Pages

Friday, December 20, 2013

မြန်မာနိုင်ငံ၏ဒီမိုကရေစီဖော်ဆောင်မှု မည်သည့်အတွက် မှနောက်ပြန်မလှည့်ဟု သူရဦးရွှေမန်း အင်ဒိုနီးရှား၌ပြောကြား

Photo: မြန်မာနိုင်ငံ၏ဒီမိုကရေစီဖော်ဆောင်မှု မည်သည့်အတွက်
မှနောက်ပြန်မလှည့်ဟု သူရဦးရွှေမန်း အင်ဒိုနီးရှား၌ပြောကြား
Thursday, December 20, 2013

မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု သည် မည်သည့်အခါမှ နောက်ပြန် မလှည့်ဘဲ ရှေ့သို့သာသွားရန်ရှိ ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေ ဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေး သည့်အတွက် အထူးကျေးဇူးတင်ရှိ ပါကြောင်းပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယမန်နေ့ဒေသ စံတော်ချိန် ၂နာရီတွင် အင်ဒိုနီးရှား နိုင်ငံသမ္မတရုံး ဧည့်ခန်းမဆောင်၌ အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတ Dr.Boediono နှင့်တွေ့ဆုံစဉ် ပြော ကြားခဲ့သည်။ 

သူရဦးရွှေမန်းက အင်ဒိုနီးရှား နိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲ မှုကိုမိမိတို့နိုင်ငံက စံပြအဖြစ်ထားရုံ သာမက အာရှနှင့်ကမ္ဘာကပါသတ် မှတ်ပြောဆိုကြကြောင်း၊ မြန်မာ နိုင်ငံသည်လည်း အင်ဒိုနီးရှားနိုင်ငံ ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကဲ့သို့ပြုလုပ်ရန် ဆန္ဒရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးတွင် စိန်ခေါ်မှုများ ရှိသော်လည်းအခက်အခဲများကို
ကျော်လွှားသွားရန်ပိုင်းဖြတ်ထားပြီး ဖြစ်ကြောင်း၊
မြန်မာလွှတ်တော်၌ ပါတီပေါင်း ၁၇ ပါတီမှ ကိုယ်စား 
လှယ်များပါဝင်၍ပါတီဝင်များအား ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့်ဘာသာစွဲမထားဘဲ နိုင်ငံနှင့် နိုင်ငံသားများအတွက်
ပါဝင်ဆောင်ရွက်ရန် တိုက်တွန်း လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တွင် တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊တရားဥပဒေစိုးမိုးရေး၊
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ် ပြီး ယင်းကဲ့သို့ဆောင်ရွက်ရန် လွှတ်တော်၌များစွာ တာဝန်ရှိပါ ကြောင်း၊ ယခုအခါ မြန်မာလွှတ် တော်တွင် ထိုက်သင့်သည့်အောင်
မြင်မှုများရရှိနေပြီဖြစ်ပြီး တစ်နိုင်ငံ လုံးပါဝင်လာကြရန် လွှတ်တော် ကိုယ်စားလှယ်များက ကြိုးစား ဆောင်ရွက်နေကြကြောင်း၊ အင်ဒို နီးရှားနိုင်ငံအနေဖြင့် အကြံပြုစေ လိုပါကြောင်း ပြောကြားသည်။
အင်ဒိုနီးရှား ဒုတိယသမ္မတက ဒီမိုကရေစီဖော်ဆောင်ရာတွင် လူ တိုင်းပါဝင်ဖို့ အရေးကြီးကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် ဒီမိုကရေစီ ထူထောင်ရာ၌ တရားဥပဒေစိုးမိုးမှု လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ပြောင်းလဲမှုကို ကံကြမ္မာဟုပြော သော်လည်း ပြုပြင်ပြောင်းလဲမှုလုပ် ငန်းစဉ်ပေါ်၌မူတည်ကြောင်း၊ အခြား နိုင်ငံများ၏ ပြုပြင်ပြောင်းလဲမှုကို ဥပမာယူလျှင် မိမိနိုင်ငံအတွက် ဒီမို ကရေစီဖော်ဆောင်ရာ၌ များစွာ အကျိုးရှိမည်ဖြစ်ကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့်အတူ စီးပွား ရေး၊ လူမှုရေးတို့ပါပြောင်းလဲရန် လိုအပ်ပြီးပါတီများသက်သက်သာ မကဘဲ ပါတီ၊အစိုးရနှင့် Institution များ၊အသင်းအဖွဲ့(NGO၊CSO)များ ကပါ ဒီမိုကရေစီပြောင်းလဲရေး တွင် ဝိုင်းရံဖို့လိုကြောင်း၊ မြန်မာ နိုင်ငံအတွက် လိုအပ်ချက်များကို အင်ဒိုနီးရှားနိုင်ငံမှ ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

The Union Daily

RangonNewsDaily:: December . 20 .2013
မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု သည် မည်သည့်အခါမှ နောက်ပြန်မလှည့်ဘဲ ရှေ့သို့သာသွားရန်ရှိ ကြောင်း
အင်ဒိုနီးရှားနိုင်ငံအနေ ဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေး သည့်အတွက် အထူး
ကျေးဇူးတင်ရှိ ပါကြောင်းပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယမန်နေ့ဒေသ စံတော်ချိန် ၂နာရီတွင်အင်ဒိုနီးရှား နိုင်ငံသမ္မတရုံးဧည့်ခန်းမဆောင်၌ အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတ Dr.Boediono နှင့်
တွေ့ဆုံစဉ် ပြော ကြားခဲ့သည်။

သူရဦးရွှေမန်းက အင်ဒိုနီးရှား နိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲ မှုကိုမိမိတို့နိုင်ငံက စံပြအဖြစ်ထားရုံ သာမ
က အာရှနှင့်ကမ္ဘာကပါသတ် မှတ်ပြောဆိုကြကြောင်း၊ မြန်မာ နိုင်ငံသည်လည်း အင်ဒိုနီးရှားနိုင်ငံ ၏ ဒီမိုက
ရေစီပြုပြင်ပြောင်းလဲရေးကဲ့သို့ပြုလုပ်ရန်ဆန္ဒရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးတွင် စိန်ခေါ်မှုများ ရှိသော်လည်းအခက်အခဲများကိုကျော်လွှားသွားရန်ပိုင်းဖြတ်ထားပြီး ဖြစ်ကြောင်း၊

မြန်မာလွှတ်တော်၌ ပါတီပေါင်း ၁၇ ပါတီမှ ကိုယ်စား လှယ်များပါဝင်၍ပါတီဝင်များအား ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသ
စွဲ၊လူမျိုးစွဲ၊ကိုးကွယ်သည့်ဘာသာစွဲမထားဘဲ နိုင်ငံနှင့် နိုင်ငံသားများအတွက်ပါဝင်ဆောင်ရွက်ရန် တိုက်တွန်း
လျက်ရှိပါကြောင်း၊
 
 မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တွင် တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊တရားဥပဒေစိုးမိုးရေး၊ပြည်တွင်းငြိမ်းချမ်းရေးအတွက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်း
ကဲ့သို့ဆောင်ရွက်ရန် လွှတ်တော်၌များစွာ တာဝန်ရှိပါ ကြောင်း၊ 
 
ယခုအခါ မြန်မာလွှတ် တော်တွင် ထိုက်သင့်သည့်အောင်မြင်မှုများရရှိနေပြီဖြစ်ပြီး တစ်နိုင်ငံ လုံးပါဝင်လာကြ
ရန် လွှတ်တော်ကိုယ်စားလှယ်များက ကြိုးစား ဆောင်ရွက်နေကြကြောင်း၊ အင်ဒို နီးရှားနိုင်ငံအနေဖြင့် အကြံ
ပြုစေ လိုပါကြောင်း ပြောကြားသည်။

အင်ဒိုနီးရှား ဒုတိယသမ္မတက ဒီမိုကရေစီဖော်ဆောင်ရာတွင် လူ တိုင်းပါဝင်ဖို့ အရေးကြီးကြောင်း၊ 
 
 နိုင်ငံတစ်နိုင်ငံတွင်ဒီမိုကရေစီထူထောင်ရာ၌တရားဥပဒေစိုးမိုးမှုလိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ပြောင်း
လဲမှုကို ကံကြမ္မာဟုပြော သော်လည်း ပြုပြင်ပြောင်းလဲမှုလုပ် ငန်းစဉ်ပေါ်၌မူတည်ကြောင်း၊ အခြား နိုင်ငံများ
၏ ပြုပြင်ပြောင်းလဲမှုကို ဥပမာယူလျှင် မိမိနိုင်ငံအတွက် ဒီမို ကရေစီဖော်ဆောင်ရာ၌ များစွာ အကျိုးရှိမည်ဖြစ်
ကြောင်း၊
 
 နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့်အတူစီးပွား ရေး၊လူမှုရေးတို့ပါပြောင်းလဲရန် လိုအပ်ပြီးပါတီများသက်သက်
သာ မကဘဲ ပါတီ၊အစိုးရနှင့် Institution များ၊အသင်းအဖွဲ့(NGO၊CSO)များ ကပါ ဒီမိုကရေစီပြောင်းလဲရေး တွင်ဝိုင်းရံဖို့လိုကြောင်း၊ မြန်မာ နိုင်ငံအတွက်လိုအပ်ချက်များကိုအင်ဒိုနီးရှားနိုင်ငံမှကူညီသွားမည် ဖြစ်ကြောင်း
 ပြောကြားခဲ့သည်။

The Union Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment