Pages

Saturday, February 22, 2014

တက္ကသိုလ်ဝင် စာမေးပွဲဝင်ခွင့် ကတ်ပြား ထုတ်ယူ ခွင့် နှင့်ပတ်သက်၍ ကြေငြာချက်ထုတ်ပြန်

RangonNewsDaily: February . 22 .2014
တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၁၄ ခုနှစ် မတ် ၁၂ ရက်မှ ၂၂ ရက်အထိကျင်းပမည်ဖြစ်သည်။
တစ်ပြည်လုံးရှိ နယ်စာစစ်ဌာန အသီးသီး တွင် ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူ များအနေဖြင့် မိမိတို့၏ ဓာတ်ပုံကပ်ထားသော ခုံအမှတ်စဉ်ပါသည့် စာမေးပွဲဝင်ခွင့် ကတ်ပြားများကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် (တနင်္လာနေ့) မှစ၍လည်းကောင်း၊ ရန်ကုန်မြို့မ စည်ပင်သာယာ နယ်နိမိတ်အတွင်း မှ ကျောင်းသား ကျောင်းသူများ အနေဖြင့် မိမိတို့၏ စာမေးပွဲ ဝင်ခွင့်ကတ်ပြားများကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် (ဗုဒ္ဓဟူးနေ့) မှစ၍လည်းကောင်း စာမေးပွဲရက် မတိုင်မီ ထုတ်ယူကြရန်ဖြစ်ကြောင်း။
အခြေခံပညာ အထက်တန်းကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ အနေဖြင့် မိမိတို့၏ စာမေးပွဲဝင်ခွင့် ကတ်ပြားများကို မိမိတို့ ကျောင်းအုပ်ကြီးများ ထံမှ လည်းကောင်း၊

ပြင်ပမှ ဖြေဆိုသူများအနေဖြင့် စာမေးပွဲဝင်ခွင့် ကတ်ပြားများ ကို မိမိတို့ဖြေဆိုကြမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများ ထံမှလည်းကောင်း အသီးသီး ထုတ်ယူနိုင်ကြကြောင်း။

ကျောင်းသား ကျောင်းသူများ အနေဖြင့် စာမေးပွဲ ဝင်ခွင့်ကတ်ပြား (Identity Card) များထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများနှင့် မြို့နယ်ပညာရေးမှူးများထံ တိုက်ရိုက် စုံစမ်းမေးမြန်း နိုင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သတင်းရရှိသည်။

MOI Webportal  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment