Pages

Thursday, February 6, 2014

ရန်ကုန် အထင်ကရနေရာများတွင် ရထားလမ်းကိုးခုဖောက်ရန် ဂျိုက်ကာနှင့် ပေါင်းပြီး အစိုးရစီစဉ်နေ

RangonNewsDaily: February . 6 .2014
ရန်ကုန်မြို့၏ အထင်ကရနေရာများတွင် ရထားလမ်းသစ် ကိုးခုဖောက်လုပ်ရန် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် အသေးစိတ် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု မီးရ ထားဝန်ကြီး ဦးသန်းဌေးက ပြည်ထောင်စုလွှတ်တော်တွင် ဖေဖေါ်ဝါရီ ၅ ရက်က ပြောဆိုသွားသည်။

အသစ်ဖောက်လုပ်ရန် အစိုးရလျာထားသည့် လမ်းပိုင်းများမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်-ရန်ကုန် မြို့လယ်၊ အုတ်ကျင်း - လှိုင်သာယာ၊ ပါရမီ - မြောက်ဒဂုံ၊ ပါရမီ-အုတ်ကျင်း (မြို့ပတ် ဖြတ်လမ်း)၊ မဟာဗန္ဓုလလမ်းတစ်လျှောက်၊ ကုန်သည်လမ်းတစ်လျှောက်၊ ဘုရင့်နောင်လမ်း တစ်လျှောက်၊ ရန်ကုန် -ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်-သီလ၀ါ တို့ဖြစ်သည်။
ပြည်ထောင်စုအစိုးရ ရေးဆွဲထားသည့် ၂၀၁၄-၁၅ အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏မူနှင့် အခြေခံ သ ဘောကို လာရောက်ရှင်းပြစဉ် ၀န်ကြီးက ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြေအောက်ရထားလမ်း ဆောင်ရွက်ရန်မှာမူ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးလွန်းသည့်အတွက် ယင်းသို့ စီစဉ် ခြင်းဖြစ်သည်ဟု လွှတ်တော်သို့ ရှင်းပြခဲ့သည်။ အစိုးရ၏ နှစ်ရှည်စီမံကိန်းအဖြစ် လျာထားသည့် ရန်ကုန် မြို့ပြဘက်စုံ သယ်ယူပို့ ဆောင်ရေးစီမံကိန်းအတွက် ရန်ကုန်တိုင်းအစိုးရနှင့် ဂျိုက်ကာတို့ သဘောတူမှု ဆိုင်ရာ လက်မှတ်ထိုးထားပြီဟုလည်း ဆိုသည်။
လာမည့် ၂၀၂၅တွင် ရန်ကုန်မြို့၏ အရှေ့နှင့်အနောက် ဆက်သွယ်မည့်မြို့တွင်း မြန်နှုန်းမြင့်ရထားလိုင်း သစ် ဖောက်လုပ်ရန်လည်း အစိုးရက လျာထားသေးသည်။

“ကာလလတ်စီမံကိန်းအဖြစ် အဲ့ဒီ စီမံကိန်းမှာ မြေအောက်ရထားလမ်းပိုင်း ၁၀ ဒသမ၅ ကီလိုမီတာနဲ့ ကောင်းကင်ရထားလိုင်း ၁၁ဒသမ ၃ကီလိုမီတာတို့ ပါဝင်မယ်” ဟု မီးရထားဝန်ကြီးက ရှင်းပြသည်။ ကာလရှည်စီမံကိန်းအဖြစ် မြို့တော်၏ အရှေ့နှင့်အနောက်၊ တောင်မှ မြောက်သို့ဆက်သွယ်မည့် လိုင်း သစ်နှစ်လိုင်းကိုလည်း ဖောက်လုပ်ရန် လျာထားသည်ဟု ဆိုသည်။

“ဖြစ်နိုင်ချေလေ့လာမှုတွေ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးက ပြောသည်။ ရထားပို့ဆောင်ရေးဝန်ကြီး ဌာနအနေဖြင့် နှစ်၂၀စီမံကိန်း ရေးဆွဲထားပြီး ယင်းတွင် ရန်ကုန်မြို့၌ ကောင်း ကင် ရထားလမ်းဖောက်လုပ်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်များ တည်ဆောက်ခြင်း၊ လျှပ်စစ်စက်ခေါင်းနှင့် လူစီးတွဲဝယ်ယူခြင်း၊ အချက်ပြနှင့် ဆက်သွယ်ရေးကိရိယာများ တပ်ဆင်ခြင်းလုပ်ငန်းများကို ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် အတွင်းဆောင်ရွက်ရန် လျာထားခြင်းဖြစ်သည်။

“မန္တလေးမြို့မှာလည်းပဲ အလားတူ ဆက်လက်ဆောင်ရွက်သွားဖို့ စီမံထားပါတယ်” ဟု ၀န်ကြီးက ပြော သည်။ လက်ရှိတွင်မူ နိုင်ငံ၏အဓိက လမ်းပိုင်းများဖြစ်သည့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ မန္တလေး- မြစ်ကြီးနား၊ ပဲခူး- မော်လမြိုင်-ရေး-ထားဝယ်နှင့် ရန်ကုန်မြို့ ပတ်လမ်းပိုင်းများကို ကျပ်ငွေ ဘီလီယံ သုံး ထောင်ကျော်သုံးစွဲပြီး ဦးစားပေးပြုပြင်ရန် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက စီစဉ်ထားသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment