Pages

Friday, December 20, 2013

ထောင်ဒဏ်ချမှတ် ခံခဲ့ရသော နယ်သတင်းထောက် မခိုင်၏ မိသားစုဝင်များကို အားပေးရန်နှင့် ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ရန် Eleven Media Group အယ်ဒီတာချုပ် ဦးဝေဖြိုး လွိုင်ကော်သို့ သွားရောက်

RangonNewsDaily:: December . 20 .2013
သတင်းရယူမှု ဖြစ်စဉ်အတွက်တရားစွဲဆို ခံခဲ့ရပြီး ထောင်ဒဏ်သုံးလ ချမှတ်ခံခဲ့ရသည့် Eleven Media Group

၏နယ်သတင်းထောက်မခိုင်၏မိသားစုဝင်များကိုအားပေးရန်နှင့်ဥပဒေကြောင်းအရဆက်လက်စီစဉ် ဆောင်
ရွက်ရန် Eleven Media Group ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးနှင့် အဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်တွင် လွိုင်ကော်မြို့
သို့ ထွက်ခွာသွားကြောင်း သိရသည်။
ထိုသို့ သွားရောက်ရာတွင် နယ်သတင်းထောက် မခိုင်၏ မိသားစုဝင်များကို အားပေးရန်၊ မခိုင်အား ချမှတ်ခဲ့
သော ပြစ်ဒဏ်အတွက်အယူခံဝင်ရန်နှင့်ဥပဒေကြောင်းအရ ဆက်လက် စီစဉ်ဆောက်ရွက်ရန် ရှိသည်များကို လုပ်ဆောင်နိုင်ရန်အတွက် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

နယ်သတင်းထောက် မခိုင်သည် ငွေဒဏ်သာ ချမှတ်လေ့ရှိသော အိမ်ကျော်နင်းမှု၊ အသရေဖျက်မှု၊ ညစ်ညမ်း

စွာ ဆဲရေးမှုများဖြင့် တရားစွဲဆို ခံခဲ့ရကာ တရားစွဲဆို ခံခဲ့ရပြီး တစ်လကျော်ခန့် အကြာတွင် ထောင်ဒဏ်သုံး
လ ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်းEleven Media Group က ထုတ်ပြန်ထား

ပြီးဒီဇင်ဘာ၁၉ ရက်ရက်စွဲဖြင့်အများပြည်သူမှ တစ်ဆင့် နိုင်ငံတော်သမ္မတ အပါအ၀င် ပြည်ထောင်စု တရား
သူကြီးချုပ်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌထံသို့ အသိပေး တိုင်ကြားစာ
ပေးပို့ထားပြီး ဖြစ်ပါသည်။ 

ထို့အပြင် ပြည်တွင်းမီဒီယာ အဖွဲ့အစည်းများဖြစ်သော PEN Myanmar နှင့် မြန်မာစာနယ်ဇင်းသမဂ္ဂ (MJU) တို့ကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်များကို ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။ 

ထို့အတူ နိုင်ငံတကာသတင်းထောက်များကာကွယ်စောင့်ရှောက် ရေးအဖွဲ့(CPJ)ကလည်းကန့်ကွက်ကြောင်း
ကြေညာချက် ထုတ်ပြန်မည်ဟု CPJ ၏ အရှေ့တောင်အာရှ တာဝန်ခံ Shawn Crispin က ပြောကြားသည်။

Eleven Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment