Pages

Thursday, December 19, 2013

မြန်မာ နှင့် ဂျပန် ဗီဇာ ကင်းလွတ်ခွင့်အတွက် နှစ်နိုင်ငံ လက်မှတ်ရေးထိုး ရန်စီစဉ်

RangonNewsDaily:: December . 19 .2013
ရန်ကုန်။ ။ မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံတို့အကြားသာမန်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအနေဖြင့် ဗီဇာ

မလိုဘဲသွားလာနိုင်ရန်အတွက် နှစ် နိုင်ငံအစိုးရအဖွဲ့တို့အကြားစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြား
ရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် နှစ်နိုင်ငံ သံတမန်များနှင့် အဆင့်မြင့်အရာရှိများအနေ ဖြင့် သွား
လာနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတိုင်း သွားလာနိုင်ရန် စီစဉ်လျက်
ရှိကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေစာချုပ်များဦးစီးဌာနမှ တာဝန်ရှိ
သူတစ်ဦးက ''ဂျပန်နိုင်ငံနဲ့ နှစ် နိုင်ငံလက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်''ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရန် အတွက် အာဆီယံဒေသတွင်းနိုင်

ငံများဖြစ်သည့်ကမ္ဘောဒီးယား၊လာအို၊ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့် ဗီဇာကင်းလွတ်ခွင့်ရရှိရန် အတွက်
 နှစ်နိုင် ငံလက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံနှင့်ဗီဇာကင်းလွတ်ခွင့်ရရှိပါက ပြည်တွင်းသို့ ရင်းနှီးမြှုပ် နှံမှု များအပြင် ခရီးသွားလုပ်ငန်းများပါ တိုး

တက်လာနိုင်ကြောင်း ပြည် တွင်းစီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက သုံးသပ်ပြောသည်။

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်ဦးအောင်ဟိန်း က ''လက်ရှိမှာ ဂျပန်ကတော့ မြန်မာနိုင်ငံ

ကို အလွန်စိတ်ဝင်စား တယ်။ မြန်မာနိုင်ငံမှာ သူတို့အတွက် စီးပွားရေးလုပ်ကိုင်ဖို့အကွက် အကွင်းတွေ ရှိနေ
တယ်လို့လဲယုံကြည်တယ်။ မြန်မာနိုင်ငံရဲ့ ပွင့်လင်းမြင်သာမှုနဲ့ လူ မျိုးချင်းနီးစပ် မှုတွေကြောင့် မြန်မာပြည် ကို
လာချင်ကြတယ်။ နှစ်နိုင်ငံဗီ ဇာကင်းလွတ်ခွင့်ပေးမယ်ဆိုရင်တော့ စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံ မှုတွေတိုး
လာနိုင်တယ်''ဟု သုံးသပ်ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင်ဗီဇာအမျိုးအစားလေးမျိုးရှိပြီး နိုင်ငံ ပေါင်း၅၁နိုင်ငံကိုသတ်မှတ်စည်း
ကမ်းချက်

များနှင့်ကိုက်ညီပါက ဆိုက် ရောက်ဗီဇာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သန်းနိုင်ဦး
Yangon Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment