Pages

Thursday, December 19, 2013

Facebook မှ ယခုသီတင်းပတ်အတွင်းအခပေးဗီဒီယိုကြော်ငြာများ စလက်ခံမည်

RangonNewsDaily:: December . 19 .2013
Facebook မှ ယခုလ ၁၉ ရက်မှ စပြီး ပထမဦးဆုံး အခပေးဗီဒီယိုကြော်ငြာ များကိုစတင်လက်ခံသွားမည်ဟု

ဝေါစထရိဂျာနယ်ကယင်းကုမ္ပဏီနှင့်နီးစပ်သူများကိုကိုးကားပြီးသတင်းဖော်ပြခဲ့သည်။အဆိုပါ ဗီဒီယိုကြော်
ငြာများသည် Facebook အသုံးပြုသူများ၏ Newsfeed တွင် အလိုအလျောက်ပြသနေလိမ့်မည်ဟု ဝေါစထရိ
ဂျာနယ်ဝက်ဘ်ဆိုက်တွင်ရေးသား ဖော်ပြထားသည်။
လက်ရှိ Facebook သုံးစွဲသူများ၏ ကိုယ်ပိုင်စာမျက်နှာတွင် ဗီဒီယိုကြော်ငြာ များလွှင့်တင်ကာ ချိတ်ဆက်သုံးစွဲ
သူများ ၏ စာမျက်နှာတွင်ဖော်ပြခွင့်ပေးထားပြီး ဖြစ်သော်လည်း မကြာမီလွှင့်တင်ခွင့်ပေး မည့် ၁၅ စက္ကန်
့ကြာမြင့်ချိန်သတ်မှတ်ဖွယ် ရှိသည့် အခပေးဗီဒီယိုကြော်ငြာများကို Facebook သုံးစွဲသူတိုင်း၏ Newsfeed တွင်မြင်တွေ့နိုင်မည်ဟု အဆိုပါအစီအစဉ် နှင့်နီးစပ်သည့် ကုမ္ပဏီအတွင်းလူနှစ်ဦးက ပြောသည်။

ယခုနှစ် စက်တင်ဘာအထိ ကမ္ဘာ တစ်ဝန်း Facebook သုံးစွဲသူ ၁ဒသမ ၉ ဘီလီယံရှိရာ အသက် ၁၈ နှစ်မှ ၅၄နှစ် အရွယ် နေ့စဉ် Facebook သုံးစွဲသူများထံ ရောက်ရှိမည့် အဆိုပါအခပေး ဗီဒီယိုမှာ တစ်ရက်ကန်ဒေါ်

လာ ၂သန်းအထိ ကုန်ကျ ဖွယ်ရှိသည်ဟု ဝေါစထရိက ဆက်လက် ဖော်ပြသည်။

The Union Daily ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment