Pages

Thursday, December 19, 2013

(၉)မီတာ အမြင့်ရှိသည့် မန်ဒဲလား၏ ရုပ်တု ဖွင့်လှစ်ပြသ

Photo: (၉)မီတာ အမြင့်ရှိသည့် မန်ဒဲလား၏ ရုပ်တု ဖွင့်လှစ်ပြသ
Thursday, December 19, 2013

တောင်အာဖရိက နိုင်ငံမှ အထင် ကရ ပုဂ္ဂိုလ်ကြီး နယ်လ်ဆင်မန်ဒဲလား ၏ ဈာပန အခမ်းအနား ကျင်းပခဲ့ပြီး ၂၄ နာရီ အကြာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ၉ မီတာအမြင့် ရှိသည့် မန်ဒဲလား၏ ရုပ်တုကို ဖွင့်လှစ်ပြသခဲ့သည်။ အဆိုပါ ကြေးရုပ်တုကို တောင်အာဖရိက နိုင်ငံ၏ ပထမဆုံး လူမည်း သမ္မတ အဖြစ် မန်ဒဲလားကျမ်းသစ္စာ ကျိန်ဆိုခဲ့ သည့် ပရီတိုရီး ယားမြို့ရှိ သမဂ္ဂ အဆောက်အအုံ၏ မြက်ခင်းပြင်တွင် တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမား က တရားဝင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သမဂ္ဂ အဆောက် အအုံတွင် ပြီးခဲ့သည့် သီတင်းပတ်က မန်ဒဲလား၏ ရုပ်အလောင်းကို သုံးရက်ထား ရှိပြီး အများပြည်သူများအား လာရောက် ဂါဝရပြု ခွင့်ပြုခဲ့ သည်။ ဒီဇင်ဘာလ ၅ရက် နေ့က အသက် ၉၅ နှစ် အရွယ် နယ်လ် ဆင်မန်ဒဲလား ကွယ်လွန်ခဲ့ပြီး နောက် ၁ဝ ရက်ကို ဝမ်းနည်း ကြေကွဲသည့် နေ့ရက်များ အဖြစ် သတ် မှတ်ပေးခဲ့ပြီး တနင်္ဂနွေနေ့ ည သန်းခေါင်ယံတွင် တရားဝင် အဆုံးသတ် ခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် တနင်္လာနေ့မှစတင်ပြီး နိုင်ငံတော် အလံကို တိုင်ဝက်လွှင့်ထူ ထားရာမှ တိုင်ထိပ်သို့ ပြန်လည် လွှင့်တင် ခဲ့သည်ဟု တောင်အာဖရိက အာဏာပိုင် များက ပြော ကြားသည်။ တောင် အာဖရိကနိုင်ငံ တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ကို Day of the Covenant ဟု မူလက သတ်မှတ်ခဲ့ ကြပြီး နှစ်ပေါင်း ၁၅ဝ ကျော် ကတည်းက အထိမ်း အမှတ် အခမ်းအနား ကျင်းပခဲ့သည်။ ကွယ် လွန်သူ သမ္မတဟောင်း နယ်လ်ဆင်မန် ဒဲလားသည် အသားအရောင် ခွဲခြားမှုနှင့် လူမျိုးရေး ခွဲခြားမှုများကို ဦးဆောင် တိုက် ဖျက်ခဲ့သူ ဖြစ်သည်။ မန်ဒဲလား ရုပ်တု ဖွင့်ပွဲကို လူမျိုးရေး ခွဲခြားမှု တိုက် ဖျက်ရေးဆိုင်ရာ ဥပဒေများ လက်မှတ် ရေးထိုးခဲ့သည့် နှစ် ၁ဝဝ ပြည့် အထိမ်း အမှတ်အဖြစ် လည်း ဒီဇင်ဘာလ ၁၆ရက် နေ့တွင် ကျင်းပခြင်း ဖြစ်သည်ဟု သိရ သည်။

Ref : Bangkokpost
Popular Myanmar News Journal

RangonNewsDaily:: December . 19 .2013
တောင်အာဖရိက နိုင်ငံမှ အထင် ကရ ပုဂ္ဂိုလ်ကြီး နယ်လ်ဆင်မန်ဒဲလား ၏ ဈာပန အခမ်းအနား ကျင်းပခဲ့ပြီး ၂၄ နာရီ အကြာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ၉ မီတာအမြင့် ရှိသည့် မန်ဒဲလား၏ ရုပ်တုကို ဖွင့်လှစ်ပြသခဲ့
သည်။ အဆိုပါ ကြေးရုပ်တုကို တောင်အာဖရိက နိုင်ငံ၏ပထမဆုံးလူမည်း သမ္မတ အဖြစ် မန်ဒဲလားကျမ်းသစ္စာ ကျိန်
ဆိုခဲ့ သည့် ပရီတိုရီး ယားမြို့ရှိ သမဂ္ဂ အဆောက်အအုံ၏ မြက်ခင်းပြင်တွင် တောင်အာဖရိက သမ္မတ ဂျက်
ကော့ဇူးမား က တရားဝင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သမဂ္ဂ အဆောက် အအုံတွင် ပြီးခဲ့သည့် သီတင်းပတ်က မန်ဒဲလား၏ ရုပ်အလောင်းကို သုံးရက်ထား ရှိပြီး အများပြည်သူများအား လာရောက် ဂါဝရပြု ခွင့်ပြုခဲ့ သည်။ ဒီဇင်ဘာလ ၅ရက် နေ့က အသက် ၉၅ နှစ် အရွယ်နယ်လ်ဆင်မန်ဒဲလား ကွယ်လွန်ခဲ့ပြီး နောက် ၁ဝ ရက်ကို ဝမ်းနည်း ကြေကွဲသည့် နေ့ရက်များ အဖြစ်
သတ် မှတ်ပေးခဲ့ပြီး တနင်္ဂနွေနေ့ ည သန်းခေါင်ယံတွင် တရားဝင် အဆုံးသတ် ခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်တနင်္လာနေ့မှစတင်ပြီး နိုင်ငံတော်အလံကိုတိုင်ဝက်လွှင့်ထူ ထားရာမှ တိုင်ထိပ်သို့ ပြန်လည် လွှင့်
တင် ခဲ့သည်ဟု တောင်အာဖရိက အာဏာပိုင် များက ပြော ကြားသည်။ တောင် အာဖရိကနိုင်ငံ တွင် ဒီဇင်
ဘာလ ၁၆ ရက်နေ့ကို Day of the Covenant ဟု မူလက သတ်မှတ်ခဲ့ ကြပြီး နှစ်ပေါင်း ၁၅ဝ ကျော် ကတည်း
က အထိမ်း အမှတ် အခမ်းအနား ကျင်းပခဲ့သည်။ 
 
ကွယ်လွန်သူသမ္မတဟောင်း နယ်လ်ဆင်မန် ဒဲလားသည် အသားအရောင် ခွဲခြားမှုနှင့် လူမျိုးရေး ခွဲခြားမှုများ
ကို ဦးဆောင် တိုက် ဖျက်ခဲ့သူ ဖြစ်သည်။ 
 
မန်ဒဲလား ရုပ်တု ဖွင့်ပွဲကို လူမျိုးရေး ခွဲခြားမှု တိုက် ဖျက်ရေးဆိုင်ရာ ဥပဒေများ လက်မှတ် ရေးထိုးခဲ့သည့် နှစ် ၁ဝဝ ပြည့် အထိမ်း အမှတ်အဖြစ် လည်း ဒီဇင်ဘာလ ၁၆ရက် နေ့တွင် ကျင်းပခြင်း ဖြစ်သည်ဟု သိရ သည်။

Ref : Bangkokpost
Popular Myanmar  ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment