Pages

Saturday, February 22, 2014

" မြန်မာဇာတ်လမ်းတွဲ၊ ဖန်တီးမှုအနုပညာနှင့် ဈေးကွက် အနေအထားအကြောင်း ဒါရိုက်တာ မောင်သီနှင့်တွေ့ဆုံခြင်း "

RangonNewsDaily: February . 22 .2014
ဒါရိုက်တာအနေနဲ့ အနုပညာလောကမှာရပ် တည်ပြီး အောင်မြင်မှုမှတ်တိုင်တစ်ခုကို တည်ထောင်နိုင်ခဲ့
သူကတော့ မောင်သီပဲဖြစ်ပါတယ်။ လူရွှင် တော်အသင်းမှာလည်း နာ ယကတစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်ပေးသလို၊ Happy Beach ဇာတ်လမ်းတွဲကို ဖန်တီးထားတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။
ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး မောင် သီကို မေးကြည့်ဖြစ်တာကတော့..

မေး- မြန်မာဇာတ်လမ်းတွဲကို ကိုရီးယားဇာတ်လမ်းနဲ့ အပြိုင်ထုတ်လွှင့်တဲ့အခါမှာ မြန်မာ ဇာတ်လမ်းတွဲ ကြိုက်နှစ်သက်တာတွေ့ရတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးမှုမှာ အဓိ က အရေးကြီးဆုံးအချက်က ဘာလဲ။

ဖြေ – တီဗီဇာတ်လမ်းတွဲမှာ ဇာတ်လမ်းဘယ်လောက် ကောင်းကောင်း၊ မင်းသား၊ မင်းသမီးဘယ်လောက် ချောချောအရုပ်၊ အသံအရည်အသွေးမမီဘူးဆိုရင် မကြိုက်ကြ ဘူး။ အားလုံးကောင်းပြီးပြသတဲ့ စနစ်မမှန်ကန်ဘူး။

လူတွေကြည့်တဲ့အချိန်မှာ ပြသတာမဟုတ်ဘူးဆိုရင်လည်း မအောင်မြင်ဘူး။ ညခုနစ်နာရီနဲ့ ကိုးနာရီအတွင်းဆို လူ တိုင်းတီဗီရှေ့ရောက် ကြတယ်။ မိသားစုတွေ အပန်းဖြေကြတယ်။ ညဆယ်နာရီ မနက်ဆယ်နာရီမှာပြရင် လူတွေ ကစားဝတ်နေရေးအတွက်လည်း လုပ်ရသေး တယ်လေ။

ဗီဒီယိုလို ကြည့်ချင်တဲ့အချိန်အခွေထည့်ပြီး ကြည့်လို့ရတာ မဟုတ်တဲ့အခါကျတော့ ပြသချိန်လည်း အရေးကြီးတယ်။

မေး – ဇာတ်လမ်းတွဲရိုက်ကူးတဲ့အခါမှာ များသောအားဖြင့် ကြုံ တွေ့ရတဲ့အခက်အခဲကဘာလဲ။

ဖြေ- ရိုက်ကူးရေးဘက်မှာလည်း နည်းစနစ်တွေသိထားဖို့အရေးကြီးတယ်။ ဒီနေ့ပြတဲ့အခန်းရဲ့အဆုံးသတ်မှာ မနက်ဖြန် ပရိသတ် တွေ ပိုပြီးကြည့်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်ရမယ်။ အဲဒီလိုဆွဲဆောင်နိုင်ဖို့စဉ်းစားပြီးဥာဏ်သုံးရတယ်။ အရေးကြီးတယ်။

မေး- ဇာတ်လမ်းတွဲတွေ ရိုက်ကူးမှုများလာခဲ့ရင် ဗီဒီယို ဈေးကွက်ပျက်သွားနိုင်တယ်လို့ ပြောကြတဲ့အပေါ်သုံး
သပ်ပေးပါ။

ဖြေ- ဒါက အမြင်မကျယ်ဘူးလို့ပဲ ပြောရမယ်။ ဒီလိုပဲ ဗီဒီယိုစပေါ်တုန်းက ရုပ်ရှင်သမားတွေက ဝိုင်းပြောကြ
တယ်။ ဘာဖြစ်တယ်။ ညာဖြစ်တယ်။ ဒါရုပ်ရှင်လောကကို ဖျက် စီးတယ်ပြောကြတယ်။ အခုလည်း ထိုနည်း
လည်းကောင်းပါပဲ။ တီဗီဇာတ်လမ်းတွဲတွေ စပေါ်လာတော့ ဗီဒီယိုသမား ရုပ်ရှင်သမားတွေဝိုင်းပြော
ကြတယ်။

ဒါဗီဒီယို၊ ရုပ် ရှင်တွေကို ထိခိုက်နိုင်တယ်။ အခုလက်ရှိအချိန်မှာ အားလုံးနားလည်သွားပြီ။ သြော်ဒါ ငါတို့အ
တွက် နောက်ထပ်လုပ်ငန်းခွင်တစ်ခုဆိုတာ သဘောပေါက်လာ ကြပြီ။ အားလုံးလည်းဝင်ရိုက်လာ ကြပြီ။လူတွေရဲ့အတ္တစွဲနဲ့အမြင် မကျယ်မှုကြောင့် စွပ်စွဲတဲ့စကားကတော့ ထုံးစံအတိုင်းပါ။

မေး- မြန်မာဇာတ်လမ်းတွဲတွေ အရှေ့တောင်အာရှအထိ ထိုးဖောက်ဖို့ဖြစ်လာနိုင်မယ်လို့ ယုံကြည်ပါ
သလား။

ဖြေ- စီမံကိန်းချပြီး စနစ်တကျလုပ်သွားမှရမယ်။ ဗီဒီယိုလိုပေါ့။ ပွဲပြီးမီးသေဖြစ်သွားရင်တော့ မဖြစ်ဘူး။ ငါတို့
တဖြည်း ဖြည်းနဲ့ အရည်အသွေးတွေကို မြင့်တင်သွားမယ်။ တစ်ကားထက်တစ်ကားတစ်တွဲထက်တစ် တွဲ
ပိုကောင်းအောင် ပိုပြီးတော့ အတတ်ပညာနည်းပညာ အနုပညာတွေ ပိုကောင်းအောင် ပိုမြောက်အောင် ဘာတွေလုပ်မလဲ။

 ရုပ်သံကွာလတီတွေ ပိုကောင်းအောင် နိုင်ငံတကာအဆင့်မီအောင် ဘယ်လိုသွားမလဲဆိုတဲ့ စနစ်တွေရှိမှ
လည်း မြန်မာကနေ အရှေ့တောင်အာရှအဆင့်၊ အရှေ့တောင် အာရှ ကနေ အာရှအဆင့်ပြီးမှ ကမ္ဘာအ
ဆင့် ဒီလိုတစ်ဆင့်ချင်း တက်မှရမယ်။ ဝုန်းဒိုင်းသွားလုပ်လို့ တော့မရဘူး။ ခုန်ထက်သွားဖို့လည်း မလွယ်ဘူး။

မေး- အခုမြန်မာဈေးကွက်မှာ ကိုရီးယာ ဇာတ်လမ်းတွဲတွေ သာမကအခြားနိုင်ငံက ဇာတ်လမ်းတွဲတွေပါများများလာ တာတွေ့ရတယ်။မြန်မာဇာတ်လမ်း တွဲတွေ ကိုကော အခွေအဖြစ် ဖြန့်ဖို့ ဖြစ်လာနိုင်မှာလား။

ဖြေ- ဖန်တီးမှု(စရီအက်ရှင်)လည်းမတူဘူး။ကိုရီးယားနိုင်ငံကဇတ်လမ်းတွဲ၊ နိုင်ငံတကာက
ဇာတ်လမ်းတွဲတွေ က မြန်မာနိုင်ငံ ကယူပြီးပြ တာက ဈေးသက် သာ တယ်။ မြန်မာ တီဗီဇာတ်လမ်းတွဲတွေ ရိုက်ရတာ ကုန်ကျစရိတ်တအားများတယ်။

လူပင်ပန်းတာရော၊ အနုပညာအားထုတ်တာရော၊ ကုန်ကျစရိတ်ရော တအားများ တယ်။ ကိုရီးယားက နာမ
ည်ကြီးတစ်ခုယူပြတာ ဈေးသက်သာတယ်။ ဒါပေမဲ့ ဘာကြောင့်မြန်မာဇာတ် လမ်းတွဲ ရိုက်ရသလဲဆိုတော့ ကိုယ့်မြန်မာတွေလည်း ဒီလို ရိုက်နိုင်တယ်။

ကိုယ့်ပြည်တွင်းမှာလည်း ဒီလိုလုပ်ပြနိုင်တယ်ဆိုတဲ့ အရည်အချင်းရှိတယ်ဆိုတာပြချင်လို့ အားလုံးစွန့်စားပြီး လုပ်ကြတယ်။ ပိုင်ဆိုင်မှုအနေနဲ့ ပြောရရင် ကိုရီးယား ကားကိုယူပြတဲ့အခါမှာ အဲဒီကားကို ကိုယ်မပိုင်ဘူး။

အခုက ဒီမြန်မာဇာတ်လမ်းတွဲကားတွေက ကိုယ်ပိုင်ကားလေ။ ဥပမာ Happy Beach ဇာတ်လမ်းတွဲဆိုရင် MRTV-4 Channel -7 ကပိုင်တယ်။ တစ်နေ့ တစ်ချိန်ကျရင် မြန်မာရုပ်သံဇာတ် လမ်းတွဲတွေ နိုင်ငံတကာက စိတ်ဝင်စားပြီးဝယ်ကြမယ်ဆိုရင် အကျိုးအမြတ်လည်းရတယ်။ ဒီရည် ရွယ်ချက်လည်းရှိတယ်။

မေး-ဒါရိုက်တာမောင်သီ အနေနဲ့ နောက်ထပ်ဇာတ်လမ်းတွဲထပ်ရိုက်ကူးမှု စီစဉ်နေပြီလား။

ဖြေ- Happy Beach ဒုတိယတွဲကို မတ်လ ၂ရက်နေ့ ငွေဆောင်မှာ ရိုက်မယ်။ လောလောဆယ် သရုပ်ဆောင်အကြီးတန်း တွေလျာထားတာ။ ဇာတ်ညွှန်း မပြီးသေးတဲ့အတွက် မပြောနိုင်သေးဘူး။

Popular Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment