Pages

Thursday, December 19, 2013

ဒီဇင်ဘာ၂၂ရက်နောက်ဆုံးထားပြီးရာထူးမှနုတ်ထွက်ရန် ဝန်ကြီးချုပ်ယင်လပ်ကိုထိုင်းဆန္ဒပြသူများတောင်းဆို

Photo: ဒီဇင်ဘာ၂၂ရက်နောက်ဆုံးထားပြီးရာထူးမှနုတ်ထွက်ရန် ဝန်ကြီးချုပ်ယင်လပ်ကိုထိုင်းဆန္ဒပြသူများတောင်းဆို
Thursday, December 19, 2013

ထိုင်းဆန္ဒပြအုပ်စုများသည် ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာကို ဒီဇင်ဘာ ၂၂ ရက် နောက်ဆုံးထားကာရာထူးမှ နုတ်ထွက် ရန် တောင်းဆိုလိုက်ကြောင်း ရိုက်တာ သတင်းဌာနက ယနေ့ဖော်ပြသည်။

ယခင် ဒုတိယဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သောဆူ သက်ခေါင်းဆောင်သည့် အတိုက်အခံဆန္ဒပြ အုပ်စုများသည် လာမည့်ဖေဖော်ဝါရီလတွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးအသွင်ပြောင်းလဲမှုများ ဖန် တီးရန်အတွက် ယာယီဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူနေသော ယင်လပ်ရှင် နာဝပ်ထရာကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခြင်းဖြစ်သည်ဟု သိရသည်။

အဓိကအတိုက်အခံပါတီဖြစ်သော ဒီမို ကရက်ပါတီမှ ဝန်ကြီးချုပ်ဟောင်းအဘီဆစ် ကို ရွေးကောက်ပွဲဝင်မည့် ပါတီခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့ခြင်းကိုလည်း ဆူသက်ခေါင်း ဆောင်သော ဆန္ဒပြအုပ်စုများက လက်ခံ မည့်အခြေအနေမျိုးမရှိခြင်းကြောင့် ထိုင်း နိုင်ငံရေးအကျပ်အတည်းမှာ ပိုမိုဆိုးရွားလာ နိုင်ကြောင်း ထိုင်းနိုင်ငံရေးကျွမ်းကျင်သူများ က သုံးသပ်နေကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။ ဆန္ဒပြခေါင်းဆောင် ဆူသက် က ယနေ့တွင်ဝန်ကြီးချုပ် နုတ်ထွက်ရန် လှုပ်ရှားနေသော ရှပ်ဝါအုပ်စုများကို မိန့်ခွန်း ပြောကြားခဲ့ရာ၌ ၄င်းတို့၏လှုပ်ရှားမှုများကို အဆုံးသတ်
အဆင့်ဆောင်ရွက်ရန် ပြင်ဆင် ထားကြောင်း ပြောကြားခဲ့သည်ဟု
သိရ သည်။ ဆူသက်က '' ရွေးကောက်ပွဲမကျင်း ပခင်မှာနိုင်ငံရေးအသွင်ပြောင်းလဲမှုတွေ ဖန် တီးဖို့လိုပါတယ်။ ဒါမှလဲနိုင်ငံအနာဂတ်မှာ မဖြစ်သင့်တဲ့အခြေအနေ
မျိုးတွေကို ရှောင်လွှဲ နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဥပမာအနေ နဲ့ပြောရရင် ထိုင်းဥပဒေတွေအရ ထောင်ဒဏ် ရင်ဆိုင်ရမယ့် သက်ဆင်ရဲ့လွှမ်းမိုးမှုတွေကို အခုအချိန်အထိ အုပ်ချုပ်ရေးပိုင်းမှာ တွေ့နေ ရတဲ့အဖြစ်မျိုးတွေပါ။

အုပ်ချုပ်ရေးပိုင်းကို ပြည်သူ့ကောင်စီနဲ့အစားထိုးချင်တယ်ဆိုတာ ကလဲ နိုင်ငံရေးအသွင်ပြောင်းစီမံကိန်းတွေ ကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ချင် လို့ဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော့်တို့ရဲ့ လှုပ်ရှားမှုတွေကို အဆုံးသတ်ဖို့ အချိန်တန်ပြီ ထင်ပါတယ်။ ဆန္ဒပြအုပ်စုဝင်တွေအားလုံး ဟာ လာမယ့်ဒီဇင်ဘာ ၂၂ ရက်နောက်ဆုံး ထားပြီး ဝန်ကြီးချုပ်နုတ်ထွက်ပေးဖို့ သဘော တူညီလိုက်ကြပါပြီ။ ဒါကြောင့် ဝန်ကြီးချုပ် အနေနဲ့ ဒီဇင်ဘာ ၂၂ ရက်မှာ ရာထူးက မနုတ်ထွက်ဘူးဆိုရင် နိုင်ငံအနာဂတ်ကို ပို ဆိုးအောင်ဖန်တီးသလို ဖြစ်သွားပါလိမ့်မယ်။

ကျွန်တော်တို့ကို ထောက်ခံသူတွေ ပိုပိုများ လာသလို နောက်ဆုံးမှာတပ်မတော်နဲ့အခြား အဖွဲ့အစည်းတွေကလဲ ထောက်ခံမှုပေးလာ မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောသည်။

သမ်ဆက်တက္ကသိုလ်မှ ထိုင်းနိုင်ငံရေး ကျွမ်းကျင်ပါမောက္ခတစ်ဦးဖြစ်သော ပွန်ချိုင်း က အစိုးရနှင့်အတိုက်အခံများအနေဖြင့် ညှိနှိုင်းဆွေးနွေးမည့် လမ်းကြောင်းကို ဦး တည်ခြင်းမရှိပါက ပိုမိုဆိုးရွားသောရလဒ် များသာ ထွက်ပေါ်လာဖွယ်ရှိပြီး ပြန်လည် ကျင်းပမည့်ရွေးကောက်ပွဲတွင်လည်း ငြိမ်း ချမ်းစွာအဖြေရှာနိုင်မည်မဟုတ်ဟု သတိ ပေးခဲ့ကြောင်း သိရသည်။

The Union Daily

RangonNewsDaily:: December . 19 .2013
ထိုင်းဆန္ဒပြအုပ်စုများသည် ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာကို ဒီဇင်ဘာ ၂၂ ရက် နောက်ဆုံးထားကာ
ရာထူးမှ နုတ်ထွက် ရန် တောင်းဆိုလိုက်ကြောင်း ရိုက်တာ သတင်းဌာနက ယနေ့ဖော်ပြသည်။ ယခင် ဒုတိယဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သောဆူ သက်ခေါင်းဆောင်သည့် အတိုက်အခံဆန္ဒပြ အုပ်စုများ
သည် လာမည့်ဖေဖော်ဝါရီလတွင်ကျင်းပရန်စီစဉ်ထားသော ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအသွင်ပြောင်း
လဲမှုများ ဖန် တီးရန်အတွက် ယာယီဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူနေသော ယင်လပ်ရှင် နာဝပ်ထ
ရာကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခြင်းဖြစ်သည်ဟု သိရသည်။

အဓိကအတိုက်အခံပါတီဖြစ်သော ဒီမို ကရက်ပါတီမှ ဝန်ကြီးချုပ်ဟောင်းအဘီဆစ် ကို ရွေးကောက်ပွဲဝင်မည့် ပါတီခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့ခြင်းကိုလည်း ဆူသက်ခေါင်း ဆောင်သော ဆန္ဒပြအုပ်စုများက လက်ခံ မည့်အခြေအနေမျိုးမရှိခြင်းကြောင့် ထိုင်း နိုင်ငံရေးအကျပ်အတည်းမှာ ပိုမိုဆိုးရွားလာ နိုင်ကြောင်း ထိုင်းနိုင်ငံ
ရေးကျွမ်းကျင်သူများ က သုံးသပ်နေကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။ ဆန္ဒပြခေါင်းဆောင် ဆူသက် က ယနေ့တွင်ဝန်ကြီးချုပ် နုတ်ထွက်ရန် လှုပ်ရှားနေသော ရှပ်ဝါအုပ်စုများကို မိန့်ခွန်း ပြောကြားခဲ့ရာ၌ ၄င်း
တို့၏လှုပ်ရှားမှုများကိုအဆုံးသတ်အဆင့်ဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။ 
 
ဆူသက်က '' ရွေးကောက်ပွဲမကျင်း ပခင်မှာနိုင်ငံရေးအသွင်ပြောင်းလဲမှုတွေ ဖန် တီးဖို့လိုပါတယ်။ ဒါမှလဲနိုင်
ငံအနာဂတ်မှာမဖြစ်သင့်တဲ့အခြေအနေမျိုးတွေကို ရှောင်လွှဲ နိုင်မယ်လို့ယုံကြည်ပါတယ်။ဥပမာအနေ နဲ့ပြော
ရရင် ထိုင်းဥပဒေတွေအရ ထောင်ဒဏ် ရင်ဆိုင်ရမယ့် သက်ဆင်ရဲ့လွှမ်းမိုးမှုတွေကို အခုအချိန်အထိ အုပ်ချုပ်
ရေးပိုင်းမှာ တွေ့နေ ရတဲ့အဖြစ်မျိုးတွေပါ။

အုပ်ချုပ်ရေးပိုင်းကို ပြည်သူ့ကောင်စီနဲ့အစားထိုးချင်တယ်ဆိုတာ ကလဲ နိုင်ငံရေးအသွင်ပြောင်းစီမံကိန်းတွေ ကို ပြည့်ပြည့်ဝဝအကောင်အထည်ဖော်ချင်လို့ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော့်တို့ရဲ့ လှုပ်ရှားမှုတွေကို အဆုံး
သတ်ဖို့ အချိန်တန်ပြီ ထင်ပါတယ်။ ဆန္ဒပြအုပ်စုဝင်တွေအားလုံး ဟာ လာမယ့်ဒီဇင်ဘာ ၂၂ ရက်နောက်ဆုံး ထားပြီး ဝန်ကြီးချုပ်နုတ်ထွက်ပေးဖို့ သဘော တူညီလိုက်ကြပါပြီ။ ဒါကြောင့် ဝန်ကြီးချုပ် အနေနဲ့ ဒီဇင်ဘာ ၂၂ ရက်မှာ ရာထူးက မနုတ်ထွက်ဘူးဆိုရင် နိုင်ငံအနာဂတ်ကို ပို ဆိုးအောင်ဖန်တီးသလို ဖြစ်သွားပါလိမ့်မယ်။

ကျွန်တော်တို့ကို ထောက်ခံသူတွေ ပိုပိုများ လာသလို နောက်ဆုံးမှာတပ်မတော်နဲ့အခြား အဖွဲ့အစည်းတွေက
လဲ ထောက်ခံမှုပေးလာ မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောသည်။

သမ်ဆက်တက္ကသိုလ်မှ ထိုင်းနိုင်ငံရေးကျွမ်းကျင်ပါမောက္ခတစ်ဦးဖြစ်သော ပွန်ချိုင်းကအစိုးရနှင့်အတိုက်အခံ
များအနေဖြင့် ညှိနှိုင်းဆွေးနွေးမည့် လမ်းကြောင်းကို ဦး တည်ခြင်းမရှိပါက ပိုမိုဆိုးရွားသောရလဒ် များသာ ထွက်ပေါ်လာဖွယ်ရှိပြီး ပြန်လည် ကျင်းပမည့်ရွေးကောက်ပွဲတွင်လည်း ငြိမ်း ချမ်းစွာအဖြေရှာနိုင်မည်မဟုတ်
ဟု သတိ ပေးခဲ့ကြောင်း သိရသည်။

The Union Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment