Pages

Saturday, February 22, 2014

မန္တလေးအာဇာနည် ၁၇ ဦး ကျဆုံးခဲ့သော ၁၃၀၀ ပြည့်အရေးတော်ပုံ (၇၅) နှစ်မြောက် အခမ်းအနားသို့ ဒေသအသီးသီးမှ နိုင်ငံရေးအင်အားစု အဖွဲ့ပေါင်း ၄၀ ခန့် တက်ရောက် ဂါရ၀ပြု

RangonNewsDaily: February . 22 .2014
ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျင်းပသော မန္တလေးအာဇာနည် ၁၇ ဦး ကျဆုံးခဲ့သော ၁၃၀၀ ပြည့်အရေးတော်ပုံ (၇၅) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ သတင်းစာ ဆရာကြီး ဦးဝင်းတင်အပါအ၀င် ဒေသအသီး သီးမှ နိုင်ငံရေး အင်းအားစုအဖွဲ့ပေါင်း ၄၀ ခန့်တက်ရောက် ဂါရ၀ပြုခဲ့ကြောင်း သိရသည်။
၁၃၀၀ ပြည့်အရေးတော်ပုံ မန္တလေးအာ ဇာနည် ၁၇ ဦး (၇၅) နှစ်မြောက် အထိမ်း အမှတ်အဖြစ် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ပိုင်းက အိမ်တော်ရာဘုရားရင်ပြင်တော်၌ သံဃာအပါး ၁၃၀၀ အား ဆွမ်းလောင်းလှူပြီး နောက် နံနက် ၈ နာရီတွင် မဟာမုနိဘုရား ကြီးအနောက် သာသနာ ၂၅၀၀ ဓမ္မာရုံဝင်း၌ စုဝေးကာ သံဃာတော်များနှင့် နိုင်ငံရေး အင်အားစုများမှ ဘုရားကြီးအနောက်ဘက် မုခ်ကျောက်ဆစ်တန်းလမ်းအတိုင်း တပ္ပ ၀တီသူကြယ်ကုန်းရပ်ရှိ အာဇာနည် ၁၇ ဦးဗိ မာန်ရှိရာသို့ ချီတက်လမ်းလျှောက်ကာ ဂါရ၀ပြု အခမ်းအနားကို စတင်ခဲ့ကြသည်။

အာဇာနည်ဗိမာန်အတွင်း ဂါရ၀ပြု အခမ်းအနားကို နယ်ပယ်အသီးသီးမှ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ကျောင်းသားအင်အားစု များ၊ အလုပ်သမား၊ လယ်သများအဖွဲ့များက တစ်ဖွဲ့ချင်းစီ ဂုဏ်ပြုပန်းခွေများကိုင်ဆောင် ကာ ဂါရ၀ပြုခဲ့ကြောင်း၊ ယင်းနောက်သံဃာ တော်များအား ဆွမ်းဆပ်ကပ်ကာ တက် ရောက်လာသည့် အဖွဲ့ပေါင်းစုံ စုပေါင်းကာ အလေးပြုခဲ့ပြီး (၇၅) နှစ်မြောက် အထိမ်း အမှတ်မော်ကွန်းကျောက်စာအား ဖွင့်လှစ် ခြင်း၊ သံဃာတော်များက သီလပေးအမျှဝေ ခြင်း၊ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် သမိုင်းဆရာဦးတိုးလှတို့က အမှာစကားပြော ကြားခြင်း၊ အဖွဲ့အသီးသီးမှ ပေးပို့လာသည့် သ၀ဏ်လွှာများအား ဖတ်ကြားခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက် လာသည့် သတင်းစာဆရာကြီးဦးဝင်းတင်က “အရေးတော်ပုံဟာ မပြီးဆုံးသေးပါဘူး။ ၁၃၀၀ ပြည့်အရေးတော်ပုံ စိတ်ဓာတ်ကို ဆက်လက်သယ်ဆောင်သွားပြီး လမ်းဆုံ လမ်းတစ်ဝက်ကို ရောက်နေတဲ့ နိုင်ငံရေးခရီးကို ဆက်
လက်ချီတက်ရမှာပါ။အဲဒီလိုရှေ့ဆက်ရာမှာစစ်အာဏာရှင်တစ်ပိုင်းအစိုးရနဲ့ လွှတ်တော်က ခင်းကျင်းပေးထားတဲ့အပေါ် ယံဒီမိုကရေ
စီ လမ်းကြောင်းအတိုင်း ရေစုန်မျှောမလိုက်ဘဲ စစ်မှန်ပြီး အားလုံးအဆင်ပြေ ညီညွတ်နိုင်တဲ့ လမ်းကြောင်းအသစ်ကိုရှာပြီး ဖောက်
ထွက်ချီတက်ဖို့ လိုပါတယ်” ဟု ပြောကြားသည်။

ဆက်လက်ပြီး ဆရာကြီးဦးဝင်းတင်က မြေသိမ်းယာသိမ်း ပြဿနာများ၊ အလုပ်သမား လယ်သမားကိစ္စ၊ ကျောင်းသားလူငယ်များ၏ အခွင့်အရေး၊ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများ ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

၁၃၀၀ ပြည့်အရေးတော်ပုံ မန္တလေး အာဇာနည် ၁၇ ဦး ကျဆုံးခဲ့သော (၇၅) နှစ် မြောက် အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်ကာ မန္တလေးအိမ်တော်ရာ ဘုရား၌ တရားပွဲများ၊ စာပေဟောပြောပွဲများ၊ ဆွမ်းလောင်းလှူခြင်းများကို ကျင်းပပြုလုပ်

ခဲ့ကြောင်း သိရသည်။ 

Eleven Media  , 
kolatt(PBDN)
RangonNewsDaily

(မန္တလေးအာဇာနည် ၁၇ ဦးကျဆုံးခဲ့သော ၁၃၀၀ ပြည့်အရေးတော်ပုံ (၇၅) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို တွေ့ရစဉ်)


0 comments:

Post a Comment