Pages

Tuesday, January 28, 2014

" ချစ်သူများနေ့နဲ့ စန္ဒီမြင့်လွင် "

Photo: " ချစ်သူများနေ့နဲ့ စန္ဒီမြင့်လွင် "
Tuesday, January 28, 2014

စမိုင်းရဲ့Make Up Store ဆိုင် ဖွင့်ပွဲမှာ စန္ဒီမြင့်လွင်က ယူရေနီယံ အက အဖွဲ့နဲ့ သီချင်း နှစ်ပုဒ် သီဆို ဖျော်ဖြေ ခဲ့ပါတယ်။ အဆိုဘက်မှာရော၊ သရုပ်ဆောင် ဘက်မှာပါ ပရိသတ် လက်ခံ အားပေးမှု ရရှိထားတဲ့ အဆိုတော် စန္ဒီမြင့်လွင် က ဇာတ်ကား ရိုက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး ”အခု သရုပ်ဆောင် ဇေရဲထက်နဲ့ ဗီဒီယို တစ်ကား ရိုက်ထားတယ်။ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ နောက်ပိုင်းမှာလည်း ကိုယ်နဲ့ အဆင်ပြေမယ့် ဇာတ်ကားတွေ ဆိုရင် ဆက်တိုက်ရိုက် ဖြစ်သွားမှာပါ” လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၁၄ရက်၊ ချစ်သူများနေ့ မှာတော့ ရန်ကုန်မှာ ရှိုးဆိုဖို့ ရှိတယ် လို့ပြောတဲ့ စန္ဒီမြင့်လွင်က

”ဒီနှစ် ဖေဖော်ဝါရီက ဒီးဒီ အတွက် အမှတ်တရ ဖြစ်မှာပါ။ ဖေဖော်ဝါရီ ၁၄ရက် ရောက်ရင် ရန်ကုန်မှာပဲ ရှိုးဆိုမယ်။ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမယ်။ နောက်ပြီးတော့ ဒုတိယမြောက် တစ်ကိုယ်တော် ‘ကလီယိုပက်ထရာ’ အခွေလည်း ထွက်မယ်လေ။ အဲဒီအခွေမှာ ကိုယ်တိုင်ရေး တစ်ပုဒ် ပါတယ်။ မဖြူဖြူကျော်သိန်းနဲ့ တွဲဆိုထားတဲ့ ကလီယို ပက်ထရာ သီချင်းကလည်း အမှတ်တရ ရှိတာကြောင့် ဒီလို Title ပေးဖြစ်သွားတာ။ ဒါလည်း အမှတ်တရပါပဲ။ ဖေဖော်ဝါရီမှာ ထွက်နိုင်အောင်လို့ ကြိုးစားနေတာပါ။ တကယ်လို့ မထွက်ဖြစ်ခဲ့ရင်တောင် မတ်လဆန်း ပိုင်းလောက်တော့ ထွက်ဖြစ်အောင် ထွက်မှာပါ။ ပထမ အခွေထက် ပိုကောင်းတဲ့ သီချင်းတွေ ထည့်ထားတယ်” လို့ ပြောပါတယ်။ စုံတွဲအဖွဲ့လိုက် အခွေတွေ အပြင် ပထမဆုံးစီးရီး ‘ဆေးရောင်လှလှ ခြယ်ရအောင်’ မှာလည်း ထင်ထားတာထက် ပရိသတ် လက်ခံ အားပေးမှု ရှိခဲ့တဲ့ အပြင် အခု ‘ကလီယို ပက်ထရာ’ အခွေ ကိုလည်း ပရိသတ် လက်ခံ အားပေး လိမ့်မယ်လို့ ယုံကြည်ကြောင်း စန္ဒီမြင့်လွင်က ထပ်လောင်း ပြောခဲ့ပါတယ်။

Mဘွယ်
Popular Journal

RangonNewsDaily:: January . 28 .2014
စမိုင်းရဲ့Make Up Store ဆိုင် ဖွင့်ပွဲမှာ စန္ဒီမြင့်လွင်က ယူရေနီယံ အက အဖွဲ့နဲ့ သီချင်း နှစ်ပုဒ် သီဆို ဖျော်ဖြေ ခဲ့ပါတယ်။ အဆိုဘက်မှာရော၊ သရုပ်ဆောင် ဘက်မှာပါ ပရိသတ် လက်ခံ အားပေးမှု ရရှိထားတဲ့ အဆိုတော် စန္ဒီမြင့်လွင် က ဇာတ်ကား ရိုက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး ”အခု သရုပ်ဆောင် ဇေရဲထက်နဲ့ ဗီဒီယို တစ်ကား ရိုက်ထားတယ်။ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ နောက်ပိုင်းမှာလည်း ကိုယ်နဲ့ အဆင်ပြေမယ့် ဇာတ်ကားတွေ ဆိုရင် ဆက်တိုက်ရိုက် ဖြစ်သွားမှာပါ” လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၁၄ရက်၊ ချစ်သူများနေ့ မှာတော့ ရန်ကုန်မှာ ရှိုးဆိုဖို့ ရှိတယ် လို့ပြောတဲ့ စန္ဒီမြင့်လွင်က

”ဒီနှစ် ဖေဖော်ဝါရီက ဒီးဒီ အတွက် အမှတ်တရ ဖြစ်မှာပါ။ ဖေဖော်ဝါရီ ၁၄ရက် ရောက်ရင် ရန်ကုန်မှာပဲ ရှိုးဆိုမယ်။ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမယ်။ နောက်ပြီးတော့ ဒုတိယမြောက် တစ်ကိုယ်တော် ‘ကလီယိုပက်ထရာ’ အခွေလည်း ထွက်မယ်လေ။ အဲဒီအခွေမှာ ကိုယ်တိုင်ရေး တစ်ပုဒ် ပါတယ်။ မဖြူဖြူကျော်သိန်းနဲ့ တွဲဆိုထားတဲ့ ကလီယို ပက်ထရာ သီချင်းကလည်း အမှတ်တရ ရှိတာကြောင့် ဒီလို Title ပေးဖြစ်သွားတာ။ 
 
ဒါလည်း အမှတ်တရပါပဲ။ ဖေဖော်ဝါရီမှာ ထွက်နိုင်အောင်လို့ ကြိုးစားနေတာပါ။ တကယ်လို့ မထွက်ဖြစ်ခဲ့ရင်တောင် မတ်လဆန်း ပိုင်းလောက်တော့ ထွက်ဖြစ်အောင် ထွက်မှာပါ။ ပထမ အခွေထက် ပိုကောင်းတဲ့ သီချင်းတွေ ထည့်ထားတယ်” လို့ ပြောပါတယ်။
 
စုံတွဲအဖွဲ့လိုက် အခွေတွေ အပြင် ပထမဆုံးစီးရီး ‘ဆေးရောင်လှလှ ခြယ်ရအောင်’ မှာလည်း ထင်ထားတာထက် ပရိသတ် လက်ခံ အားပေးမှု ရှိခဲ့တဲ့ အပြင် အခု ‘ကလီယို ပက်ထရာ’ အခွေ ကိုလည်း ပရိသတ် လက်ခံ အားပေး လိမ့်မယ်လို့ ယုံကြည်ကြောင်း စန္ဒီမြင့်လွင်က ထပ်လောင်း ပြောခဲ့ပါတယ်။

Mဘွယ်
Popular Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment