Pages

Tuesday, November 5, 2013

******************* မာန ရဲ့ ဆုလာဒ် *****************

RangonNewsDaily:: November . 4 .2013
✎✎ လမ်းခွဲကြတော့မဲ့ ချစ်သူနှစ်ဦး တစ်ယောက်ကိုတစ်ယောက်
မျက်နှာချင်းဆိုင်ရပ်လို့ ဆိတ်ငြိမ်နေတဲ့ ပတ်ဝန်းကျင်က ပိုပြီး
ချောက်ခြားစွာ အသက်ဝင်နေတယ်✎✎
::
☛ကောင်လေး☚
"ငါတို့ လမ်းခွဲကြရအောင် " ☛ကောင်မလေး☚
" ကောင်းပြီလေ၊ နင့်သဘောအတိုင်းပါဘဲ.."
::
☛ကောင်လေး☚
"ငါနင့်ကို မချစ်ခဲ့ဖူး၊တစ်ကယ်တော့ ငါညာခဲ့တာ"

☛ကောင်မလေး☚ .
"ငါလည်းနင့် လို ပါဘဲ..နင့်ကိုတစ်ကယ်မချစ်ခဲ့ပါဖူးညာခဲ့တာ..."
::
☛ကောင်လေး ☚
"ဒါဆို နင်နဲ့ ငါ ဒီနေ့ ကစပြီး ပြတ်ပြီ.."

☛ကောင်မလေး ☚
"ဒီနေ့ ဆိုတာကြာတယ်..ခုချိန်ကစပြီး ပြတ်ပြီလို့ မှတ်လိုက်တော့."
::
✎✎အဲ့ဒီနောက်ကောင်လေးနှင့်ကောင်မလေး တို့ နှစ်ဦးဟာ
တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းပြီး လှည့်ထွက်လိုက်တယ်.
ဒါပေမဲ့ သူတို့ စိတ်အတွေးကိုယ်စီမှာတော့✎✎

☛ကောင်လေး☚
"တစ်ကယ်ဆို ငါမမှားဖူး၊နင်မှားတာ နင်စချော့သင့်တယ်.."
::
☛ကောင်မလေး☚
"ငါကမိန်းခလေးဘဲ..ငါမှားတယ်ဆိုတာတောင်
နင်စချော့သင့်တာပေါ့.."

☛ကောင်လေး☚
"နင့်ကိုစိတ်ဆိုးလို့ ငါပြောလိုက်တာ.."
::
☛ကောင်မလေး☚
"နင်ပြောတာကိုမခံချင်လို့ ပြန်ပြောလိုက်တာ.."

☛ကောင်လေး☚
"သူငါ့ကိုတစ်ကယ်မုန်းသွားပြီလား.."
::
☛ကောင်မလေး☚
"သူငါ့ကိုတော်တော်နားကျည်းသွားပြီထင်တယ်.."

✎ဒီလိုနဲ့ ဘဲ တဖြည်းဖြည်းနဲ့ ကျောခိုင်းလျှေက်လာတဲ့ကောင်လေးနဲ့ 
ကောင်မလေးတို့ ဟာ ဝေးသထက်ဝေးလာခဲ့ပါတယ်✎
::
♥♥ အချစ်ဆိုတဲ့အရာဟာ နူးညံသိမ်မွေ့ ပြီးနက်ရှိုင်းလွန်းပါတယ်။
တစ်ကယ်ချစ်တယ်ဆိုရင်ဘယ်တော့မှ မာနတွေမသုံးမိပါစေနဲ့ ..
လူဆိုတာ မာနနဲ့ တော့ မကင်းကြပါဖူး.......

တစ်ကယ်တော့ မာနဆိုတာ မိမိကိုယ်ကို ထိခိုက်စော်ကားလာမဲ့
အတားအဆီး၊ အနှောင်အဖွဲ့ တွေကို ရုတ်တရက် ရပ်တန့် 
့တုန့် နှေးသွားစေမဲ့ အရာတစ်ခုသက်သက်သာဖြစ်ပါတယ်။
::
ကောင်လေးနှင့်ကောင်မလေးဟာတစ်ယောက်ကိုတစ်ယောက်
အရမ်းချစ်ကြပေမဲ့သူတို့ ကိုးကွယ်မိလိုက်တဲ့ " မာန "တရားက
သူတို့ ကို ဝေးစေခဲ့ပြီလေ..♥♥

❥❥❥ မထားသင့်တဲ့ မာနတွေ ထားခဲ့မိတော့
::
မလွဲသင့်တဲ့ ရင်တွေ လွဲခဲ့ရတယ်

မလွဲသင့်တဲ့ ရင်တွေ လွဲခဲ့ရတော့

မကွဲသင့်ဘဲ အသဲတွေ ကွဲသွားရပါတော့တယ်❥❥❥

☛ နေ ပိုင် ☚
(မောင်စွယ်စုံကျမ်း) ::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment