Pages

Tuesday, January 28, 2014

အဂတိလိုက်စားတဲ့တရားသူကြီးတွေကို ပြည်သူတွေဖမ်းမယ်

Photo: အဂတိလိုက်စားတဲ့တရားသူကြီးတွေကို ပြည်သူတွေဖမ်းမယ်
Tuesday, January 28, 2014 

နန်းထိုက်တော်ဝင်စားသောက် ဆိုင်ပိုင်ရှင်ဦးအိုက်လင်းကMD CF အဖွဲ့ခေါင်းဆောင်ကိုထင်ကျော် ကိုတရားစွဲဆိုထားသည့်ပုဒ်မ ၅၀၀ အသရေဖျက်မှုတွင်မမှန် သက်သေတင်သွင်းမှုနှင့်တရားရုံး ကျမ်းကျိန်လွှာလိမ်ညာထွက်ဆိုမှု တို့ကြောင့်ပုဒ်မ ၁၉၁ အရ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှကိုထင်ကျော် ထံရုံးချိန်းဆင့်ခေါ်ရာတွင်ဆင့်ခေါ် စာကိုလိပ်စာလွှဲပြောင်းပို့နေသည့် အတွက်အဂတိလိုက်စားမှုရှိနေပြီ ဟုဆိုကာဇန်န၀ါရီလ ၂၇ ရက်နေ့ ကအရှေ့ပိုင်းခရိုင်တရားရုံးရှေ့၌ ကိုထင်ကျော်က တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်းသိရသည်။

တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ကိုထင်ကျော်ကပြော ကြားရာတွင် မရမ်းကုန်း ၆ရပ်ကွက် မြေကို ဦးအိုက်လင်းကသိမ်းယူခဲ့ ကြောင်း၊ ချက်ကိုစလိုဗက်ကီးယား သံရုံးမြေကိုလည်းသိမ်းယူခဲ့ကြောင်း ယင်းကိစ္စကို၎င်းမှအမှုဖွင့်ရာအမှု ဖွင့်ခွင့်မပေးဘဲအသရေဖျက်မှုဖြင့် ဦးအိုက်လင်းကတရားစွဲ၍ ကိုထင်ကျော်နှင့်မြေသိမ်းခံပြည်သူ များကိုချက်ချင်းအရေးယူဖမ်းဆီး ကြောင်းဆိုပါသည်။

“အခုသူစွဲထားတဲ့ပုဒ်မ ၅၀၀ မှာ မမှန်သက်သေတင်သွင်းမှု၊ တရားရုံးကျမ်းကျိန်လွှာကိုလိမ်ညာ ထွက်ဆိုမှုကိုကျွန်တော်ကပုဒ်မ ၁၉၁ အရဦးတိုက်လျှောက်လိုက် တော့ပြစ်မှုမြောက်သွားတယ်၊၊ ခရိုင်ရုံးကိုပြင်ဆင်ချက်လျှောက်တယ်၊ မြို့နယ်တရားသူကြီးကနိုင်ငံတော် သက်သေအဖြစ်ဦးဆောင်ပြီး ကျွန်တော်ပါဝင်ထွက်ဆိုရမယ်။ အဲဒါကို ၁၂ လပိုင်း ၃၀ ရက်နေ့ ပထမရုံးချိန်းခေါ်တယ်။ အဲဒီအချိန် မှာကျွန်တော်ကထောင်ထဲမှာ ကျွန်တော့်ကိုသက်သေအဖြစ်ခေါ် ဖို့အတွက် အရှေ့ပိုင်းခရိုင်တရား သူကြီးကထောင်ထုတ်ဝရမ်းနဲ့လာ မထုတ်ဘူး၊ နောက်တစ်ခါ ၁၄ ရက်နေ့ ၁ လပိုင်း ၂၀၁၄ ရုံးချိန်း ကိုလည်းကျွန်တော်မသိရဘူး၊ အခုတတိယမြောက်ရုံးချိန်းမှာ မြောက်ဥက္ကလာတရားရုံးကိုဘယ်လို လူမျိုးကမီးရှို့လိုက်သလဲမသိဘူး၊ သက်သေခံပစ်္စည်းအခန်းနဲ့ကျွန်တော် တရားရုံးတက်နေရတဲ့အခန်းကို မီးလောင်တယ်၊ ဒီဖြစ်စဉ်မှာတရား ရုံးကိုနတ်စောင့်တယ်၊ လျို့ဝှက် ခေါ်ထားတဲ့ရုံးဆင့်စာကမီးမလောင် ဘဲနဲ့ရေထဲမှာမျောနေတယ်၊ အဲဒီ ရေထဲမျောနေတဲ့စာရွက်လေးကို တရားသူကြီးဦးခင်မောင်စီကသူ့ နာမည်မပြောပါနဲ့တဲ့၊ လက်သိပ် ထိုးပြီးကျွန်တော့်ကိုပေးရတဲ့ဘ၀ ရောက်တယ်၊ ဒီရုံးချိန်းမှမလာရင် ကျွန်တော်တို့စွဲတဲ့နိုင်ငံတော်အမှု ကြီးကပြောင်းပြန်ဖြစ်ပြီးတရားသူကြီး ဦးခင်မောင်စီနဲ့ ကျွန်တော်လက် ချင်းချိတ်ထောင်ထဲကိုနှစ်နှစ်ဝင်ရ မှာ၊ အဲဒါအရှေ့ပိုင်းခရိုင်တရားသူကြီး အချို့ရဲ့ယုတ်မာရက်စက်မှုဖြစ် တယ်”ဟုကိုထင်ကျော်ကပြော ကြားသည်။

ဆက်လက်ပြီးကိုထင်ကျော် ကတရားသူကြီးအားလုံးကိုမဆိုလို ကြောင်း၊ လူ့ကျင့်ဝတ်နှင့်ညီသော တရားရေးနှင့်တရားသူကြီးများ လည်းရှိကြောင်း၊ ယနေ့လူထုက စနစ်နှင့်အတူလိုက်ပါပြောင်းလဲ နေချိန်တွင်လူထုကိုစာနာမှုထားပြီး မလိုတမျိုးလိုတစ်မျိုးစိတ်ဓာတ်များ ပြင်စေလိုကြောင်း၊ ၎င်း၏လိပ်စာ အမှန်ကိုသိရက်နှင့် တောင်ဒဂုံကို အလုံဟုရေးထားသည့်ဆင့်ခေါ် စာမှာလုံးဝမရိုးသားကြောင်းပြော ကြားလိုက်သည်။

“ဒီလိုတရားသူကြီးတွေကြောင့် ပြည်သူတွေပြည်သူ့ဝန်ထမ်းတွေ မလုံခြုံဘူး။ အဲဒီတော့အဂတိ လိုက်စားတဲ့တရားသူကြီးတွေကို ဘယ်သူဖမ်းမလဲ”ဟုကိုထင်ကျော်  ကပြောကြားရာလာရောက်နားထောင် သူ ပြည်သူများကပြည်သူဖမ်းမယ် ဟုဟစ်အော်ခဲ့ကြသည်။  

ဇော်မြင့်

 The Hot News Weekly.

RangonNewsDaily:: January . 28 .2014
နန်းထိုက်တော်ဝင်စားသောက် ဆိုင်ပိုင်ရှင်ဦးအိုက်လင်းကMD CF အဖွဲ့ခေါင်းဆောင်ကိုထင်ကျော် ကိုတရားစွဲဆိုထားသည့်ပုဒ်မ ၅၀၀ အသရေဖျက်မှုတွင်မမှန် သက်သေတင်သွင်းမှုနှင့်တရားရုံး ကျမ်းကျိန်လွှာလိမ်ညာထွက်ဆိုမှု တို့ကြောင့်ပုဒ်မ ၁၉၁ အရ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှကိုထင်ကျော် ထံရုံးချိန်းဆင့်ခေါ်ရာတွင်ဆင့်ခေါ် စာကိုလိပ်စာလွှဲပြောင်းပို့နေသည့် အတွက်အဂတိလိုက်စားမှုရှိနေပြီ ဟုဆိုကာဇန်န၀ါရီလ ၂၇ ရက်နေ့ ကအရှေ့ပိုင်းခရိုင်တရားရုံးရှေ့၌ ကိုထင်ကျော်က တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်းသိရသည်။

တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ကိုထင်ကျော်ကပြော ကြားရာတွင် မရမ်းကုန်း ၆ရပ်ကွက် မြေကို ဦးအိုက်လင်းကသိမ်းယူခဲ့ ကြောင်း၊ ချက်ကိုစလိုဗက်ကီးယား သံရုံးမြေကိုလည်းသိမ်းယူခဲ့ကြောင်း ယင်းကိစ္စကို၎င်းမှအမှုဖွင့်ရာအမှု ဖွင့်ခွင့်မပေးဘဲအသရေဖျက်မှုဖြင့် ဦးအိုက်လင်းကတရားစွဲ၍ ကိုထင်ကျော်နှင့်မြေသိမ်းခံပြည်သူ များကိုချက်ချင်းအရေးယူဖမ်းဆီး ကြောင်းဆိုပါသည်။

“အခုသူစွဲထားတဲ့ပုဒ်မ ၅၀၀ မှာ မမှန်သက်သေတင်သွင်းမှု၊ တရားရုံးကျမ်းကျိန်လွှာကိုလိမ်ညာ ထွက်ဆိုမှုကိုကျွန်တော်ကပုဒ်မ ၁၉၁ အရဦးတိုက်လျှောက်လိုက် တော့ပြစ်မှုမြောက်သွားတယ်၊၊ ခရိုင်ရုံးကိုပြင်ဆင်ချက်လျှောက်တယ်၊ မြို့နယ်တရားသူကြီးကနိုင်ငံတော် သက်သေအဖြစ်ဦးဆောင်ပြီး ကျွန်တော်ပါဝင်ထွက်ဆိုရမယ်။ 
 
အဲဒါကို ၁၂ လပိုင်း ၃၀ ရက်နေ့ ပထမရုံးချိန်းခေါ်တယ်။ အဲဒီအချိန် မှာကျွန်တော်ကထောင်ထဲမှာ ကျွန်တော့်ကိုသက်သေအဖြစ်ခေါ် ဖို့အတွက် အရှေ့ပိုင်းခရိုင်တရား သူကြီးကထောင်ထုတ်ဝရမ်းနဲ့လာ မထုတ်ဘူး၊ နောက်တစ်ခါ ၁၄ ရက်နေ့ ၁ လပိုင်း ၂၀၁၄ ရုံးချိန်း ကိုလည်းကျွန်တော်မသိရဘူး၊ အခုတတိယမြောက်ရုံးချိန်းမှာ မြောက်ဥက္ကလာတရားရုံးကိုဘယ်လို လူမျိုးကမီးရှို့လိုက်သလဲမသိဘူး၊ 
 
သက်သေခံပစ်္စည်းအခန်းနဲ့ကျွန်တော် တရားရုံးတက်နေရတဲ့အခန်းကို မီးလောင်တယ်၊ ဒီဖြစ်စဉ်မှာတရား ရုံးကိုနတ်စောင့်တယ်၊ လျို့ဝှက် ခေါ်ထားတဲ့ရုံးဆင့်စာကမီးမလောင် ဘဲနဲ့ရေထဲမှာမျောနေတယ်၊ အဲဒီ ရေထဲမျောနေတဲ့စာရွက်လေးကို တရားသူကြီးဦးခင်မောင်စီကသူ့ နာမည်မပြောပါနဲ့တဲ့၊ လက်သိပ် ထိုးပြီးကျွန်တော့်ကိုပေးရတဲ့ဘ၀ ရောက်တယ်၊ 
 
ဒီရုံးချိန်းမှမလာရင် ကျွန်တော်တို့စွဲတဲ့နိုင်ငံတော်အမှု ကြီးကပြောင်းပြန်ဖြစ်ပြီးတရားသူကြီး ဦးခင်မောင်စီနဲ့ ကျွန်တော်လက် ချင်းချိတ်ထောင်ထဲကိုနှစ်နှစ်ဝင်ရ မှာ၊ အဲဒါအရှေ့ပိုင်းခရိုင်တရားသူကြီး အချို့ရဲ့ယုတ်မာရက်စက်မှုဖြစ် တယ်”ဟုကိုထင်ကျော်ကပြော ကြားသည်။

ဆက်လက်ပြီးကိုထင်ကျော် ကတရားသူကြီးအားလုံးကိုမဆိုလို ကြောင်း၊ လူ့ကျင့်ဝတ်နှင့်ညီသော တရားရေးနှင့်တရားသူကြီးများ လည်းရှိကြောင်း၊ ယနေ့လူထုက စနစ်နှင့်အတူလိုက်ပါပြောင်းလဲ နေချိန်တွင်လူထုကိုစာနာမှုထားပြီး မလိုတမျိုးလိုတစ်မျိုးစိတ်ဓာတ်များ ပြင်စေလိုကြောင်း၊ ၎င်း၏လိပ်စာ အမှန်ကိုသိရက်နှင့် တောင်ဒဂုံကို အလုံဟုရေးထားသည့်ဆင့်ခေါ် စာမှာလုံးဝမရိုးသားကြောင်းပြော ကြားလိုက်သည်။

“ဒီလိုတရားသူကြီးတွေကြောင့် ပြည်သူတွေပြည်သူ့ဝန်ထမ်းတွေ မလုံခြုံဘူး။ အဲဒီတော့အဂတိ လိုက်စားတဲ့တရားသူကြီးတွေကို ဘယ်သူဖမ်းမလဲ”ဟုကိုထင်ကျော် ကပြောကြားရာလာရောက်နားထောင် သူ ပြည်သူများကပြည်သူဖမ်းမယ် ဟုဟစ်အော်ခဲ့ကြသည်။

ဇော်မြင့်
The Hot News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment