Pages

Tuesday, January 28, 2014

ဒုချီရာတန်း အနောက်ရွာကို လုံထိန်းနှင့် ရခိုင်များက မီးရှို့


RangonNewsDaily:: January . 28 .2014
မောင်တော ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဒုချီရာတန်းရှိ ဒေသခံ ရိုဟင်ဂျာ အများစုသည် လက်နက်ကိုင် လုံထိန်းရဲ များနှင့် ရခိုင် အစွန်းရောက် များ၏ အန္တရာယ်မှ ရှောင်ကွင်း နိုင်ရန် အတွက် အနီး အနားရှိ နူရူလ္လာရွာ၊ ဘဂုံးနားရွာ၊ ဒုညောင်ပင်ကြီး၊ ပန်းတောပြင်၊ ဂေါ်ဒူသာရ ရွာများသို့ ထွက်ပြေး တိမ်းရှောင် ခဲ့သည်။ 
ယခုအခါ အခြားရွာ များတွင် နေထိုင်ရန် စားဝတ် နေရေးနှင့် နေထိုင်ရေး အခက် အခဲ ဖြစ်နေ သောကြောင့် မိမိ တို့၏ ရပ်ရွာသို့ ပြန်လည် နေထိုင်ရန် ၀င်ရောက် လာရာ ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် ကလေး များနှင့် အမျိုးသမီး ၂၀၀ ဦးခန့်၊ ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ၃၅ ဦး၊ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ၁၁၀ ဦးနှင့် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် ၁၆၀ ဦး အသီသီး ပြန်လည်၍ ၀င်ရောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 
ပြန်လည် ရောက်ရှိ လာသူ များ၏ နေအိမ် များတွင် ၎င်းတို့ ပိုင်ဆိုင်သည့် အ၀တ် အထည်များ၊ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဆန်၊ စပါးနှင့် အခြားသော ပစ္စည်းများ လုံးဝ မကျန်အောင် လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ရခိုင် အစွန်း ရောက်များ ယူဆောင် သွားသည့် အတွက် မည်သည့် ပစ္စည်းမှ မရှိသည့် အပြင် နေအိမ် တံခါးများ၊ ပြူတင်းပေါက် များပင် ဖြုတ်ယူ သွားသည်ဟု ဒေသခံ များက ပြောပါသည်။ ငွေကြေး ချမ်းသာသူ များထံတွင် ရှိသည့် သုံးဘီး ကားများ၊ မော်တော် ဆိုင်ကယ် များနှင့် စက်ဘီး များပါ မကျန် ရခိုင် အစွန်းရောက် များသယ်ဆောင် သွားကြောင်း သိရှိ ရပါသည်။ 
ယခု အခါ ဥရောပမှ စုံစမ်းရေး အဖွဲ့များ၊ ပြည်တွင်းမှ သတင်း ထောက်များက ဒုချီရာတန်း ကျေးရွာကို သွားရောက်၍ သတင်းယူမည် ဖြစ်သဖြင့် လုံခြုံရေး တာဝန် ယူထားသည့် လုံထိန်းများနှင့် ခရေမြိုင် နတလ ရခိုင်ရွာမှ ရခိုင် အစွန်းရောက်များ ပူးပေါင်း၍ ဒုချီရာတန်း အနောက်ရွာကို ယနေ့ ည ၈ နာရီ ၃၀ မိနစ် အချိန်မှ စ၍ မီးရှို့ လိုက်ကြောင်း သတင်း ရရှိပါသည်။ 
ယခု ကဲ့သို့ မီးရှို့ လိုက်ခြင်းမှာ လုံထိန်း များနှင့် ရခိုင် အစွန်းရောက်များ လုယက် သတ်ဖြတ် ခဲ့သည် များနှင့် ပတ်သက်၍ ကျန်နေသည့် သက်သေ များကို ဖျောက်ရန် ဖြစ်ပြီး၊ ယခု အချိန်ထိ နေအိမ် ၃ လုံး ပြာကျသွားပြီး၊ မီးငြိမ်းသတ်ခြင်း မပြုလုပ် နိုင်ရန် သေနတ်ဖြင့် အဆက် မပြတ် ပစ်လျက် ရှိကြောင်း ဒေသခံ များက RB News သို့ ပြောပါသည်။
 
RB News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment