Pages

Tuesday, November 5, 2013

ငွေစာရင်းမထုတ်ပြန်သည့်အတွက် နယ်မြေမှူးကို ပြည်သူ ၉၂ ဦး တိုင်ကြား

RangonNewsDaily:: November . 5 .2013
လားရှိုးမြို့ရှိ နယ်မြေမှူး တစ်ဦးအား ရေဘေးသင့်ပြည်သူများထံ လှူဒါန်းထားငွေများ ငွေစာရင်းရှင်းတမ်း မ

ထုတ်ပြန်သည့်အတွက်အရေးယူပေးရန်ရပ်ကွက်နေပြည်သူ၉၂ ဦးကလက်မှတ်ထိုးတိုင်ကြားထားကြောင်း
 မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဒုတိယဦးစီးမှူး ဦးညီညီအောင်က “ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်
တို့ရုံးကို(၉၂)ဦး လက်မှတ်ထိုးပြီး တိုင်ထားပါတယ်၊ နယ်မြေမှုးနဲ့ တိုင်ကြားသူတွေကိုခေါ်စစ်ထားပါတယ်၊ 
ခုချိန်မှာ စစ်ဆေးဆဲမို့ နယ်မြေမှုး ဦးစောရွှေဝါကို ငွေအလွှဲသုံးစားလုပ်တယ်၊ မလုပ်ဘူးဆိုတာ သုံးသပ်လို့မရ
သေးပါဘူး”ဟု ပြောကြားသည်။

ယခု တစ်ပတ်အတွင်းတိုင်ကြားသူ ပြည်သူများ ကြေနပ်သည်အထိဆောင်ရွက်ပေးသွားမည်ဖြစ်ေ
ကြာင်း၊လို

အပ်ပါကနယ်မြေမှူးအသစ်ပြန်လည် ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်းဦးညီညီအောင်က ပြောကြားသည်။

ဦးဆောင်တိုင်ကြားသူု ဦးတင့်လွင်က “ကျနော်တို့ နယ်မြေမှာ မနှစ်က မိုးအားကြီးလို့ ရေဘေးဒုက္ခရောက်

ရပါတယ်၊ အများပြည်သူလှူတဲ့ငွေလက်ကျန်ရှင်းတမ်းကို ချပြဖို့ ကျနော်တို့က နယ်မြေမှုးကိုပြောတော့ သူက ဘာမှရှင်းပြစရာမလိုဘူး၊ငါကရပ်ကွက်အတွက်လုပ်တာမဟုတ်တာမလုပ်ဘူး၊အထက်က ငါ့ကိုခန့်ထားတာ
ဆိုပြီးပြောပါတယ်၊ တိုင်ချင်တဲ့ နေရာတိုင်ဆိုလို့ အခုလိုတိုင်ကြားတာပါ”ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပက်သတ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားသော်လည်း ဆောင်ရွက်ပေးမှု မရှိေ
သာ

ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ထပ်မံ တိုင်ကြားရခြင်းဖြစ်ကြောင်း ဦးတင့်လွင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ် သြဂုတ်လကလားရှိုးမြို့တွင်မိုးအားများပြီးရေကြီး/ရေလျှံဖြစ်ကာ မြို့ပေါ်ရပ်
ကွက်များ

ရေဘေးဒုက္ခနှင့်ြ ကုံခဲ့ရသောကြောင့်၎င်းနယ်မြေတွင် ရေဘေးသင့် ထောက်ပံ့လှူဒါန်းငွေ ကျပ် ဆယ့်နှစ်သိန်း
ကိုးသောင်းကျော်ကို နယ်မြေမှူးမှ လက်ခံယူပြီး လက်ကျန်ငွေစာရင်းခြောက်သိန်းသုံးသောင်းကျော် စာရင်း

ကျန်နေခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ထွန်းထွန်း
The Myanma Age , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment