Pages

Thursday, February 6, 2014

ပတ်စ်ပို့တ်သက်တမ်းတိုးခွင့် မရသဖြင့် စိတ်ပျက်နေသည့် ဆေးမင်ကြောင်ဘုရင်

Photo: ပတ်စ်ပို့တ်သက်တမ်းတိုးခွင့် မရသဖြင့် စိတ်ပျက်နေသည့် ဆေးမင်ကြောင်ဘုရင်
Wednesday, February 5, 2014

မျက်နှာတွင် ရုပ်ဖမ်း၍ မရလောက်အောင် ဆေးမင်ကြောင်များ ထိုးထားသလို တစ်ကိုယ်လုံးတွင်လည်း ဆေးမင်များ မွစာကြဲနေသည့် King of Ink အနေဖြင့် ယခုအခါတွင် ပတ်စ်ပို့တ်ရရှိရန် အခက်ကြုံနေရ

ဗြိတိန်နိုင်ငံ၏ ဆေးမင်ကြောင် အထူထပ်ဆုံး လူသားအနေဖြင့် မိမိ၏ အမည်သစ်ဖြင့် ပတ်စ်ပို့တ် လျှောက်ထား၍ မရခြင်းကို စိတ်ပျက်မိကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ အသက်(၃၄)နှစ်ရှိ မက်သရူးဝှီလန်သည် ၎င်း၏ အမည်ကို King of Inkဟု ပြောင်းလဲလိုက်သည်။ မျက်နှာတွင် ရုပ်ဖမ်း၍ မရလောက်အောင် ဆေးမင်ကြောင်များ ထိုးထားသလို တစ်ကိုယ်လုံးတွင်လည်း ဆေးမင်များ မွစာကြဲနေသည့် King of Ink အနေဖြင့် ယခုအခါတွင် ပတ်စ်ပို့တ်ရရှိရန် အခက်ကြုံနေရပြီ ဖြစ်သည်။ တစ်ကိုယ်လုံးတွင် ဆေးမင်ထိုးထားသည့် King of Ink အနေဖြင့် မျက်လုံးမျက်ဆန်ပေါ်တွင်ပါ မင်ကြောင်များ ရှိနေကြောင်း သိရသည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှ (၉၀)ရာခိုင်နှုန်းသည် အရောင်အမျိုးမျိုး ဆေးမင်များဖြင့် ဖုံးလွှမ်းလျှက်ရှိသည်။

၎င်းအနေဖြင့် ပတ်စ်ပို့တ်ကို သက်တမ်းတိုးချိန်တွင် အမည်ပြောင်းထားသည့် အခြေအနေအရ သက်ဆိုင်ရာ တာဝန်ရှိသူများက သက်တမ်းတိုးခွင့် မပေးခဲ့ချေ။ ဘာမင်ဂမ်တွင် နေထိုင်သည့် ဆေးမင်ကြောင် ဝါသနာအိုးအား လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူများက ယခင်အမည် မက်သရူး အနေဖြင့်သာ ပတ်စ်ပို့တ် သက်တမ်းတိုးခွင့် ပေးမည်ဟု ပြောဆိုထားသည်။ King of Inkကမူ ယင်းသည် မိမိအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဟု ဝေဖန်ပြစ်တင်ထားသည်။ King of Inkသည် ဘယ်ဘက်မျက်လုံး၏ မျက်ဆန်အတွင်းနေရာ အပါအဝင် ဆေးမင်ကြောင်များစွာ ရေးထိုးထားသည့်အတွက် ပေါင်စတာလင် (၂၅၀၀၀)မျှ ကုန်ကျထားပြီး ဖြစ်သည်။

ယာဉ်မောင်းလိုင်စင်တွင် King of Inkအမည်ကို ပြောင်းလဲခွင့် ရရှိထားပြီးနောက် ၎င်းက "ကျွန်တော့် ပတ်စ်ပို့တ် သက်တမ်းကုန်လို့ အသစ်ပြန်လျှောက်တော့ သက်ဆိုင်ရာက ကျွန်တော့်ဆီ ဖုန်းခေါ်လာပါတယ်။ သူတို့မှာ ပြဿနာ တစ်ခုရှိနေတယ်တဲ့။ ကျွန်တော့်နာမည်သစ်ဟာ စည်းမျဉ်းတွေအရ ပတ်စ်ပို့တ်အတွက် လက်ခံပေးဖို့ ခက်နေကြောင်းနဲ့ ဒီအတွက် နောက်ထပ် အစိုးရ အသိအမှတ်ပြု မှတ်တမ်းတွေ ထပ်လိုကြောင်း ပြောပါတယ်။ ဒီတော့ ကျွန်တော့် ယာဉ်မောင်းလိုင်စင်ကို သူတို့ဆီ ပို့ပေးလိုက်တယ်။ ကျွန်တော်တို့ဒေသ ကိုယ်စားပြု အမတ်ဆီက ထောက်ခံစာလည်း ပါတယ်။ ဒါတောင် အဆင်မပြေဘူး ဆိုတာကတော့ ကျွန်တော့်ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တာပါပဲ။ ကျွန်တော့် မွေးစာရင်း နာမည်ကိုပဲ ပတ်စ်ပို့တ်မှာ သူတို့က သုံးစေချင်တယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်တော့တဲ့ နာမည်လေ"ဟု ပြောကြားခဲ့သည်။ 

ပတ်စ်ပို့တ်ရုံးမှ ပြောရေးဆိုခွင့်ရ အမျိုးသမီးကမူ မိမိတို့ အနေဖြင့် တစ်ဦးချင်း ကိစ္စများအပေါ် မှတ်ချက်မပေးလိုကြောင်း ဆိုသည်။ ပတ်စ်ပို့တ်စည်းမျဉ်း သတ်မှတ်ချက်များတွင် New Year၊ Happy Easter၊ Good Bye အစရှိသော စကားလုံးများကို ယေဘုယျအားဖြင့် လူအမည်အဖြစ် လက်ခံသတ်မှတ်မည် မဟုတ်ကြောင်း ဖော်ပြပါရှိသည်။

Planet Myanmar Network

RangonNewsDaily: February . 6 .2014
ဗြိတိန်နိုင်ငံ၏ ဆေးမင်ကြောင် အထူထပ်ဆုံး လူသားအနေဖြင့် မိမိ၏ အမည်သစ်ဖြင့် ပတ်စ်ပို့တ် လျှောက်ထား၍ မရခြင်းကို စိတ်ပျက်မိကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ အသက်(၃၄)နှစ်ရှိ မက်သရူးဝှီလန်သည် ၎င်း၏ အမည်ကို King of Inkဟု ပြောင်းလဲလိုက်သည်။ မျက်နှာတွင် ရုပ်ဖမ်း၍ မရလောက်အောင် ဆေးမင်ကြောင်များ ထိုးထားသလို တစ်ကိုယ်လုံးတွင်လည်း ဆေးမင်များ မွစာကြဲနေသည့် King of Ink အနေဖြင့် ယခုအခါတွင် ပတ်စ်ပို့တ်ရရှိရန် အခက်ကြုံနေရပြီ ဖြစ်သည်။ 
 
တစ်ကိုယ်လုံးတွင် ဆေးမင်ထိုးထားသည့် King of Ink အနေဖြင့် မျက်လုံးမျက်ဆန်ပေါ်တွင်ပါ မင်ကြောင်များ ရှိနေကြောင်း သိရသည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှ (၉၀)ရာခိုင်နှုန်းသည် အရောင်အမျိုးမျိုး ဆေးမင်များဖြင့် ဖုံးလွှမ်းလျှက်ရှိသည်။

၎င်းအနေဖြင့် ပတ်စ်ပို့တ်ကို သက်တမ်းတိုးချိန်တွင် အမည်ပြောင်းထားသည့် အခြေအနေအရ သက်ဆိုင်ရာ တာဝန်ရှိသူများက သက်တမ်းတိုးခွင့် မပေးခဲ့ချေ။ ဘာမင်ဂမ်တွင် နေထိုင်သည့် ဆေးမင်ကြောင် ဝါသနာအိုးအား လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူများက ယခင်အမည် မက်သရူး အနေဖြင့်သာ ပတ်စ်ပို့တ် သက်တမ်းတိုးခွင့် ပေးမည်ဟု ပြောဆိုထားသည်။ King of Inkကမူ ယင်းသည် မိမိအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဟု ဝေဖန်ပြစ်တင်ထားသည်။ King of Inkသည် ဘယ်ဘက်မျက်လုံး၏ မျက်ဆန်အတွင်းနေရာ အပါအဝင် ဆေးမင်ကြောင်များစွာ ရေးထိုးထားသည့်အတွက် ပေါင်စတာလင် (၂၅၀၀၀)မျှ ကုန်ကျထားပြီး ဖြစ်သည်။

ယာဉ်မောင်းလိုင်စင်တွင် King of Inkအမည်ကို ပြောင်းလဲခွင့် ရရှိထားပြီးနောက် ၎င်းက "ကျွန်တော့် ပတ်စ်ပို့တ် သက်တမ်းကုန်လို့ အသစ်ပြန်လျှောက်တော့ သက်ဆိုင်ရာက ကျွန်တော့်ဆီ ဖုန်းခေါ်လာပါတယ်။ သူတို့မှာ ပြဿနာ တစ်ခုရှိနေတယ်တဲ့။ ကျွန်တော့်နာမည်သစ်ဟာ စည်းမျဉ်းတွေအရ ပတ်စ်ပို့တ်အတွက် လက်ခံပေးဖို့ ခက်နေကြောင်းနဲ့ ဒီအတွက် နောက်ထပ် အစိုးရ အသိအမှတ်ပြု မှတ်တမ်းတွေ ထပ်လိုကြောင်း ပြောပါတယ်။ 
 
ဒီတော့ ကျွန်တော့် ယာဉ်မောင်းလိုင်စင်ကို သူတို့ဆီ ပို့ပေးလိုက်တယ်။ ကျွန်တော်တို့ဒေသ ကိုယ်စားပြု အမတ်ဆီက ထောက်ခံစာလည်း ပါတယ်။ ဒါတောင် အဆင်မပြေဘူး ဆိုတာကတော့ ကျွန်တော့်ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တာပါပဲ။ ကျွန်တော့် မွေးစာရင်း နာမည်ကိုပဲ ပတ်စ်ပို့တ်မှာ သူတို့က သုံးစေချင်တယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်တော့တဲ့ နာမည်လေ"ဟု ပြောကြားခဲ့သည်။

ပတ်စ်ပို့တ်ရုံးမှ ပြောရေးဆိုခွင့်ရ အမျိုးသမီးကမူ မိမိတို့ အနေဖြင့် တစ်ဦးချင်း ကိစ္စများအပေါ် မှတ်ချက်မပေးလိုကြောင်း ဆိုသည်။ ပတ်စ်ပို့တ်စည်းမျဉ်း သတ်မှတ်ချက်များတွင် New Year၊ Happy Easter၊ Good Bye အစရှိသော စကားလုံးများကို ယေဘုယျအားဖြင့် လူအမည်အဖြစ် လက်ခံသတ်မှတ်မည် မဟုတ်ကြောင်း ဖော်ပြပါရှိသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment