Pages

Thursday, February 6, 2014

တေးသံရှင် ဆိုတေး၏ မင်္ဂလာပါဆိုတေး စီးရီး ဖေဖော်ဝါရီ ၁၂ ရက်နေ့ ထွက်မည်

Photo: မင်္ဂလာပါဆိုတေး စီးရီး ဖေဖော်ဝါရီ ၁၂ ရက်နေ့ ထွက်မည်
Wednesday, February 5, 2014

မီးအိမ်ရှင်စီးရီးနှင့် လူငယ်ပရိသတ်များ၏ လက်ခံအားပေးမှုကို ရရှိခဲ့သည့် တေးသံရှင် ဆိုတေး၏ ဒုတိယမြောက် တစ်ကိုယ်တော်စီးရီး မင်္ဂလာပါဆိုတေးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ စတင်ပြီး Crazy Creation တေးထုတ်လုပ်ရေးမှ စတင်ဖြန့်ချိပေးတော့မည် ဖြစ်ကြောင်း ယင်းစီးရီးကို စီစဉ်ထုတ်လုပ်သည့် မညိုမာရန်အောင်က ပြောကြားသည်။

ယင်းစီးရီးမှာ တေးသံရှင်ဆိုတေး ယာဉ်မတော်တဆမှု မဖြစ်ခင်ကတည်းက သွင်းယူခဲ့သော စီးရီးဖြစ်ကြောင်း၊ စီးရီးမှာ အလုံးစုံ ပြီးစီးနေပြီ ဖြစ်သည့်အတွက် ဆိုတေး ဆေးကုသမှု ခံယူနေစဉ် ကတည်းက ထုတ်၍ ရသော်လည်း၊ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကို မကြည့်ချင်သည့် အတွက် ဆိုတေး နေပြန်ကောင်းလာပြီး စကားပြောနိုင်သည့် အချိန်ကျမှ ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ စီးရီးတွင် ဆိုတေးက သီချင်း ၁၂ ပုဒ် ရေးသားထားပြီး တစ်ပုဒ်ကို တေးရေးဆရာ ဒေးဗစ်က ရေးသားပေး ထားကြောင်း၊ မီးအိမ်ရှင်စီးရီးကို ပရိသတ်များ ကြိုက်နှစ်သက် ခဲ့ကြသလို၊ ယခုစီးရီးကိုလည်း လက်ခံ အားပေးကြမည်ဟု ယုံကြည်ကြောင်း မညိုမာရန်အောင်က ထပ်လောင်း ပြောကြားသည်။

"ဒီခွေထဲမှာ ကျွန်တော်ဆိုနေကျ ပုံစံအတိုင်း သီချင်းအေးအေးလေးတွေ ဆိုထားပါတယ်။ နေကောင်း လာတာနဲ့ ကျွန်တော့်ရဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ဆက်လုပ်ဖို့ ကြိုးစားပါမယ်။ ကျွန်တော့်ကို စွပ်စွဲပြောဆိုခဲ့ကြတဲ့ သူတွေနဲ့ ပတ်သက်လို့ ကတော့ ရန်ကိုရန်ချင်း မတုံ့ပြန် ချင်တော့ပါဘူး။ ကျွန်တော် စိတ်ကူးထားတာတော့ သီချင်းတွေ ဆက်ဆိုမယ်။ မိဘကို လုပ်ကျွေးပါမယ်။ နေကောင်းလာတဲ့ အခါကျရင် ဘုန်းကြီးဝတ်ဖို့လည်း ရှိပါတယ်" ဟု မင်္ဂလာပါဆိုတေး စီးရီးကို ကိုယ်တိုင်ရေးသား သီဆိုထားသည့် တေးသံရှင်ဆိုတေးက ပြောကြားသည်။

တေးသံရှင်ဆိုတေးမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးနောက် ဆေးရုံတွင် သုံးလကြာ ဆေးကုသမှု ခံယူနေစဉ် သတိမေ့မြောနေ သည့်အတွက် အစာကို ပိုက်နှင့် သွင်းခဲ့ရကြောင်း၊ ဆေးရုံမှ ဆင်းပြီး နေအိမ်သို့ ပြန်ရောက်လာသော အခါတွင်လည်း အစာကို နှစ်လခန့် မျိုမချနိုင်သေးဘဲ ယခုမှသာ အစာအနည်းငယ် ပြန်စားနိုင်နေကြောင်း၊ ဆိုတေးကို အပတ်စဉ် အရိုးကုဆရာဝန် တစ်ဦးနှင့် ပြသနေရပြီး ကိုယ်ခံအား နည်းနေသည့်အတွက် အားပြန် မွေးနေရကြောင်း ဆိုတေး၏ ဖခင်ဖြစ်သူ ဦးတင်မြင့်က ပြောကြားသည်။

The Voice Weekly

RangonNewsDaily: February . 6 .2014
မီးအိမ်ရှင်စီးရီးနှင့် လူငယ်ပရိသတ်များ၏ လက်ခံအားပေးမှုကို ရရှိခဲ့သည့် တေးသံရှင် ဆိုတေး၏ ဒုတိယမြောက် တစ်ကိုယ်တော်စီးရီး မင်္ဂလာပါဆိုတေးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ စတင်ပြီး Crazy Creation တေးထုတ်လုပ်ရေးမှ စတင်ဖြန့်ချိပေးတော့မည် ဖြစ်ကြောင်း ယင်းစီးရီးကို စီစဉ်ထုတ်လုပ်သည့် မညိုမာရန်အောင်က ပြောကြားသည်။ ယင်းစီးရီးမှာ တေးသံရှင်ဆိုတေး ယာဉ်မတော်တဆမှု မဖြစ်ခင်ကတည်းက သွင်းယူခဲ့သော စီးရီးဖြစ်ကြောင်း၊ စီးရီးမှာ အလုံးစုံ ပြီးစီးနေပြီ ဖြစ်သည့်အတွက် ဆိုတေး ဆေးကုသမှု ခံယူနေစဉ် ကတည်းက ထုတ်၍ ရသော်လည်း၊ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကို မကြည့်ချင်သည့် အတွက် ဆိုတေး နေပြန်ကောင်းလာပြီး စကားပြောနိုင်သည့် အချိန်ကျမှ ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ 
 
စီးရီးတွင် ဆိုတေးက သီချင်း ၁၂ ပုဒ် ရေးသားထားပြီး တစ်ပုဒ်ကို တေးရေးဆရာ ဒေးဗစ်က ရေးသားပေး ထားကြောင်း၊ မီးအိမ်ရှင်စီးရီးကို ပရိသတ်များ ကြိုက်နှစ်သက် ခဲ့ကြသလို၊ ယခုစီးရီးကိုလည်း လက်ခံ အားပေးကြမည်ဟု ယုံကြည်ကြောင်း မညိုမာရန်အောင်က ထပ်လောင်း ပြောကြားသည်။

"ဒီခွေထဲမှာ ကျွန်တော်ဆိုနေကျ ပုံစံအတိုင်း သီချင်းအေးအေးလေးတွေ ဆိုထားပါတယ်။ နေကောင်း လာတာနဲ့ ကျွန်တော့်ရဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ဆက်လုပ်ဖို့ ကြိုးစားပါမယ်။ 
 
ကျွန်တော့်ကို စွပ်စွဲပြောဆိုခဲ့ကြတဲ့ သူတွေနဲ့ ပတ်သက်လို့ ကတော့ ရန်ကိုရန်ချင်း မတုံ့ပြန် ချင်တော့ပါဘူး။ ကျွန်တော် စိတ်ကူးထားတာတော့ သီချင်းတွေ ဆက်ဆိုမယ်။ မိဘကို လုပ်ကျွေးပါမယ်။ နေကောင်းလာတဲ့ အခါကျရင် ဘုန်းကြီးဝတ်ဖို့လည်း ရှိပါတယ်" ဟု မင်္ဂလာပါဆိုတေး စီးရီးကို ကိုယ်တိုင်ရေးသား သီဆိုထားသည့် တေးသံရှင်ဆိုတေးက ပြောကြားသည်။

တေးသံရှင်ဆိုတေးမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးနောက် ဆေးရုံတွင် သုံးလကြာ ဆေးကုသမှု ခံယူနေစဉ် သတိမေ့မြောနေ သည့်အတွက် အစာကို ပိုက်နှင့် သွင်းခဲ့ရကြောင်း၊ ဆေးရုံမှ ဆင်းပြီး နေအိမ်သို့ ပြန်ရောက်လာသော အခါတွင်လည်း အစာကို နှစ်လခန့် မျိုမချနိုင်သေးဘဲ ယခုမှသာ အစာအနည်းငယ် ပြန်စားနိုင်နေကြောင်း၊ 
 
ဆိုတေးကို အပတ်စဉ် အရိုးကုဆရာဝန် တစ်ဦးနှင့် ပြသနေရပြီး ကိုယ်ခံအား နည်းနေသည့်အတွက် အားပြန် မွေးနေရကြောင်း ဆိုတေး၏ ဖခင်ဖြစ်သူ ဦးတင်မြင့်က ပြောကြားသည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment