Pages

Tuesday, November 5, 2013

ဖုန်းမယူလာကြရန် လွှတ်တော် ကိုယ်စားလှယ်များကို သူရဦးရွှေမန်း သတိပေး

Photo: ဖုန်းမယူလာကြရန် လွှတ်တော် ကိုယ်စားလှယ်များကို သူရဦးရွှေမန်း သတိပေး
Tuesday, November 5, 2013

လွှတ်တော်တွင်း ဖုန်း Ring Tone သံများ ကြားနေရသောကြောင့် လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော်သို့ ဖုန်းနှင့် ဖုန်းကဲ့သို့သော ပစ္စည်းများ ယူမလာကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေး ပြောကြားသည်။

လွှတ်တော်အတွင်း မည်သည့် ပစ္စည်းမျှ ယူမလာကြရန် စည်းကမ်း သတ်မှတ်ထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်များက ဖုန်းများ ယူဆောင်လာပြီး လွှတ်တော် အတွင်းဖုန်း Ring Tone သံများ မြည်နေ
ခြင်းကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယင်းသို့ သတိပေး ပြောကြား
လိုက်ခြင်း ဖြစ်သည်။

“လွှတ်တော်အတွင်း အသံတွေ မြည်နေတာ အဝေးမှာ ရှိနေတဲ့ လွှတ်တော် ဥက္ကဋ္ဌအထိ ကြားနေရတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖလမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လိန်းသည် ချင်းပြည်နယ် အတွင်းရှိ ကျောင်းများ၊ ဆေးရုံများအတွက် ခွင့်ပြုချမှတ်ထားသည့် ရန်ပုံငွေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ မေးမြန်းနေစဉ် ဖုန်းသံမြည်ခဲ့သည်။

“မေးခွန်း အဆိုတင်နေတဲ့ အချိန်မှာ ဖုန်းသံ ထမြည်တာတော့ လွှတ်တော်ကို ရုပ်ဆိုးစေတယ်။ လွှတ်တော် ကိုယ်စားလှယ်က စည်းကမ်း မလိုက်နာဘူး
ဆိုတာ သက်သေပြသလို ဖြစ်သွားတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စား
လှယ်တစ်ဦးက မှတ်ချက်ပေးသည်။

ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လယ်သမားများထံ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု မှတ်ပုံတင် လက်မှတ်များ ရောက်ရှိရေးအတွက် ပစ္စည်းများ ဝယ်ယူ ဖြည့်တင်းခြင်းနှင့် ဝန်ထမ်းလိုပါက ခန့်အပ်ခြင်း ရှိ မရှိ၊ မိုဘိုင်းလ်ဖုန်းများ အဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက် မြို့နယ်ခွဲများတွင် တာဝါတိုင်များ စိုက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးရေး ကိစ္စများ သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ မေးမြန်သည့် အစီအစဉ် အပါ
အဝင် အစီအစဉ် ရှစ်ခုဖြင့် ကျင်းပခဲ့သည်။

The Voice Weekly

RangonNewsDaily:: November . 5 .2013
လွှတ်တော်တွင်း ဖုန်း Ring Tone သံများ ကြားနေရသောကြောင့် လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော်သို့ ဖုန်းနှင့် ဖုန်းကဲ့သို့သော ပစ္စည်းများ ယူမလာကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း
က သတိပေး ပြောကြားသည်။ လွှတ်တော်အတွင်း မည်သည့် ပစ္စည်းမျှ ယူမလာကြရန် စည်းကမ်း သတ်မှတ်ထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်များက ဖုန်းများ ယူဆောင်လာပြီး လွှတ်တော် အတွင်းဖုန်း Ring Tone သံများ မြည်နေခြင်း
ကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယင်းသို့ သတိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။

“လွှတ်တော်အတွင်း အသံတွေ မြည်နေတာ အဝေးမှာ ရှိနေတဲ့ လွှတ်တော် ဥက္ကဋ္ဌအထိ ကြားနေရတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

အောက်တိုဘာလ၄ ရက်နေ့ကကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်ဖလမ်းမဲဆန္ဒနယ်မှ ပြည်
သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လိန်းသည် ချင်းပြည်နယ် အတွင်းရှိ ကျောင်းများ၊ ဆေးရုံများအတွက် ခွင့်
ပြုချမှတ်ထားသည့် ရန်ပုံငွေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ မေးမြန်းနေစဉ် ဖုန်းသံမြည်ခဲ့
သည်။

“မေးခွန်း အဆိုတင်နေတဲ့ အချိန်မှာ ဖုန်းသံ ထမြည်တာတော့ လွှတ်တော်ကို ရုပ်ဆိုးစေတယ်။ လွှတ်တော် ကိုယ်စားလှယ်က စည်းကမ်း မလိုက်နာဘူးဆိုတာ သက်သေပြသလို ဖြစ်သွားတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မှတ်ချက်ပေးသည်။

ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်လယ်သမားများထံလယ်ယာမြေလုပ်ပိုင်ခွင့်ပြု မှတ်ပုံတင် လက်
မှတ်များ ရောက်ရှိရေးအတွက် ပစ္စည်းများ ဝယ်ယူ ဖြည့်တင်းခြင်းနှင့် ဝန်ထမ်းလိုပါက ခန့်အပ်ခြင်း ရှိ မရှိ၊ မို
ဘိုင်းလ်ဖုန်းများ အဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက် မြို့နယ်ခွဲများတွင် တာဝါတိုင်များ စိုက်ပေးရန် အစီ
အစဉ် ရှိ မရှိနှင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးရေး ကိစ္စများ သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ မေးမြန်သည့် အစီအ
စဉ် အပါအဝင် အစီအစဉ် ရှစ်ခုဖြင့် ကျင်းပခဲ့သည်။

The Voice,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment