Pages

Tuesday, November 5, 2013

ဂျော်ဒန်နယ်စပ်တစ်လျှောက် အစ္စရေးတံတိုင်းကာမည်

Photo: ဂျော်ဒန်နယ်စပ်တစ်လျှောက် အစ္စရေးတံတိုင်းကာမည်
Tuesday, November 5, 2013

ပါလက်စတိုင်းများနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ မတွေ့ဆုံခင် ဂျော်ဒန်နယ်စပ် တစ်လျှောက်တွင် လုံခြုံရေးဆူးကြိုးများ ကာရံမည်ဟု အစ္စရေး အစိုးရက ဆုံးဖြတ်လိုက်ကြောင်း Aljazeera သတင်းတစ်ရပ်က ဖော်ပြထားသည်။

အီဂျစ်နယ်စပ် တောက်လျှောက်တွင် သံဆူးကြိုး ကာကွယ်ရေးများ တည်ဆောက်ပြီးနောက် ဆက်လက်၍ ဂျော်ဒန်ဘက်ခြမ်း ကိုလည်း တည်ဆောက်ခြင်းဖြစ်သည်။

အစ္စရေးနယ်စပ်ကို အတားအဆီး အကာအရံများ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ အသေးစိတ် အစီအစဉ်ကို ပါလက်စတိုင်း သတင်းဌာနက ဝန်ကြီးချုပ် နေတန်ညာဟု၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကို ဆက်သွယ် မေးမြန်းခဲ့ရာ ၄င်းကဖြေကြားခြင်း မပြုခဲ့ပေ။
ပါလက်စတိုင်း သမ္မတရုံးကမူ အဆိုပါ သတင်းနှင့်ပတ်သက်ပြီး ရှုတ်ချ ပြောဆိုခဲ့သည်။

“အစ္စရေးဝန်ကြီးချုပ်ရဲ့ ဂျော်ဒန်ဒေသ ခြံစည်းရိုးအစီအစဉ်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ခရီးစဉ်နဲ့ အချိန်ကိုက် လုပ်ဆောင်ခြင်းဖြစ်ပါတယ်” ဟု ပါလက်စတိုင်းသမ္မတ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် နာဘီအဘူရူဒီနာက ပြောကြားခြင်း ဖြစ်သည်။
အနောက်ဘက်ကမ်းဒေသတွင် ရွှေ့ပြောင်းဝင်ရောက် နေရာယူ အခြေချရန် အတွက် နေအိမ်ပေါင်း ၁၈၅၉ လုံးတည်ဆောက်ရန် တင်ဒါခေါ်ယူခြင်း ကိုလည်း အစ္စရေး အစိုးရက ထုတ်ပြန်ထားကြောင်း ယင်းသို့ အစ္စရေး၏ ဝင်ရောက်အခြေချခြင်း လှုပ်ရှားမှုများကို စောင့်ကြည့်သည့် Peace Now အဖွဲ့အစည်းက AFP ကို ပြောကြားသည်။

အစ္စရေးဆောက်လုပ်ရေးနှင့် အိမ်ရာဝန်ကြီးဌာနက အကွက်ရိုက် ထားသော နေရာ တစ်ထောင်ကျော်ကို သိမ်းပိုက်နယ်မြေ အနောက်ဘက်ကမ်းတွင် တည်ဆောက်ရန် စီစဉ်ထားပြီး ကျန်အလုံး ရှစ်ရာကျော်ကို အရှေ့ဂျေရုဆလင်တွင် တည်ဆောက်ရန် လျာထားသည်ဟု ယင်းအဖွဲ့ အစည်းက ဆိုသည်။

ပါလက်စတိုင်းများက ယင်းလုပ်ရပ်အတွက် အလွန် ဒေါသထွက်ကြပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အဆိုပါကိစ္စကို တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ကြသည်။
“ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့အစည်း PLO က လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ၏ သတ်မှတ်ချက်များကို အစ္စရေး၏ ယခုဆုံးဖြတ်ချက်များက သွေဖည်နေတယ်လို့ ယူဆပါတယ်။ ဒီလို ဝင်ရောက် အခြေချမှုတွေ လုပ်နေတာဟာလည်း တရားမဝင်ပါဘူး” ဟု PLO မှ ထိပ်တန်းအရာရှိ ဝါဆယ်အဘူယူဆက်ဖ်က AFP ကို ပြောကြားခဲ့သည်။

ယခုအခါ အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲများ ပြန်လည် စတင်နေလျက် ရှိပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလည်း ဒေသတွင်း အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ခရီးလှည့်လည်လျက် ရှိသည်။

The Voice Weekly

RangonNewsDaily:: November . 5 .2013
ပါလက်စတိုင်းများနှင့်အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီတို့မတွေ့ဆုံခင် ဂျော်ဒန်နယ်စပ်တစ်လျှောက်
တွင် လုံခြုံရေးဆူးကြိုးများ ကာရံမည်ဟု အစ္စရေး အစိုးရက ဆုံးဖြတ်လိုက်ကြောင်း Aljazeera သတင်းတစ်ရပ်
က ဖော်ပြထားသည်။ အီဂျစ်နယ်စပ် တောက်လျှောက်တွင် သံဆူးကြိုး ကာကွယ်ရေးများ တည်ဆောက်ပြီးနောက် ဆက်လက်၍
 ဂျော်ဒန်ဘက်ခြမ်း ကိုလည်း တည်ဆောက်ခြင်းဖြစ်သည်။

အစ္စရေးနယ်စပ်ကို အတားအဆီး အကာအရံများ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ အသေးစိတ် အစီအစဉ်ကို ပါ
လက်စတိုင်း သတင်းဌာနက ဝန်ကြီးချုပ် နေတန်ညာဟု၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကို ဆက်သွယ် မေးမြန်းခဲ့
ရာ၎င်းကဖြေကြားခြင်းမပြုခဲ့ပေ။ပါလက်စတိုင်း သမ္မတရုံးကမူ အဆိုပါ သတင်းနှင့်ပတ်သက်ပြီး ရှုတ်ချ ပြော
ဆိုခဲ့သည်။

“အစ္စရေးဝန်ကြီးချုပ်ရဲ့ ဂျော်ဒန်ဒေသ ခြံစည်းရိုးအစီအစဉ်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီ
ရဲ့ခရီးစဉ်နဲ့ အချိန်ကိုက် လုပ်ဆောင်ခြင်းဖြစ်ပါတယ်” ဟု ပါလက်စတိုင်းသမ္မတ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် နာ
ဘီအဘူရူဒီနာက ပြောကြားခြင်း ဖြစ်သည်။အနောက်ဘက်ကမ်းဒေသတွင် ရွှေ့ပြောင်းဝင်ရောက် နေရာယူ
အခြေချရန် အတွက် နေအိမ်ပေါင်း ၁၈၅၉ လုံးတည်ဆောက်ရန် တင်ဒါခေါ်ယူခြင်း ကိုလည်း အစ္စရေး အစိုး
ရက ထုတ်ပြန်ထားကြောင်း ယင်းသို့ အစ္စရေး၏ ဝင်ရောက်အခြေချခြင်း လှုပ်ရှားမှုများကို စောင့်ကြည့်သည့် Peace Now အဖွဲ့အစည်းက AFP ကို ပြောကြားသည်။

အစ္စရေးဆောက်လုပ်ရေးနှင့်အိမ်ရာဝန်ကြီးဌာနကအကွက်ရိုက်ထားသော နေရာတစ်ထောင်ကျော်ကို သိမ်း
ပိုက်နယ်မြေ အနောက်ဘက်ကမ်းတွင် တည်ဆောက်ရန် စီစဉ်ထားပြီး ကျန်အလုံး ရှစ်ရာကျော်ကို အရှေ့ဂျေ
ရုဆလင်တွင် တည်ဆောက်ရန် လျာထားသည်ဟု ယင်းအဖွဲ့ အစည်းက ဆိုသည်။

ပါလက်စတိုင်းများက ယင်းလုပ်ရပ်အတွက် အလွန် ဒေါသထွက်ကြပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အ
ဆိုပါကိစ္စကို တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ကြသည်။“ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့အ
စည်း PLO က လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ၏ သတ်မှတ်ချက်များကို အစ္စရေး၏ ယခုဆုံးဖြတ်ချက်များ
က သွေဖည်နေတယ်လို့ ယူဆပါတယ်။ ဒီလို ဝင်ရောက် အခြေချမှုတွေ လုပ်နေတာဟာလည်း တရားမဝင်
ပါဘူး” ဟု PLO မှ ထိပ်တန်းအရာရှိ ဝါဆယ်အဘူယူဆက်ဖ်က AFP ကို ပြောကြားခဲ့သည်။

ယခုအခါ အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲများ ပြန်လည် စတင်နေလျက် ရှိပြီး အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး ကလည်း ဒေသတွင်း အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ခရီးလှည့်လည်လျက် ရှိသည်။

The Voice, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment