Pages

Thursday, February 6, 2014

လှိုင်သာယာ စက်မှုဇုန်တွင် အမျိုးသားတစ်ဦးမှန်ချပ်ပါကင်ထုပ် ပိမိသဖြင့် သေဆုံး

RangonNewsDaily: February . 6 .2014
၅.၂.၂၀၁၄ ရက်နေ့ ၁၄၃၀ ချိန် လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် အင်းစိန်ဆေးရုံတွင် အမျိုးသားတစ်ဦးမှာ မှန်ချပ်များပိမိပြီးသေဆုံး သွားသဖြင့် ရောက်ရှိနေကြောင်းသတင်းအရသွားရောက်စစ်ဆေးရာသေဆုံးသူမှာ လှိုင်သာယာမြို့နယ်နေ မောင်အောင်အောင်ဖြစ်ပြီး ရင်ဘတ်ညိုမဲဒဏ်ရာ၊ ၀ဲခြေဖမိုးပြတ်ရှဒဏ်ရာများနှင့် သေဆုံးနေသည်ကို
တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ယင်းနေ့ ၀၁၀၀ အချိန်ခန့်က လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၄)ရှိ YUN LONG DYEING FACTORY စက်ရုံတွင် ကွန်တိန်နာယာဉ်ပေါ်မှမှန်ချပ်များအား စက်ရုံအတွင်းသို့
သယ်ချရာတွင် မှန်ချပ်များဖြုတ်ပေးစဉ် မှန်ချပ်(၃၃)ချပ်ပါ ပါကင်ထုပ်မှာ ၎င်း၏အပေါ်သို့ပိမိပြီး သေ

ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၄/၁၄)ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment