Pages

Saturday, February 22, 2014

စိတ်ကျန်းမာရေး ဆေးရုံတက်ရောက်ကုသသူ ယခင်နှစ်ထက် ပိုမြင့်တက်လာ

RangonNewsDaily: February . 22 .2014
ရွာသာကြီး စိတ်ကျန်းမာရေးဆေး ရုံသို့ အတွင်းလူနာအဖြစ် လာရောက် ပြသမှုနှုန်းမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါ က ရာဂဏန်း အထိမြင့်တက်လာကြောင်း သိရသည်။ယခုလ ၁၄ ရက်နေ့စာရင်းအရ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံတွင် အတွင်းလူနာအဖြစ် လာရောက်ပြသ ထားသူဦးရေ ၁၂၇၄ ယောက် ရှိသည် ဟု အဆိုပါဆေးရုံ ၏ စာရင်းများမှ သိ ရသည်။”လူနာဦးရေက တရိပ်ရိပ် မြင့်လာ တယ်။ အရင်နှစ်ကထက် တစ်ရာလောက် ထိ တိုးလာတယ်” ဟု အဆိုပါဆေးရုံမှ တာဝန်ရှိသူနာပြုဆရာမတစ်ဦးက ဆို သည်။
ရွာသာကြီး စိတ်ကျန်းမာရေးဆေး ရုံသို့ လာရောက် ပြသသော လူနာများ အနေဖြင့် အခန်းခနှင့်စားသောက်စရိတ် ပေး၍ နေထိုင်သူများရှိသကဲ့သို့ အခန်းခ မပေးနိုင်သူ များအားလည်း လက်ခံထား ရှိကာ အလှူရှင်များ လှူဒါန်းမှုဖြင့် ကျွေး မွေးထားရှိမှုများလည်းရှိကြောင်း သိရ သည်။

”အခန်းခက တစ်နေ့ ငါးရာရှိ တယ်။ တစ်ထောင်တန်ရှိတယ်။ မပေး နိုင်ရင်လည်း မပေးဘဲနေလို့ရတဲ့ အခန်း ရှိတယ်။ စားတာကလည်း တတ်နိုင်လို့ ကိုယ့်စရိတ်နဲ့ ကိုယ်စားတာ ရှိတယ်။ အ လှူရှင်ဆီကပဲ စားတာရှိတယ်။ အလှူရှင် တွေကလည်း မပြတ်ပါဘူး။ အမြဲ ကြက် သား၊ ဝက်သားပါပဲ” ဟု အဆိုပါဆေးရုံမှ လုံခြုံရေးဝန်ထမ်းတစ် ဦးက ဆေးရုံ၏ အခြေအနေကို ပြောသည်။

ရွာသာကြီး စိတ်ကျန်းမာရေးဆေး ရုံသို့ လာရောက်ပြသသူများမှာ စိတ်ကျ ရောဂါ ခံစားနေရသူများ၊ မျိုးရိုးကြောင့် စိတ်ရောဂါ ဖြစ်ပွားသူများ၊ ယာမ (စိတ် ကြွဆေး) သုံးစွဲ၍ စိတ်ရောဂါဝေဒနာ ဖြစ်ပွားသူများ၊ အရက်အလွန်အကျွံသုံး စွဲ၍ စိတ်ရောဂါ ဖြစ်ပွားသူများရှိသည့် အပြင် စိတ်ပုံမှန်ရှိသော်လည်း မူးယစ် ဆေးစွဲလူနာများ မူးယစ်ေ ဆးဖြတ်လို ခြင်း အတွက် အတွင်းလူနာအဖြစ် လာ ရောက်ထားရှိမှုများလည်းရှိကြောင်း သိ ရသည်။ ယင်းဆေးရုံတွင် မူးယစ်ဆေး လာရောက်ဖြတ်သူများမှာ ပုံမှန်အားဖြင့် ၃ဝ ခန့်ရှိကြောင်း မူးယစ်ဆေးဖြတ်ဌာန မှ တာဝန်ကျ ဆရာဝန်က ပြောသည်။

စိတ်ရောဂါဆိုသည်မှာ လူဆယ်ဦး တွင် တစ်ဦး တစ်သက်လျှင် တစ်ခါဖြစ် တတ်သောရောဂါဖြစ်သည်။ မြန်မာ နိုင်ငံတွင် ရန်ကုန်မြို့ရွာသာကြီး စိတ် ကျန်းမာရေးဆေးရုံ အပြင် တောင်ကြီး၊ လားရှိုးနှင့် မန္တလေးမြို့များ ရှိ ဆေးရုံကြီး များ၌လည်း စိတ်ကျန်းမာရေးစမ်းသပ် ကုသခန်းများ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

Popular Myanmar  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment