Pages

Thursday, December 19, 2013

အမေရိကန် ပြည်ထောင်စုရှိ ဆေးရုံ တစ်ရုံ၌ ပစ်ခတ်မှု ဖြစ်ပွား

Photo: အမေရိကန် ပြည်ထောင်စုရှိ ဆေးရုံ တစ်ရုံ၌ ပစ်ခတ်မှု ဖြစ်ပွား
Thursday, December 19, 2013

အမေရိကန် ပြည်ထောင်စု နဗားဒါ ပြည်နယ် ရီးနိုမြို့ရှိ ဆေးရုံ တစ်ရုံတွင် ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေနတ်သမား တစ်ဦးနှင့် အခြားပုဂ္ဂိုလ် တစ်ဦး သေဆုံးခဲ့ကြောင်း ရီးနို ရဲတပ်ဖွဲ့မှ လက်ထောက် အကြီးအကဲ တွမ်ရော်ဘင်ဆန်က ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုသည် Renown Regional ဆေးရုံ တတိယထပ်ရှိ ဦးနှောက်နှင့် အာရုံကြော ဌာနတွင် မွန်းလွဲ ၂ နာရီ ငါးမိနစ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေနတ် သမားသည် အခြား လူလေးဦးကို ပစ်ခတ် ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်၍ အဆုံးစီရင် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာ ရရှိ၍ တစ်ဦးမှာ သေဆုံး သွားခဲ့ပြီး ယင်းသေဆုံးသူ အမျိုးသမီးမှာ ဆရာဝန် တစ်ဦးဖြစ်ကြောင်း သိရသည်။ ထို့နောက် သေနတ် သမားသည် ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး ရှရွန် စပန်ဂလာက ပြောကြားခဲ့သည်။

ယခု အခါတွင် ရဲတပ်ဖွဲ့ဝင် များသည် ဆေးရုံ အဆောက်အအုံ ဝန်းကျင်တွင် လုံခြုံရေးများ တင်းကျပ်စွာ ချထားခဲ့ပြီး ပစ်ခတ်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: December . 19 .2013
အမေရိကန် ပြည်ထောင်စု နဗားဒါ ပြည်နယ် ရီးနိုမြို့ရှိ ဆေးရုံ တစ်ရုံတွင် ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေနတ်သမား တစ်ဦးနှင့် အခြားပုဂ္ဂိုလ် တစ်ဦး သေဆုံးခဲ့ကြောင်း ရီးနို ရဲတပ်ဖွဲ့မှ လက်ထောက် အကြီးအကဲ တွမ်ရော်ဘင်ဆန်က ထုတ်ဖော် ပြောကြားခဲ့သည်။ အဆိုပါပစ်ခတ်မှုသည်Renown Regional ဆေးရုံ တတိယထပ်ရှိ ဦးနှောက်နှင့် အာရုံကြော ဌာနတွင် မွန်းလွဲ
၂ နာရီ ငါးမိနစ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေနတ် သမားသည် အခြား လူလေးဦးကို ပစ်ခတ် ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်၍ အဆုံးစီရင် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 
 
ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာ ရရှိ၍ တစ်ဦးမှာ သေဆုံး သွားခဲ့ပြီး ယင်းသေဆုံးသူ အမျိုးသမီး
မှာ ဆရာဝန် တစ်ဦးဖြစ်ကြောင်း သိရသည်။ 
 
 ထို့နောက် သေနတ် သမားသည် ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး ရှရွန် စပန်ဂလာက ပြောကြားခဲ့သည်။

ယခု အခါတွင် ရဲတပ်ဖွဲ့ဝင် များသည် ဆေးရုံ အဆောက်အအုံ ဝန်းကျင်တွင် လုံခြုံရေးများ တင်းကျပ်စွာ ချထားခဲ့ပြီး ပစ်ခတ်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

မြ၀တီ ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment