Pages

Tuesday, November 5, 2013

Myanmar Handsome အထည်ချုပ်စက်ရုံအလုပ်သမားများ ငါးရက်မြောက် အဖြစ် ဆက်လက်သပိတ်မှောက်နေကြပြီး စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းနေဆဲ

Myanmar Handsome အထည်ချုပ်စက်ရုံအလုပ်သမားများ ငါးရက်မြောက် အဖြစ် ဆက်လက်သပိတ်မှောက်နေကြပြီး စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းနေဆဲ


kolatt(PBDN): November . 5 .2013

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ Myanmar Handsome အထည်ချုပ်
စက်ရုံ မှ သပိတ်မှောက်အလုပ်သမား ၃၂၀ ကျော်မှာ ငါးရက်မြောက်အဖြစ် ဆက်လက်သပိတ် မှောက်ခဲ့ကြပြီး တောင်းဆိုချက် (၄) ချက်အား စက်ရုံတာဝန်ရှိသူများနှင့်ညှိနှိုင်းနေဆဲဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုစည်သူမင်းက
ပြောကြားခဲ့သည်။
::
''ကျွန်တော်တို့ အလုပ်သမားခေါင်းဆောင်တွေနဲ့ စက်ရုံတာဝန်ရှိသူတွေ ညှိနှိုင်း နေဆဲပါ။ ကျွန်တော်တို့ဘက်က တောင်းဆိုတာ (၄) ချက်ပဲ
တောင်းဆိုတာပါ။ ခုထိ တော့ညှိနှိုင်းနေဆဲပါ''ဟု ပြောကြားခဲ့သည်။
::
အဆိုပါစက်ရုံအလုပ်သမား ၃၂၀ ကျော် မှာ အောက်တိုဘာ ၂၇ ရက်က အလုပ်သမား ခေါင်းဆောင်ကိုစည်သူမင်းအား လက်မှတ် ထိုးခိုင်းပြီးအလုပ်ထုတ်ခဲ့သည့်အတွက် အလုပ်ပြန်လည်ခန့်ပေးရန်
အောက်တိုဘာ ၂၈ ရက်မှ စ၍ စက်ရုံထမင်းစားဆောင်၌အလုပ် မဆင်းဘဲစတင်တောင်းဆိုခဲ့ကြခြင်းဖြစ်ကာ အောက်တိုဘာ ၃၁ ရက်တွင်မူ စက်ရုံအပြင် ၌ သပိတ်စခန်းဖွင့်ကာ အချက်လေးချက်အား တောင်းဆို
ခဲ့ကြကြောင်း သိရသည်။
::
ထို့အပြင် ယင်းစက်ရုံ၌ အလုပ်သမား များအားစောင့်ကြည့်ရန်အတွက် စီစီတီဗွီကင် မရာများအား မိန်းကလေးအိမ်သာကော်ရစ် တာအထိ တပ်ဆင်ထားပြီး ယင်းကင်မရာမှတ်တမ်းများကိုစောင့်ကြည့်ရန်အတွက် တရုတ်အမျိုးသားတစ်ဦးအား ငှားရမ်းစောင့် ကြည့်ခိုင်းကြောင်း စက်ရုံအလုပ်သမားများက ပြောကြားသည်။
::
အလုပ်သမားတစ်ဦးက ''ကျွန်မတို့မိန်း ကလေးအိမ်သာကော်ရစ်တာအထိ စီစီတီဗွီ တွေကို တပ်ထားတယ်။ အလုပ်နဲ့သက်ဆိုင် တဲ့နေရာတွေမှာ တပ်တာတော့ ဘာမှမပြောလို ပါဘူး။ ခုဟာက မိန်းကလေးအိမ်သာနား အထိတပ်ထားတယ်ဆိုတော့ ကျွန်မတို့ ထဘီ တောင်ဖြန့်မ၀တ်ရဲဘူး။ ဒါက ကျွန်မတို့ရဲ့ ပုဂ္ဂလိကလွတ်လပ်မှုကို ချိုးဖောက်တာပါ'' ဟု ဆိုသည်။


eleven media ::-- 


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 5 .2013 ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ Myanmar Handsome အထည်ချုပ်စက်ရုံ မှ သပိတ်မှောက်အလုပ်သမား 
၃၂၀ ကျော်မှာ ငါးရက်မြောက်အဖြစ် ဆက်လက်သပိတ် မှောက်ခဲ့ကြပြီး တောင်းဆိုချက် (၄) ချက်အား စက်
ရုံတာဝန်ရှိသူများနှင့်ညှိနှိုင်းနေဆဲဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက အလုပ်သမားခေါင်းဆောင်
တစ်ဦးဖြစ်သူ ကိုစည်သူမင်းကပြောကြားခဲ့သည်။''ကျွန်တော်တို့ အလုပ်သမားခေါင်းဆောင်တွေနဲ့ စက်ရုံတာဝန်ရှိသူတွေ ညှိနှိုင်း နေဆဲပါ။ ကျွန်တော်တို့
ဘက်က တောင်းဆိုတာ (၄) ချက်ပဲတောင်းဆိုတာပါ။ ခုထိ တော့ညှိနှိုင်းနေဆဲပါ''ဟု ပြောကြားခဲ့သည်။
::
အဆိုပါစက်ရုံအလုပ်သမား ၃၂၀ ကျော် မှာ အောက်တိုဘာ ၂၇ ရက်က အလုပ်သမား ခေါင်းဆောင်ကိုစည်
သူမင်းအား လက်မှတ် ထိုးခိုင်းပြီးအလုပ်ထုတ်ခဲ့သည့်အတွက် အလုပ်ပြန်လည်ခန့်ပေးရန်အောက်တိုဘာ 
၂၈ ရက်မှ စ၍ စက်ရုံထမင်းစားဆောင်၌အလုပ် မဆင်းဘဲစတင်တောင်းဆိုခဲ့ကြခြင်းဖြစ်ကာ အောက်တိုဘာ ၃၁ ရက်တွင်မူ စက်ရုံအပြင် ၌ သပိတ်စခန်းဖွင့်ကာ အချက်လေးချက်အား တောင်းဆိုခဲ့ကြကြောင်း သိရ
သည်။
::
ထို့အပြင် ယင်းစက်ရုံ၌အလုပ်သမားများအားစောင့်ကြည့်ရန်အတွက် စီစီတီဗွီကင် မရာများအား မိန်းကလေး
အိမ်သာကော်ရစ် တာအထိ တပ်ဆင်ထားပြီး ယင်းကင်မရာမှတ်တမ်းများကိုစောင့်ကြည့်ရန်အတွက် တရုတ်
အမျိုးသားတစ်ဦးအား ငှားရမ်းစောင့် ကြည့်ခိုင်းကြောင်း စက်ရုံအလုပ်သမားများက ပြောကြားသည်။
::
အလုပ်သမားတစ်ဦးက ''ကျွန်မတို့မိန်း ကလေးအိမ်သာကော်ရစ်တာအထိ စီစီတီဗွီ တွေကို တပ်ထားတယ်။ အလုပ်နဲ့သက်ဆိုင် တဲ့နေရာတွေမှာ တပ်တာတော့ ဘာမှမပြောလို ပါဘူး။ ခုဟာက မိန်းကလေးအိမ်သာနား အထိတပ်ထားတယ်ဆိုတော့ ကျွန်မတို့ ထဘီ တောင်ဖြန့်မ၀တ်ရဲဘူး။ ဒါက ကျွန်မတို့ရဲ့ ပုဂ္ဂလိကလွတ်လပ်
မှုကို ချိုးဖောက်တာပါ'' ဟု ဆိုသည်။


eleven media ::-- kolatt(PBDN)
RangonNewsDaily



See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment