Pages

Thursday, February 6, 2014

ဂျာမနီသမ္မတ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်း ပြောကြားမည်

Photo: ဂျာမနီသမ္မတ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်း ပြောကြားမည်
Wednesday, February 5, 2014

နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံး ရောက်ရှိလာမည့် ဂျာမနီသမ္မတ Joachim Gauck သည် ရန်ကုန်မြို့တော်၏ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း ဂျာမနီ ယဉ်ကျေးမှု အဖွဲ့အစည်း တစ်ခုဖြစ်သည့် Goethe Institute မှ ဒါရိုက်တာ Franz Xaver Augustin က ပြောကြားသည်။

ဂျာမနီ-မြန်မာ သံတမန် ဆက်ဆံရေး နှစ်ပေါင်း ၆၀ ပြည့် အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ် ပြုသည့်အနေနှင့် ရန်ကုန် တက္ကသိုလ်ဘွဲ့နှင့် သဘင်ခန်းမတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁၁ ခန့်၌ ဂျာမနီသမ္မတက မိန့်ခွန်းတစ်ရပ် ပြောကြားသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဂျာမနီသမ္မတသည် ၎င်း၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း Goethe Institute မှ ဒါရိုက်တာ Franz Xaver Augustin က ရှင်းပြသည်။

The Voice Weekly

RangonNewsDaily: February . 6 .2014
နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံး ရောက်ရှိလာမည့် ဂျာမနီသမ္မတ Joachim Gauck သည် ရန်ကုန်မြို့တော်၏ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း ဂျာမနီ ယဉ်ကျေးမှု အဖွဲ့အစည်း တစ်ခုဖြစ်သည့် Goethe Institute မှ ဒါရိုက်တာ Franz Xaver Augustin က ပြောကြားသည်။ ဂျာမနီ-မြန်မာ သံတမန် ဆက်ဆံရေး နှစ်ပေါင်း ၆၀ ပြည့် အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ် ပြုသည့်အနေနှင့် ရန်ကုန် တက္ကသိုလ်ဘွဲ့နှင့် သဘင်ခန်းမတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁၁ ခန့်၌ ဂျာမနီသမ္မတက မိန့်ခွန်းတစ်ရပ် ပြောကြားသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဂျာမနီသမ္မတသည် ၎င်း၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း Goethe Institute မှ ဒါရိုက်တာ Franz Xaver Augustin က ရှင်းပြသည်။

The Voice  ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment