Pages

Thursday, February 6, 2014

သရုပ်ဆောင် လုပ်ဖို့ အစီအစဉ် မရှိသေးပါဘူးလို့ ဆိုလာသူ နီနီခင်ဇော်

Photo: သရုပ်ဆောင် လုပ်ဖို့ အစီအစဉ် မရှိသေးပါဘူးလို့ ဆိုလာသူ နီနီခင်ဇော်
Wednesday, February 5, 2014

Melody World အစီအစဉ်မှ စတင်၍ ယခုထက်တိုင် ပရိသတ် အားပေးမှု အခိုင်အမာ ရရှိရုံသာမက (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပွဲတော်ကြီး ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားတွင် သူ၏ ဖျော်ဖြေတင် ဆက်မှုသည် ပရိသတ်များ၏ ရင်ထဲတွင် နေရာတစ်နေရာ ရရှိလာသော အခြေအနေ ဖြစ်ပေါ်လာခဲ့သည့် အဆိုတော် နီနီခင်ဇော်သည် သီချင်းများ သီဆိုခြင်းနှင့် စာရေးခြင်းကိုသာ ဝါသနာပါပြီး သရုပ်ဆောင်လုပ်ရန် အစီအစဉ် မရှိသေးပါဘူးဟု ဆိုလာခဲ့သည်။ 

''နီနီ တကယ်ဝါသနာ ပါတာက သီချင်းဆိုတာနဲ့ စာရေးတာလေ။ မင်းသမီး လုပ်ဖို့ကိုတော့ မစဉ်းစားမိပါဘူး။ မင်းသမီးတစ်ယောက် ဖြစ်လာဖို့ ဆိုတာကလည်း မင်းသမီး တစ်ယောက်ရဲ့ အရည်အချင်းတွေ အများကြီး လိုအပ်ပါတယ်။ နီနီ သီချင်းခွေတွေမှာ သရုပ်ဆောင်တာ တောင်အဆင်ပြေချင်တာ မဟုတ်ဘူး။ အဲဒါကြောင့်လည်း သရုပ်ဆောင်လုပ်ဖို့ အစီအစဉ် မရှိသေးပါဘူး'' ဟု သူက ပြောပြခဲ့သည်။

နီနီခင်ဇော်၏ ''မာရီယို'' Audio အခွေကလည်း ပရိသတ်များ အကြိုက် တွေ့ခဲ့ကြသည်။ နယ်ရှိုးများနှင့် နိုင်ငံခြား ခရီးစဉ်သွားရန် ရှိကြောင်းကိုလည်း ''မန္တလေး၊ ပုဂံနဲ့ ချောက်ဘက်ကို သွားဆိုဖို့ ရှိပါတယ်။ နိုင်ငံခြား ရှိုးကတော့ တောင်ကိုရီးယားမှာ Lazy Club နဲ့သွားပြီး ဆိုရမှာပါ။ ပြီးတော့ နီနီရဲ့ မာရီယို MTV လေးကို ရိုက်နေပါတယ်'' ဟု သူက ဆက်လက် ပြောပြခဲ့သည်။
သူ၏ ကြိုးစားမှုများကို ပရိသတ် အားပေးပါစေတော့ဟု ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ အကောင်းဆုံး ကြိုးစားပြီး သီဆိုခဲ့သည့် အတွက် ပရိသတ် အသိအမှတ်ပြု ပေးတာကိုလည်း ကျေးဇူးတင်ပါကြောင်းနှင့် သူ၏ ''မာရီယို'' MTV ကိုလည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားလျက် ရှိကြောင်း သိရသည်။

Aသူ
မြ၀တီ

RangonNewsDaily: February . 6 .2014
Melody World အစီအစဉ်မှ စတင်၍ ယခုထက်တိုင် ပရိသတ် အားပေးမှု အခိုင်အမာ ရရှိရုံသာမက (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပွဲတော်ကြီး ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားတွင် သူ၏ ဖျော်ဖြေတင် ဆက်မှုသည် ပရိသတ်များ၏ ရင်ထဲတွင် နေရာတစ်နေရာ ရရှိလာသော အခြေအနေ ဖြစ်ပေါ်လာခဲ့သည့် အဆိုတော် နီနီခင်ဇော်သည် သီချင်းများ သီဆိုခြင်းနှင့် စာရေးခြင်းကိုသာ ဝါသနာပါပြီး သရုပ်ဆောင်လုပ်ရန် အစီအစဉ် မရှိသေးပါဘူးဟု ဆိုလာခဲ့သည်။ ''နီနီ တကယ်ဝါသနာ ပါတာက သီချင်းဆိုတာနဲ့ စာရေးတာလေ။ မင်းသမီး လုပ်ဖို့ကိုတော့ မစဉ်းစားမိပါဘူး။ မင်းသမီးတစ်ယောက် ဖြစ်လာဖို့ ဆိုတာကလည်း မင်းသမီး တစ်ယောက်ရဲ့ အရည်အချင်းတွေ အများကြီး လိုအပ်ပါတယ်။ နီနီ သီချင်းခွေတွေမှာ သရုပ်ဆောင်တာ တောင်အဆင်ပြေချင်တာ မဟုတ်ဘူး။ အဲဒါကြောင့်လည်း သရုပ်ဆောင်လုပ်ဖို့ အစီအစဉ် မရှိသေးပါဘူး'' ဟု သူက ပြောပြခဲ့သည်။

နီနီခင်ဇော်၏ ''မာရီယို'' Audio အခွေကလည်း ပရိသတ်များ အကြိုက် တွေ့ခဲ့ကြသည်။ နယ်ရှိုးများနှင့် နိုင်ငံခြား ခရီးစဉ်သွားရန် ရှိကြောင်းကိုလည်း ''မန္တလေး၊ ပုဂံနဲ့ ချောက်ဘက်ကို သွားဆိုဖို့ ရှိပါတယ်။ နိုင်ငံခြား ရှိုးကတော့ တောင်ကိုရီးယားမှာ Lazy Club နဲ့သွားပြီး ဆိုရမှာပါ။ ပြီးတော့ နီနီရဲ့ မာရီယို MTV လေးကို ရိုက်နေပါတယ်'' ဟု သူက ဆက်လက် ပြောပြခဲ့သည်။

သူ၏ ကြိုးစားမှုများကို ပရိသတ် အားပေးပါစေတော့ဟု ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ အကောင်းဆုံး ကြိုးစားပြီး သီဆိုခဲ့သည့် အတွက် ပရိသတ် အသိအမှတ်ပြု ပေးတာကိုလည်း ကျေးဇူးတင်ပါကြောင်းနှင့် သူ၏ ''မာရီယို'' MTV ကိုလည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားလျက် ရှိကြောင်း သိရသည်။

Aသူ
မြ၀တီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment