Pages

Tuesday, January 28, 2014

ဘီဘာကို အမေရိကန်မှ နှင်ထုတ်ရန် လူ(၄၀၀၀၀)ခန့် ဝိုင်းဝန်းတောင်းဆို

ဘီဘာကို အမေရိကန်မှ နှင်ထုတ်ရန် လူ(၄၀၀၀၀)ခန့် ဝိုင်းဝန်းတောင်းဆို
Tuesday, January 28, 2014 

အရက်မူးပြီး ကားမောင်းမှုအတွက် ဖမ်းဆီးခံရသလို အိမ်နီးချင်းများကို ကြက်ဥဖြင့် ပစ်ပေါက်ခဲ့ကြောင်း စွပ်စွဲမှုများကြောင့် သတင်းဆိုး ထွက်နေသည့် ကနေဒါ Popဂီတစတား လူငယ်အဆိုတော်ကို အမေရိကန်မှ နှင်ထုတ်ပေးပါရန် သမ္မတ အိုဘားမားထံသို့ လူပေါင်း (၄၀၀၀၀)ခန့်က စုရုံးပန်ကြားကာ စာရေးသား ပေးပို့ခဲ့ကြောင်း သတင်းများက ဆိုသည်

ဂျက်စတင်ဘီဘာကို အမေရိကန် နိုင်ငံသူ နိုင်ငံသားများ မလိုလားမှုသည် တစ်စထက်တစ်စ မြင့်တက်လာပြီဟု သိရှိရသည်။ မကြာသေးမီက အရက်မူးပြီး ကားမောင်းမှုအတွက် ဖမ်းဆီးခံရသလို အိမ်နီးချင်းများကို ကြက်ဥဖြင့် ပစ်ပေါက်ခဲ့ကြောင်း စွပ်စွဲမှုများကြောင့် သတင်းဆိုး ထွက်နေသည့် ကနေဒါ Popဂီတစတား လူငယ်အဆိုတော်ကို အမေရိကန်မှ နှင်ထုတ်ပေးပါရန် သမ္မတ အိုဘားမားထံသို့ လူပေါင်း (၄၀၀၀၀)ခန့်က စုရုံးပန်ကြားကာ စာရေးသား ပေးပို့ခဲ့ကြောင်း သတင်းများက ဆိုသည်။ Beleibersခေါ် ဘီဘာကို နှစ်သက်အားပေးသူ ပရိသတ်များစွာ ရှိနေသလို ၎င်းအပေါ် စိတ်ပျက်နေသူ များစွာလည်း အရှိန်အဟုန်နှင့် တိုးပွားလာပြီး အမေရိကန်တွင် ဘီဘာကို ဆက်နေခွင့်ပင် မပေးလိုသည်အထိ မျက်မုန်းကျိုးလာခြင်း ဖြစ်သည်။

ဘီဘာအနေဖြင့် ဆေးခြောက်သုံးခြင်း၊ အရက်မူးကာ ရမ်းကားခြင်း အစရှိသော အပြုအမူများကြောင့်ပါ နာမည်ပျက်နေပြီး We The Peopleမှတစ်ဆင့် လူပေါင်းများစွာက အိမ်ဖြူတော်သို့ ချိတ်ဆက်ကာ ဘီဘာကို အမေရိကန် ပြည်ထောင်စုထဲမှ ဖယ်ရှားပေးပါရန် တောင်းဆိုခဲ့ကြခြင်းဟု သိရသည်။ အများစုက ဘီဘာ၏ Green Cardကို ပယ်ဖျက်ကာ ၎င်းကို ကနေဒါသို့ ပြန်ပို့ရန်  လိုလားနေကြသည်။ သို့သော်လည်း စည်းမျဉ်းများအရ ယင်းအခြေအနေ တစ်ရပ်ကို လူပေါင်း(၁၀၀၀၀၀)က အသနားခံ တောင်းဆိုလာမှသာ သမ္မတက လက်ခံ စဉ်းစားနိုင်မည် ဖြစ်သည်။

"အမေရိကန် ပြည်သူတွေ အနေနဲ့ အန္တရာယ်များတဲ့၊ ဖျက်လိုဖျက်ဆီးနိုင်တဲ့၊ မူးယစ်ရမ်းကားတဲ့ ဂျက်စတင်ဘီဘာကို နိုင်ငံထဲက နှင်ထုတ်ပြီး သူ့ရဲ့ Green Cardကို ရုပ်သိမ်းစေဖို့ လိုလားပါတယ်"ဆိုသော ဖော်ပြချက်အောက်တွင် လူပေါင်းများစွာက ပါဝင်၍ ထောက်ခံ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ထိုဖော်ပြချက်တွင် "သူဟာ အမေရိကန် နိုင်ငံသားတွေရဲ့ လုံခြုံမှုကိုတော့ ခြိမ်းခြောက်မနေပါဘူး။ ဒါပေမဲ့ သူဟာ နိုင်ငံရဲ့ လူငယ်လူရွယ်တွေအပေါ် ဆိုးရွားလွန်းတဲ့ လွှမ်းမိုးမှုတွေ ဖြစ်လာစေလိမ့်မယ်။ သူ့ကို အမေရိကန် လူ့အဖွဲ့အစည်းကနေ အပြီးတိုင် ဖယ်ထုတ်စေလိုပါတယ်"ဟု လည်း ရေးသားထားကြောင်း သိရှိရသည်။

Planet Myanmar network

RangonNewsDaily:: January . 28 .2014
အရက်မူးပြီး ကားမောင်းမှုအတွက် ဖမ်းဆီးခံရသလို အိမ်နီးချင်းများကို ကြက်ဥဖြင့် ပစ်ပေါက်ခဲ့ကြောင်း စွပ်စွဲမှုများကြောင့် သတင်းဆိုး ထွက်နေသည့် ကနေဒါ Popဂီတစတား လူငယ်အဆိုတော်ကို အမေရိကန်မှ နှင်ထုတ်ပေးပါရန် သမ္မတ အိုဘားမားထံသို့ လူပေါင်း (၄၀၀၀၀)ခန့်က စုရုံးပန်ကြားကာ စာရေးသား ပေးပို့ခဲ့ကြောင်း သတင်းများက ဆိုသည် ဂျက်စတင်ဘီဘာကို အမေရိကန် နိုင်ငံသူ နိုင်ငံသားများ မလိုလားမှုသည် တစ်စထက်တစ်စ မြင့်တက်လာပြီဟု သိရှိရသည်။ မကြာသေးမီက အရက်မူးပြီး ကားမောင်းမှုအတွက် ဖမ်းဆီးခံရသလို အိမ်နီးချင်းများကို ကြက်ဥဖြင့် ပစ်ပေါက်ခဲ့ကြောင်း စွပ်စွဲမှုများကြောင့် သတင်းဆိုး ထွက်နေသည့် ကနေဒါ Popဂီတစတား လူငယ်အဆိုတော်ကို အမေရိကန်မှ နှင်ထုတ်ပေးပါရန် သမ္မတ အိုဘားမားထံသို့ လူပေါင်း (၄၀၀၀၀)ခန့်က စုရုံးပန်ကြားကာ စာရေးသား ပေးပို့ခဲ့ကြောင်း သတင်းများက ဆိုသည်။ 
 
Beleibersခေါ် ဘီဘာကို နှစ်သက်အားပေးသူ ပရိသတ်များစွာ ရှိနေသလို ၎င်းအပေါ် စိတ်ပျက်နေသူ များစွာလည်း အရှိန်အဟုန်နှင့် တိုးပွားလာပြီး အမေရိကန်တွင် ဘီဘာကို ဆက်နေခွင့်ပင် မပေးလိုသည်အထိ မျက်မုန်းကျိုးလာခြင်း ဖြစ်သည်။

ဘီဘာအနေဖြင့် ဆေးခြောက်သုံးခြင်း၊ အရက်မူးကာ ရမ်းကားခြင်း အစရှိသော အပြုအမူများကြောင့်ပါ နာမည်ပျက်နေပြီး We The Peopleမှတစ်ဆင့် လူပေါင်းများစွာက အိမ်ဖြူတော်သို့ ချိတ်ဆက်ကာ ဘီဘာကို အမေရိကန် ပြည်ထောင်စုထဲမှ ဖယ်ရှားပေးပါရန် တောင်းဆိုခဲ့ကြခြင်းဟု သိရသည်။ 
 
အများစုက ဘီဘာ၏ Green Cardကို ပယ်ဖျက်ကာ ၎င်းကို ကနေဒါသို့ ပြန်ပို့ရန် လိုလားနေကြသည်။ သို့သော်လည်း စည်းမျဉ်းများအရ ယင်းအခြေအနေ တစ်ရပ်ကို လူပေါင်း(၁၀၀၀၀၀)က အသနားခံ တောင်းဆိုလာမှသာ သမ္မတက လက်ခံ စဉ်းစားနိုင်မည် ဖြစ်သည်။

"အမေရိကန် ပြည်သူတွေ အနေနဲ့ အန္တရာယ်များတဲ့၊ ဖျက်လိုဖျက်ဆီးနိုင်တဲ့၊ မူးယစ်ရမ်းကားတဲ့ ဂျက်စတင်ဘီဘာကို နိုင်ငံထဲက နှင်ထုတ်ပြီး သူ့ရဲ့ Green Cardကို ရုပ်သိမ်းစေဖို့ လိုလားပါတယ်"ဆိုသော ဖော်ပြချက်အောက်တွင် လူပေါင်းများစွာက ပါဝင်၍ ထောက်ခံ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ 
 
ထိုဖော်ပြချက်တွင် "သူဟာ အမေရိကန် နိုင်ငံသားတွေရဲ့ လုံခြုံမှုကိုတော့ ခြိမ်းခြောက်မနေပါဘူး။ ဒါပေမဲ့ သူဟာ နိုင်ငံရဲ့ လူငယ်လူရွယ်တွေအပေါ် ဆိုးရွားလွန်းတဲ့ လွှမ်းမိုးမှုတွေ ဖြစ်လာစေလိမ့်မယ်။ သူ့ကို အမေရိကန် လူ့အဖွဲ့အစည်းကနေ အပြီးတိုင် ဖယ်ထုတ်စေလိုပါတယ်"ဟု လည်း ရေးသားထားကြောင်း သိရှိရသည်။

Planet Myanmar network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment