Pages

Saturday, February 22, 2014

ဘားအံမြို့လယ်ကောင် နာရီစင်အနီးတွင် ကျောက်တင်ကား တိမ်းမှောက်

RangonNewsDaily: February . 21 .2014
ကရင်ပြည်နယ် ဘားအံမြို့ ဗိုလ်ချုပ်လမ်းမကြီး နာရီစင်အနီးတွင် တန်လေးထောင် ဘိလပ်မြေစက်ရုံသို့ ဂေါဒန်တင်ပို့နေသော တန်ပိုတင် ကျောက်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၂ နာရီခွဲက ဖြစ်ပွားခဲ့သည်။
အမှုဖြစ်စဉ်မှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ဘက်မှ ဘားအံတန်လေးထောင် ဘိလပ်မြေစက်ရုံသို့ ဂေါဒန်ကျောက်များ သယ်ယူပို့ဆောင်ရေး ဆောင်ရွက်လျက်ရှိသော ယာဉ်အမှတ် ၉ခ/---- နီဆန်း ယူဒီ ၁၀ ဘီး ကျောက်တင်ယာဉ်သည် ဘားအံမြို့လယ်ကောင် နာရီစင်အနီးတွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့ရာ နာရီစင်အနီးညအိပ်ရပ်နားထားသော မော်တော်ယာဉ်နှစ်စီးကို ကျောက်တုံးကြီးများ လွင့်စဉ် ထိမှန်ပိပြားခဲ့ပြီး 

ညအိပ်ယာဉ်ငယ် ၉င/--- GAIA ပေါ်တွင် အိပ်စက်နေသော ကော့ကရိတ်မြို့နယ် သင်္ဃန်းညီနောင်နေ ကိုကျော်မှာ ညာခြေကျင်းဝတ် ကျိုးကြေဒဏ်ရာနှင့် YGN 5E-...... GAIA အမျိုးအစား (ဆလွန်း) ယာဉ်ပေါ်အိပ်စက်နေသော ကိုယ်ဝန်ခုနစ်လရှိ မခိုင်မာဝင်းမှာ ကျောက်တုံးထိမှန် ဒဏ်ရာရရှိခဲ့ကာ ဘားအံပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ကျောက်သယ်ကား ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီးအမှုကို ဘားအံမြို့မရဲစခန်းက အမှုဖွင့်ကာ ယာဉ်မောင်းကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI , kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment