Pages

Thursday, December 19, 2013

မြန်မာအမျိုး သမီးဘောလုံးအသင်း ထိုင်းအမျိုးသမီးဘောလုံးအသင်း ၁၀ ဂိုး ၁၁ ဂိုးနှင့်ရှုံးနိမ့်



Photo: ဆီးဂီမ်းဘောလုံးအတွက် ခံစားချက်
========================

ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှာတော့ ကျွန်တော်တို့ ရွှေတံဆိပ်ယူနိုင်မှာပါ ဆိုတဲ့ နည်းပြချုပ်တွေရဲ့  ပွဲမတိုင်မှီက
ဝန်ခံကတိပေးမှုတွေ။ ကျွန်တော် ကျွန်မတို့ရဲ့  နောက်ဆုံးရည်မှန်းချက်က ရွှေပါဆိုတဲ့ ခံယူချက်အပြည့်နဲ့ 
ကတိပေးခဲ့ပြီး ကြိုးစားခဲ့ကြတဲ့ အားကစားသမားတွေ။မီဒီယာတွေရဲ့  နှိုးဆွမှုနဲ့အတူ မြန်မာပွဲဆိုရင် ဘယ်လောက်အခက်အခဲတွေဘဲ ကြုံကြုံ
အားပေးမှာပါ ဆိုတဲ့ စကားသံတွေကို ပြန်လည်အမှတ်ရနေမိတယ်။

ဒါပေမဲ့ ပြိုင်ပွဲမပြီးဆုံးခင်မှာဘဲ အားကစားသမားတွေရဲ့  ငိုကြွေးမှု၊ ၀မ်းနည်းမှု၊ အဖွဲ့ချုပ်၏ မျက်နှာပျက်ရမှု နည်းပြတွေကလည်း
နာမည်ပျက်ရမှု၊ ပရိတ်သတ်တွေကလည်း ဆိုးသွမ်းစာရင်းသွင်းခံရမှု၊ ၀မ်းနည်းငိုကြွေးကြတဲ့ ပုံရိပ်တွေသာ ဆီးဂိမ်းအမှတ်တရ ဆုလဒ်အဖြစ် ကျန်ခဲ့တာလားဗျာ။ ထိုအိမ်မက်ဆိုးဖြစ်ခဲ့တဲ့ ကာလများမှာ ငိုကြွေးသံနဲ့အတူ
" ကျွန်တော်တို့ ဘာကို ဘယ်လိုဆက်ပြီးအားပေး
ရတော့မလဲ ဒီအမှတ်တရ ပစ္စည်းတွေက ဘယ်လိုအသုံးဝင်နိုင်တော့မှာလဲဗျာ " ဆိုတဲ့
ငိုကြွေးသံနဲ့ ပြောခဲ့တဲ့ ပရိတ်သတ်အသံတစ်ခုကို ကြားယောင်မိတိုင်း ၀မ်းနည်းမဆုံးဖြစ်ရတယ်။ တကယ့်ချွေးနည်းစာနဲ့ ပင်ပန်းခံပြီး
အားပေးဖို့ အမှတ်တရပစ္စည်းတွေကအစ ၀ယ်ပြီးအားပေးခဲ့ကြတယ်။ ခက်ခက်ခဲခဲ လက်မှတ်ရရှိရေး ကြိုးစားပြီး အချိန်ကုန်၊ ငွေကုန်၊ စိတ်ပျော်ရွှင်မှုတွေကိုပါ
အကုန်ခံပြီး လာရောက်အားပေးကြတဲ့ ပရိတ်သတ်တွေ၊ ကြိုးစားပေမည့်လည်း ရှုံးနိမ့်လို့ ငိုကြွေးနေတဲ့ အားကစားသမားတွေကိုစာနာမိတိုင်းလည်း
ဝမ်းနည်းမိတယ်။ မျိုးချစ်စိတ်အပြည့်နဲ့ နန်းသုံးအဆောင်တွေ ၀တ်ဆင်ပြီး နိုင်ငံတော်အလံကိုင်ပြီး အားမာန်အပြည့် အားပေးခဲ့ကြပေမည့် မှိုင်တွေနေခဲ့ရတာတွေ။
တီဗွီမျက်နှာပြင်ပေါ်မှာ ထိုင်ကြည့်ပြီး အားမလိုအားမရနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်အားပေးခဲ့ကြတဲ့ ပွဲအပြီး အငိုမျက်ဝန်းတွေနဲ့ မြန်မာပရိတ်သတ်တွေကိုလည်း
ကိုယ်ချင်းစာမိတယ်။ 

ကျွန်တော်တို့အသင်း ထိုင်းကိုတော့ အမျိုးသားကော အမျိုးသမီးကော အကောင်းဆုံးကစားခဲ့ပါတယ်။ ပင်နယ်တီမှာ ကံနိမ့်ခဲ့တာကတော့
မတက်နိုင်ဘူးဗျာ...ကိုယ့်ဖာသာဘဲစိတ်ဖြေရတော့မယ်။ ကစားသမားကိုလည်း အပြစ်မဆိုချင်တော့ပါဘူး
မလွယ်ဘူးလေ။ ခုတော့ ပြန်တမ်းတလို့မရတော့ဘူး
ဖြစ်လာသမျှ အကောင်းဘဲမှတ်ရတော့မယ်။

နောက်ဆုံးမှာတော့ ဒီလောက် ဒဏ်ရာပေးနေတဲ့ မြန်မာဘောလုံးအသင်းတွေကို စိတ်နာလားဆိုတော့...
ဟုတ်ကဲ့..ငယ်စဉ်ကတည်းက အမှတ်မရှိခဲ့တဲ့ ကျွန်တော်တို့ဆက်လက်ပြီးတော့ အားပေးနေအုံးမှာပါဗျာ...။။
တတိယလုပွဲတော့ အောင်မြင်မှာပါ.....အားပေးလျှက်ပါ..။။။

မိုးတိမ်
http://www.football-cafe.com/

RangonNewsDaily:: December . 18 .2013
မြန်မာအမျိုးသမီးအသင်းရှုံးနိမ့် ခဲ့ ပါပြီ။ဒါပေမဲ့ဒီပွဲ ကြည့် ရတာရှုံးရင် တောင် တန်သွား ပြီလို့ မိနစ် ကိုးဆယ်

ပီးကတဲကကျွန်တော် ခံယူလိုက်တယ်။ ဘာလို့ လဲ ။ သူတို့ တတ်နိုင်သမျှ ရေကုန် ရေ ခမ်းနဲ့ ကျွန်တော်တို့
မြန်မာ ပရိတ်သတ် တွေကိုအကောင်းဆုံး ဖျော်ဖြေ မှု ပေးခဲ့ တယ်။ ဒါကြောင့် လုံးဝ တန်ပါတယ်။
ဒီပွဲ အတွက် ကျွန်တော် ဘယ်သူ့ ကိုမှ အပြစ်မတင်ဘူး။ ပင်နယ်တီ လွဲတဲ့ ကစားသမား နှစ်ယောက် ကိုလဲ အပြစ် မတင်ပါဘူး။ ကဖေး ပရိတ်သတ် တွေကို ကျွန်တော် တစ်ခုလောက် တောင်းဆို ပါရစေ။ ဒီပို့စ်အောက် မှာ ပေးမဲ့ ကော်မန့် တွေမှာ ကိုယ့် ကစားသမား တွေ ကို ဆဲဆို မည့် စကား လုံး တွေ ကို မမန့် ပေးပါ နဲ့ လို့
 ပေါ့ ဗျာ။ သူတို့ တွေသေလု အောင် ပင်ပန်းနေပြီ လေ ။ ..

အားပေး စကား တွေ ပြောပေးကြ ပါလို့ ကျွန်တော် တောင်း ဆိုပါ ရစေ ဗျာ။

မြန်မာ အမျိုးသမီးအသင်းကစားသမား တို့ ရေ ခင်ဗျားတို့ အားလုံးတာဝန် ကျေပါတယ် ။ ဒီအတွက်
လဲ ဂုဏ်

ယူလျက်ပါ။ဒီပွဲစဉ်အပြီးမှာကျတဲ့ မင်းတို့ရဲ့ မျက်ရည် တွေကိုလဲ မြန်မာ ဘောလုံး ပရိတ်သတ် နဲ့ပြည်သူတွေ
အားလုံး တန်ဖိုးထား မယ်ဆို ဧကန်ပါဘဲ။

kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment