Pages

Thursday, December 19, 2013

မြန်မာ- ကမ္ဘောဒီးယား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရပြီ

RangonNewsDaily:: December . 19 .2013
လာမယ့်နှစ် ဇန်န၀ါရီ ၁၂ ရက်ကစပြီး မြန်မာနဲ့ ကမ္ဘောဒီးယား အပြန်အလှန် ဗီဇာ လျှောက်ထားစရာ မလိုပဲ ၀င်ထွက်သွားလာခွင့် ရတော့မယ်လို့ ကမ္ဘောဒီးယားသံရုံးရဲ့ တာဝန်ရှိသူ မြန်မာအရာရှိက အတည်ပြုပြောဆို

ပါတယ်။မြန်မာအစိုးရနဲ့ကမ္ဘောဒီးယားအစိုးရတို့အကြား နှစ်နိုင်ငံဗီဇာကြိုတင် လျှောက်ထားစရာမလိုပဲအပြန်
အလှန် သွားလာခွင့် လက်မှတ်ရေးထိုးပြီးနောက် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက် လည်ပတ်လိုသူတွေဟာ ဖနွမ်းပင် ဒါမှမဟုတ် ဆီရမ်
ရိလေဆိပ်မှာ ၁၄ ရက် ဗီဇာရမှာ ဖြစ်ပြီး ဗီဇာကြေးလည်း ပေးစရာ မလိုပါဘူး။ အလားတူ ကမ္ဘောဒီးယားနိုင်
ငံသားတွေလည်း မြန်မာနိုင်ငံကို လာတဲ့အခါ ဗီဇာကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံနဲ့ အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ရေးထိုးခဲ့
ပါသေးတယ်။

ဒီဗွီဘီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment