Pages

Saturday, February 22, 2014

နိုင်ငံတော်သမ္မတရုံး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် သာမန်အသုံးစရိတ် ကျပ်တစ်သောင်းငါးထောင်ကျော် သုံးစွဲနိုင်ရန် အဆိုပြု

RangonNewsDaily: February . 22 .2014
နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၄-၂၀ ၁၅ ဘဏ္ဍာနှစ် သာမန်အသုံးစရိတ် အတွက် ငွေကျပ် သန်းတစ်သောင်းငါး ထောင်ကျော် အဆိုပြု
ထားရာ ယခင်နှစ်ထပ် သန်းသုံးထောင်ကျော်ပိုလာသည်။ယင်းကဲ့သို့ ဖြစ်ရခြင်းသည် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ သမ္မတ
ရုံး ဝန်ကြီးများ၊ဒုတိယဝန်ကြီးများ၏လစာစရိတ်များကိုသတ်မှတ်ချက်အတိုင်း ယခုဘဏ္ဍာနှစ်မှစ၍ တိုးမြှင့် ခံစားခြင်းနှင့် ငြိမ်းချမ်းရေး
လုပ်ငန်းအတွက် သီးသန့်အသုံးစရိတ်ကျပ်သန်း (၄၀၀၀) ထည့်‌သွင်းလျာထားခြင်းကြောင့်ဟု ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီ
ဖွံဖြိုးတိုးတက်မှု စီစစ်ရေးကော်မတီဥက္ကဌဦးအောင် သိန်းလင်းက ဖေဖော်ဝါရီ (၂၁)ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွ
င် တင်ပြသည်။
စိစစ်တွေ့ရှိချက်အနေဖြင့် သာမန်အသုံးစရိတ်နင့်ပတ်သက်၍ (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ်တွင် ကျပ် (၁၁၅၃၃ ဒသမ ၀၁၄) သန်း သုံးစွဲခဲ့ပြီး (၂၀၁၄-၂၀၁၅)ဘဏ္ဍာရေးနှစ်အတွက် ကျပ် (၁၅၃၀၃ ဒသမ ၇၉၆) သန်း အဆိုပြုထားသည့်အတွက် ကျပ် (၃၇၅၀ ဒသမ
 ၇၅၅) ကျပ်သန်း ပိုလာကြောင်း 

သာမန်အသုံးစရိတ်အား ဖြတ်တောက်ခြင်းမပြုဘဲ တင်ပြထားသည့်အတိုင်း ခွင့်ပြုသင့်ကြောင်း တွေ့ရှိရပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတ
က်ရေးအတွက် အဓိကလိုအပ်ချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဖြစ်သည့်အတွက် ပြည်
တွင်းငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံများ၏ ငွေကြေး အကူအညီတစ်ခုတည်းကိုသာ အားကိုးဆောင်ရွက်ခြင်းမပြုသင့်ဘဲ နိုင်ငံတော်ဘတ်ဂျက်မှလည်း ကျခံသုံးစွဲသင့်သည်ဟု ၎င်းကဆိုသည်။

Popular Myanmar , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment