Pages

Tuesday, January 28, 2014

ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေးထက် မြင့်မားခဲ့တဲ့ နေမားရဲ့ ပြောင်းရွေ့ကြေး

Photo: ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေးထက် မြင့်မားခဲ့တဲ့ နေမားရဲ့ ပြောင်းရွေ့ကြေး 
Tuesday, January 28, 2014

ဘာစီလိုနာ အသင်းအနေဖြင့် နေမားအတွက် ပြောင်းရွေ့ကြေးကို ယူရို (၅၇)သန်းဟုသာ တရားဝင် ဖော်ပြထားသော်လည်း၊ အမှန်တကယ် ကုန်ကျခဲ့သော ပြောင်းရွေ့ကြေးမှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေးအဖြစ် မှတ်တမ်းဝင်ထားသော ဘေးလ်ထက်ပင် ပိုမိုများပြားနေခဲ့သည်။

နေမား၏ အပြောင်းအရွေ့ အတွက် အဓိက နေရာမှ ပါဝင် လှုပ်ရှားပေးခဲ့သူ ဒါရိုက်တာ ရာအူးလ်က နေမား၏ ပြောင်းရွေ့ကြေး၊ လုပ်ခလစာနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားခဲ့သည်။ နေမား၏ အပြောင်းအရွေ့ အတွက် ဘရာဇီးသို့ ယမန်နှစ်ကတည်းက သွားရောက်ခဲ့သူ ရာအူးလ်က - “နေမားရဲ့ တရားဝင် ပြောင်းရွေ့ကြေးက ယူရို (၅၇.၁)သန်းပါ၊ စာချုပ်လျော်ကြေး အတွက် ယူရို (၂၉.၁)သန်း၊ နေမားရဲ့ လစာအတွက်က ယူရို(၄၄)သန်းအထိ တန်ကြေး ရှိနေပါတယ်၊ အမှန်တော့ မူရင်းပြောင်းရွေ့ကြေးက ဆန်းတို့စ်ကို ပေးရတာ (၁၇.၁)သန်းပါပဲ၊ ကျန်တဲ့ သန်း(၄၀)ကို နေမားမိသားစု ရှယ်ယာပိုင်ထားတဲ့ N & N ကုမ္မဏီကို ပေးခဲ့ရတာပါ၊ ဆန်းတို့ အနေနဲ့ကတော့ နေမားသာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရခဲ့မယ် ဆိုရင် နောက်ထပ် အပိုဆောင်း ယူရို(၂)သန်း ခံစားခွင့်ရမှာပါ၊ ဒီဆုကြေးကိုလည်း ဘာစီလိုနာကပဲ ပေးရမှာပါ” ဟု ရှင်းလင်းသွားခဲ့သည်။ 

ထို့ကြောင့် စုစုပေါင်း နေမားအတွက် ကုန်ကျခဲ့သော ပြောင်းရွေ့ကြေးမှာ ယူရို(၁၃၂.၂)သန်းအထိ ရှိနေကြောင်း ထုတ်ဖော်ရှင်းလင်း သွားခဲ့သည်။

Written by အောင်ဇော်လတ်(မိုးနဲ)
FOOTBALL CAFE

RangonNewsDaily:: January . 28 .2014
ဘာစီလိုနာ အသင်းအနေဖြင့် နေမားအတွက် ပြောင်းရွေ့ကြေးကို ယူရို (၅၇)သန်းဟုသာ တရားဝင် ဖော်ပြထားသော်လည်း၊ အမှန်တကယ် ကုန်ကျခဲ့သော ပြောင်းရွေ့ကြေးမှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေးအဖြစ် မှတ်တမ်းဝင်ထားသော ဘေးလ်ထက်ပင် ပိုမိုများပြားနေခဲ့သည်။ နေမား၏ အပြောင်းအရွေ့ အတွက် အဓိက နေရာမှ ပါဝင် လှုပ်ရှားပေးခဲ့သူ ဒါရိုက်တာ ရာအူးလ်က နေမား၏ ပြောင်းရွေ့ကြေး၊ လုပ်ခလစာနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားခဲ့သည်။
 
 နေမား၏ အပြောင်းအရွေ့ အတွက် ဘရာဇီးသို့ ယမန်နှစ်ကတည်းက သွားရောက်ခဲ့သူ ရာအူးလ်က - “နေမားရဲ့ တရားဝင် ပြောင်းရွေ့ကြေးက ယူရို (၅၇.၁)သန်းပါ၊ စာချုပ်လျော်ကြေး အတွက် ယူရို (၂၉.၁)သန်း၊ နေမားရဲ့ လစာအတွက်က ယူရို(၄၄)သန်းအထိ တန်ကြေး ရှိနေပါတယ်၊ 
 
အမှန်တော့ မူရင်းပြောင်းရွေ့ကြေးက ဆန်းတို့စ်ကို ပေးရတာ (၁၇.၁)သန်းပါပဲ၊ ကျန်တဲ့ သန်း(၄၀)ကို နေမားမိသားစု ရှယ်ယာပိုင်ထားတဲ့ N & N ကုမ္မဏီကို ပေးခဲ့ရတာပါ၊ ဆန်းတို့ အနေနဲ့ကတော့ နေမားသာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရခဲ့မယ် ဆိုရင် နောက်ထပ် အပိုဆောင်း ယူရို(၂)သန်း ခံစားခွင့်ရမှာပါ၊ ဒီဆုကြေးကိုလည်း ဘာစီလိုနာကပဲ ပေးရမှာပါ” ဟု ရှင်းလင်းသွားခဲ့သည်။

ထို့ကြောင့် စုစုပေါင်း နေမားအတွက် ကုန်ကျခဲ့သော ပြောင်းရွေ့ကြေးမှာ ယူရို(၁၃၂.၂)သန်းအထိ ရှိနေကြောင်း ထုတ်ဖော်ရှင်းလင်း သွားခဲ့သည်။

FOOTBALL CAFE , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment