူငယ်ချင်းတွေနဲ့စုပြီး ဆောင်ရွက်နေတဲ့ Pure Donor အဖွဲ့နှင့်အတူ ပရဟိတ လုပ်ငန်းတွေကို တစ်ပိုင်တစ်နိုင်ဆောင်ရွက် ဖြစ်နေပါတယ်။ ဖေဖော်ဝါရီ ၂၁ရက်နေ့ Pure Donor အဖွဲ့နဲ့ပဲ အင်းစိန်ဆေးရုံမှာ အောက်စီဂျင်စက်လှူခဲ့ပါတယ်။ 

ညီမအနေနဲ့လည်း ပရဟိတလုပ်ငန်းတွေကို အရင်ကတည်းကလုပ်ဖို့ အစီအစဉ်ရှိခဲ့တာပါ။ ဒါ့အပြင် ညီမရရှိထားတဲ့ အနုပညာကြေးတွေထဲက ရရှိတဲ့ငွေတွေကို ၁၀ပုံ၁ပုံပုံပြီး တစ်လတစ်ကြိမ်စုထားတဲ့ ငွေတွေကို လိုအပ်တဲ့ ပရဟိတဂေဟာတွေကို လှူဒါန်းသွားမှာပါလို့ ဆိုပါတယ်။

စန္ဒီ
Trend Myanmar , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment