Pages

Tuesday, January 28, 2014

ရန်ကင်းလမ်းမကြီးပေါ်တွင် ၃၃ထပ်အမြင့်ရှိ တိုက်ကိုးလုံးပါ ဟိုတယ်ဆောက်မည်

RangonNewsDaily:: January . 28 .2014
ရန်ကင်းမြို့နယ်၊ ရန်ကင်းလမ်းမကြီးပေါ်တွင် Golden City အမည်ရှိ နိုင်ငံတကာအဆင့်မီ စီမံကိန်း တစ်ခုအား စတင်တည်ဆောက် မည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက မဇ္ဈိမသို့ပြောသည်။ စင်ကာပူနိုင်ငံအခြေစိုက် Golden Land Real Estate Development ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ လုပ်ငန်း ရှင်အချို့ဖြင့် တည်ဆောက်သွားမည်ဖြစ်သည့် အဆိုပါစီမံကိန်း၏ ကြမ်းခင်းဧရိယာသည် စတုရန်းပေ ၃ ဒသမ ၆ သန်းရှိမည်ဟု ဆိုသည်။

အဆိုပါ စီမံကိန်းတွင် ၃၃ ထပ်ရှိ အထပ်မြင့်ဆောက်အအုံ ကိုးလုံးဖြင့် တည်ဆောက်မည်ဖြစ်ပြီး ကြယ် ငါးပွင့်အဆင့်ရှိ ဟိုတယ်၊ Elite Private Club အမည်ရှိ နိုင်ငံတကာ အဆင့်မီ ဈေးဝယ်စင်တာ၊ ရုံးခန်း များနှင့် လူနေအိမ်ခန်းများ ပါဝင်မည်ဟုဆိုသည်။

ပြည်ငြိမ်းသူဆောက်လုပ်ရေးမှ ဒါရိုက်တာ ဦးဇာနည်ရဲအောင်က “ဒီလို စီမံကိန်းမျိုးတွေပေါ်ထွက်လာ တာ ကောင်းပါတယ်။ မြို့ထဲမှာထက်စာရင် ရန်ကင်းလိုနေရာမျိုးမှာ ဟိုတယ်ကြီးတွေ ပေါ်ထွက်လာတာ ပိုကြိုက်တယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုလည်း ပိုညီသွားတာပေါ့။ မြို့ထဲမှာက အထပ်မြင့်တိုက်တွေ ကျပ် ညပ်နေပြီ။ နောက်ပြီး ဒီလိုစီမံကိန်းမျိုးတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာပြီဆိုတဲ့ပြယုဂ်တစ်ခုပါပဲ” ဟုပြောသည်။

ယင်းစီမံကိန်းသည် ရန်ကင်းမြို့နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေသည့် တတိယ မြောက်စီမံကိန်းဖြစ်ပြီး ပထမဆုံးမှာ ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်ဘေး တွင် ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်သည့် ဟိုတယ်ဖြစ်သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment