Pages

Thursday, February 6, 2014

လက်ပံတောင်း ၀က်မှေးရွာတွင် ရဲနှင့် ဒေသခံများ ပဋိပက္ခဖြစ်

RangonNewsDaily: February . 6 .2014
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသရှိ ၀က်မှေးကျေးရွာ အနောက်ဘက်မှာ ၀မ်ပေါင် ကုမ္ပဏီဘက်ကနေ ဒေသခံရွာသားတွေပိုင် လယ်မြေတွေပေါ်မှာ ခြံစည်းရိုး သွပ်ဆူးကြိုးကာရံတဲ့အတွက် ရွာသားတွေ တားဆီးရာကနေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံရွာသားတွေ အချင်းများရာကနေ ပဋိပက္ခ ဖြစ်ပွားနေပါတယ်။

ဒီနေ့ မြန်မာစံတော်ချိန် ၁၂ နာရီမေးမြန်ချက်အရ မနက် ၁၁ နာရီကျော်က ပဋိပက္ခဖြစ်ပွားတာဖြစ်ပြီး မသွဲ့သွဲ့ဝင်းအပါအ၀င် ဒေသခံ ရွာသား ၇ ယောက်ကို ခေါ်ဆောင်သွားတယ်လို့ ဆည်တည်းကျေးရွာနေ ကိုစိုးသူက ပြောပါတယ်။

DVB TV News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment