Pages

Tuesday, January 28, 2014

သဘင်မင်းသားတွေဖွင့်လှစ်မယ့် သဘင်အနုပညာကျောင်းများ "

Photo: သဘင်မင်းသားတွေဖွင့်လှစ်မယ့် သဘင်အနုပညာကျောင်းများ "
Tuesday, January 28, 2014

ဇာတ်သဘင်နဲ့ပတ်သက် ပြီး မျိုးဆက်သစ်လူငယ်တွေ ပေါ်ထွက်လာဖို့အတွက် ပုဂ္ဂလိကသဘင်အနုပညာ ကျောင်းတွေဖွင့်လှစ်ဖို့ သဘင်မင်းသားတွေက စီစဉ် ဆောင် ရွက်နေ ကြပြီဖြစ်ပါ တယ်။ဒီလိုအနုပညာ သင်တန်း ကျောင်းကြီးဖွင့်လှစ်တဲ့ အခါမှာသဘင်အနုပညာရှင် ကြီးတွေနဲ့ထိထိရောက်ရောက် သင်ကြားပေးသွား မှာဖြစ် ကြောင်း လည်းသဘင်နဲ့ ပတ်သက်ပြီးအနုပညာ ကျောင်းကြီးဖွင့်လှစ်ဖို့စီစဉ် နေတဲ့ ဖိုးချစ်က ပြောပါတယ်။ ” ကျွန်တော်တို့ ပုဂ္ဂလိက ကျောင်းတွေအနေနဲ့ ၂နှစ် လောက် ဖိဖိစီးစီး သင်ရင် တတ်ပါတယ်။လောလော ဆယ်တော့ အကသင်တန်းနဲ့ ဆိုင်းသင်တန်းကိုစဖို့ စီစဉ် ထားပါတယ်။ကျွန်တော့်ကို ကူညီပေးကြမယ့်ပညာရှင် ကြီးတွေက အများကြီး ပါ။သင် ရိုးကလည်းနိုင်ငံခြားသားတွေ ပါ လာရောက်သင်ကြားလို့ ရနိုင်မယ့်သင်ရိုးမျိုးစီစဉ် ထားတယ်။နိုင်ငံတကာ ဘာသာစကားနဲ့ ပြန်လည် ပြဋ္ဌာန်းပြီးသင်မယ်။မလို လားအပ်တဲ့ သင်ရိုးတွေကို ဖယ်ပြီးလက်တွေ့အသုံးကျ မယ့် သင်ရိုးမျိုးကိုလုပ်ဖို့ စီစဉ်ထားပါတယ်။နေရာကို ကျွန်တော်ရှာနေပါတယ်။

အကလေ့ကျင့်တဲ့အခန်း၊ အဆိုလေ့ကျင့်တဲ့အခန်း သီး သန့်လုပ်ဖို့က နေရာအကျယ် ကြီးရမှဖြစ်မှာလေ။ စီးပွား ရေးသဘောတော့သိပ်မပါ ဘူး။ ဒီကျောင်းကဆင်းရင် ဘယ်လောက်လစာနဲ့ဘယ် လောက်ထိုက်တန်တဲ့နေရာ မျိုးရမယ်သာအာမခံချက် ပေးနိုင်ရင်ကျွန်တော်တို့ ကျောင်း တွေကအဆင်ပြေတယ်။နိုင်ငံ တကာကျောင်းတွေကို ဘာ ကြောင့် ပိုက်ဆံအကုန်အကျ ခံပြီးတက်ကြလဲဆိုရင် ကျောင်းတက်နေစဉ်အ တွင်းမှာ တောင် ကုမ္ပဏီတွေ က စာချုပ်တွေလာချုပ်ကြ တယ်။ တော်တဲ့ကျောင်းသား က တော်တဲ့အတိုင်းသွား တာပဲ။ကျွန်တော်တို့တွေရဲ့ အားနည်းချက်ကတော့ လုပ် ငန်း ကိုအာမမခံနိုင်ကြတာပဲ။ 

ဇာတ် တွေ အများကြီးထောင် ပြီး ဒီကျောင်းကနေ ဆင်း လာ မယ့်ကျောင်းသားတွေက ဇာတ်မှာတာဝန်ယူလိုက်ရင် အများကြီးအဆင်ပြေသွားပါပြီ” လို့ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတဲ့ ပုဂ္ဂလိက အနုပညာကျောင်းကြီးနဲ့ ပတ်သက်ပြီး ဖိုးချစ်က ရှင်းပြ ပါတယ်။ မြန်မာ့ ဇာတ်သဘင် ရဲ့အနုပညာကဏ္ဍတွေမှာ မျိုးဆက်သစ်တွေထပ်မံ ပေါ် ထွက်လာဖို့အတွက်ရည် ရွယ်ပြီး ပြဇာတ်၊ အဆို၊ အက သင် တန်းတွေကို သင်ကြား ပေးဖို့အတွက် ရွှေမန်းသဘင် က သင်တန်းကျောင်းကြီးဖွင့် လှစ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ထိထိရောက် ရောက်သင်ကြားပေးနိုင်ဖို့အ တွက် လူဦးရေ ကန့်သတ်ပြီး လပြတ်သင်တန်းတွေပေး သွားမှာဖြစ်ကြောင်း ရွှေမန်း သဘင်ကတင်မောင်ဆန်းမင်း ဝင်းကပြောပါတယ်။

” ကျွန်တော်ရဲ့ ဦးလေး ဦးဝင်းမောင်ပြန်လာတာနဲ့ လုပ်မှာပါ။ လပြတ်ပုံစံတွေနဲ့ သွားမယ်။ ဥပမာ- ၃လပြတ် အကသင်တန်းဆိုရင် ဒီသင် တန်းပြီးတာနဲ့ အကနဲ့ပတ်သက်ပြီး Level တစ်ခုကို ရောက် သွားအောင်သင်ပေးမယ်။ ပန်တျာမှာရှိနေတဲ့သမားရိုးကျ ဟာမျိုးမဟုတ်ဘူးပေါ့။ သင်ပေးမှာက ကျွန်တော်တို့ ရွှေမန်းမိသားစုတွေအပြင် အပြင်က သဘင်ပညာရှင်ကြီး တွေလည်းပါတယ်။

အခြေခံ ကဗျာလွတ်ဆိုရင်လည်း ကဗျာလွတ်မှာမှ မော်ဒီဖိုင်း လုပ်တာ ဘာရှိလဲဆိုတာမျိုး ကိုပါ၂ခုပေါင်းပြီးသင်ပေး သွားမှပါ။ ဥပမာ ၃လပြတ်မှာ သီချင်း ၅ပုဒ်သင်ပေး မယ်ဆို ရင် အဲဒီ ၅ပုဒ်ကို မတတ်မ ချင်းသင်ပေးသွားမယ်။ ၃လ ပြတ်သင်တန်းကိုတော့သင် တန်းဆင်း လက်မှတ်ပေးမယ်။ 

အခြေခံအဆင့်ရသွားတာ မျိုး ဖြစ်အောင်ကို လုပ်ပေးသွား မှာပါ။ဒီသင်တန်းဖွင့်ဖို့အ တွက် ဘယ်လိုစဉ်းစားမိတာလဲ ဆိုတော့အခုခေတ်မှာ ကျောင်း ဆိုရင်တောင် အစိုးရကျောင်း တွေအပြင်ပုဂ္ဂလိက ကျောင်း တွေတောင် ပေါ်နေပြီလေ။ အခုဆိုရင်နိုင်ငံခြားသားတွေ က မြန်မာမှုနဲ့ ပတ်သက်ပြီး လာရောက် လေ့လာကြတယ်။ အဲဒီ အခါမျိုးမှာကျွန်တော် တို့ ကျောင်းက မြန်မာမှုနဲ့ပတ်သက်တာတွေကို နိုင်ငံခြား သားတွေကို ပြချင်တယ်” လို့ အနုပညာသင်တန်းကျောင်း ကြီး ဖွင့်လှစ်ဖို့နဲ့ပတ်သက်ပြီး တင်မောင်ဆန်းမင်းဝင်းက ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

Popular Journal

RangonNewsDaily:: January . 28 .2014
ဇာတ်သဘင်နဲ့ပတ်သက် ပြီး မျိုးဆက်သစ်လူငယ်တွေ ပေါ်ထွက်လာဖို့အတွက် ပုဂ္ဂလိကသဘင်အနုပညာ ကျောင်းတွေဖွင့်လှစ်ဖို့ သဘင်မင်းသားတွေက စီစဉ် ဆောင် ရွက်နေ ကြပြီဖြစ်ပါ တယ်။ဒီလိုအနုပညာ သင်တန်း ကျောင်းကြီးဖွင့်လှစ်တဲ့ အခါမှာသဘင်အနုပညာရှင် ကြီးတွေနဲ့ထိထိရောက်ရောက် သင်ကြားပေးသွား မှာဖြစ် ကြောင်း လည်းသဘင်နဲ့ ပတ်သက်ပြီးအနုပညာ ကျောင်းကြီးဖွင့်လှစ်ဖို့စီစဉ် နေတဲ့ ဖိုးချစ်က ပြောပါတယ်။ 
 
” ကျွန်တော်တို့ ပုဂ္ဂလိက ကျောင်းတွေအနေနဲ့ ၂နှစ် လောက် ဖိဖိစီးစီး သင်ရင် တတ်ပါတယ်။လောလော ဆယ်တော့ အကသင်တန်းနဲ့ ဆိုင်းသင်တန်းကိုစဖို့ စီစဉ် ထားပါတယ်။ကျွန်တော့်ကို ကူညီပေးကြမယ့်ပညာရှင် ကြီးတွေက အများကြီး ပါ။သင် ရိုးကလည်းနိုင်ငံခြားသားတွေ ပါ လာရောက်သင်ကြားလို့ ရနိုင်မယ့်သင်ရိုးမျိုးစီစဉ် ထားတယ်။နိုင်ငံတကာ ဘာသာစကားနဲ့ ပြန်လည် ပြဋ္ဌာန်းပြီးသင်မယ်။မလို လားအပ်တဲ့ သင်ရိုးတွေကို ဖယ်ပြီးလက်တွေ့အသုံးကျ မယ့် သင်ရိုးမျိုးကိုလုပ်ဖို့ စီစဉ်ထားပါတယ်။နေရာကို ကျွန်တော်ရှာနေပါတယ်။

အကလေ့ကျင့်တဲ့အခန်း၊ အဆိုလေ့ကျင့်တဲ့အခန်း သီး သန့်လုပ်ဖို့က နေရာအကျယ် ကြီးရမှဖြစ်မှာလေ။ စီးပွား ရေးသဘောတော့သိပ်မပါ ဘူး။ ဒီကျောင်းကဆင်းရင် ဘယ်လောက်လစာနဲ့ဘယ် လောက်ထိုက်တန်တဲ့နေရာ မျိုးရမယ်သာအာမခံချက် ပေးနိုင်ရင်ကျွန်တော်တို့ ကျောင်း တွေကအဆင်ပြေတယ်။နိုင်ငံ တကာကျောင်းတွေကို ဘာ ကြောင့် ပိုက်ဆံအကုန်အကျ ခံပြီးတက်ကြလဲဆိုရင် ကျောင်းတက်နေစဉ်အ တွင်းမှာ တောင် ကုမ္ပဏီတွေ က စာချုပ်တွေလာချုပ်ကြ တယ်။ တော်တဲ့ကျောင်းသား က တော်တဲ့အတိုင်းသွား တာပဲ။ကျွန်တော်တို့တွေရဲ့ အားနည်းချက်ကတော့ လုပ် ငန်း ကိုအာမမခံနိုင်ကြတာပဲ။

ဇာတ် တွေ အများကြီးထောင် ပြီး ဒီကျောင်းကနေ ဆင်း လာ မယ့်ကျောင်းသားတွေက ဇာတ်မှာတာဝန်ယူလိုက်ရင် အများကြီးအဆင်ပြေသွားပါပြီ” လို့ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတဲ့ ပုဂ္ဂလိက အနုပညာကျောင်းကြီးနဲ့ ပတ်သက်ပြီး ဖိုးချစ်က ရှင်းပြ ပါတယ်။
 
 မြန်မာ့ ဇာတ်သဘင် ရဲ့အနုပညာကဏ္ဍတွေမှာ မျိုးဆက်သစ်တွေထပ်မံ ပေါ် ထွက်လာဖို့အတွက်ရည် ရွယ်ပြီး ပြဇာတ်၊ အဆို၊ အက သင် တန်းတွေကို သင်ကြား ပေးဖို့အတွက် ရွှေမန်းသဘင် က သင်တန်းကျောင်းကြီးဖွင့် လှစ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ထိထိရောက် ရောက်သင်ကြားပေးနိုင်ဖို့အ တွက် လူဦးရေ ကန့်သတ်ပြီး လပြတ်သင်တန်းတွေပေး သွားမှာဖြစ်ကြောင်း ရွှေမန်း သဘင်ကတင်မောင်ဆန်းမင်း ဝင်းကပြောပါတယ်။

” ကျွန်တော်ရဲ့ ဦးလေး ဦးဝင်းမောင်ပြန်လာတာနဲ့ လုပ်မှာပါ။ လပြတ်ပုံစံတွေနဲ့ သွားမယ်။ ဥပမာ- ၃လပြတ် အကသင်တန်းဆိုရင် ဒီသင် တန်းပြီးတာနဲ့ အကနဲ့ပတ်သက်ပြီး Level တစ်ခုကို ရောက် သွားအောင်သင်ပေးမယ်။ ပန်တျာမှာရှိနေတဲ့သမားရိုးကျ ဟာမျိုးမဟုတ်ဘူးပေါ့။ သင်ပေးမှာက ကျွန်တော်တို့ ရွှေမန်းမိသားစုတွေအပြင် အပြင်က သဘင်ပညာရှင်ကြီး တွေလည်းပါတယ်။

အခြေခံ ကဗျာလွတ်ဆိုရင်လည်း ကဗျာလွတ်မှာမှ မော်ဒီဖိုင်း လုပ်တာ ဘာရှိလဲဆိုတာမျိုး ကိုပါ၂ခုပေါင်းပြီးသင်ပေး သွားမှပါ။ ဥပမာ ၃လပြတ်မှာ သီချင်း ၅ပုဒ်သင်ပေး မယ်ဆို ရင် အဲဒီ ၅ပုဒ်ကို မတတ်မ ချင်းသင်ပေးသွားမယ်။ ၃လ ပြတ်သင်တန်းကိုတော့သင် တန်းဆင်း လက်မှတ်ပေးမယ်။

အခြေခံအဆင့်ရသွားတာ မျိုး ဖြစ်အောင်ကို လုပ်ပေးသွား မှာပါ။ဒီသင်တန်းဖွင့်ဖို့အ တွက် ဘယ်လိုစဉ်းစားမိတာလဲ ဆိုတော့အခုခေတ်မှာ ကျောင်း ဆိုရင်တောင် အစိုးရကျောင်း တွေအပြင်ပုဂ္ဂလိက ကျောင်း တွေတောင် ပေါ်နေပြီလေ။ 
 
အခုဆိုရင်နိုင်ငံခြားသားတွေ က မြန်မာမှုနဲ့ ပတ်သက်ပြီး လာရောက် လေ့လာကြတယ်။ အဲဒီ အခါမျိုးမှာကျွန်တော် တို့ ကျောင်းက မြန်မာမှုနဲ့ပတ်သက်တာတွေကို နိုင်ငံခြား သားတွေကို ပြချင်တယ်” လို့ အနုပညာသင်တန်းကျောင်း ကြီး ဖွင့်လှစ်ဖို့နဲ့ပတ်သက်ပြီး တင်မောင်ဆန်းမင်းဝင်းက ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ
Popular Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment