Pages

Tuesday, November 5, 2013

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း လူစည်ကားသည့်နေ့များတွင် ကလေးသူငယ်များဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများ လုယက်ခံရမှုနှင့် ရန်ဖြစ်မှုများ မကြာခဏဖြစ်ပွား

Photo: ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း လူစည်ကားသည့်နေ့များတွင် ကလေးသူငယ်များဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများ လုယက်ခံရမှုနှင့် ရန်ဖြစ်မှုများ မကြာခဏဖြစ်ပွား
Tuesday, November 5, 2013

ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်အတွင်း လူစည်ကားသည့်နေ့များတွင် ကလေးသူ ငယ်များဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်း များ လုယက်ခံရမှုများနှင့် ရန်ဖြစ်မှုများမကြာ ခဏဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ယင်းကဲ့သို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်း ကလေးသူငယ်အချို့ ၀တ်ဆင်ထား သည့် ရတနာပစ္စည်းများ လုယက်ခံရမှုတွင် မိဘများကတာဝန်ရှိသည့် လုံခြုံရေးဝန်ထမ်း များကို သွားရောက်အကြောင်းကြားရာတွင် ကျူးလွန်သွားသူကို ဖမ်းမိရန် ခက်ခဲသည်ဟု သာ ပြန်လည်ပြောကြားခဲ့ကြောင်း လုယက် ခံရသည့် မိသားစုဝင်တစ်ဦးကပြောကြားခဲ့ သည်။

ရွှေထည်ပစ္စည်းများ လုယူခံရသည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အတွင်းရှိ ဆင်စခန်းအနီးတွင် နှစ် နှစ်အရွယ် ကလေးတစ်ဦးဝတ်ဆင်ထားသည့် တစ်မတ်သား ရွှေလက်ကောက်တစ်ကွင်း ချွတ်ယူခံခဲ့ရကြောင်း ကလေး၏မိခင်ဖြစ်သူ ဒေါ်ယင်မာလွင်ထံမှ သိရသည်။

''ကျွန်မတို့ရဲ့အိမ်ထောင်သက်တမ်း ၁၆ နှစ်ပြည့်တဲ့နေ့ဖြစ်လို့ မိသားစုလိုက် အပြင် လျောက်သွားခဲ့တာပါ။ ကျွန်မက ကလေးကို တစ်မတ်သားအလေးချိန်ရှိတဲ့ ရွှေလက်ကောက်နှစ်ကွင်းကို ၀တ်ဆင်ပေး ထားတယ်။ ပြည်သူ့ဥယျာဉ်ကနေ ပြန်ပြီး တော့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲဝင်တဲ့ အချိန် အထိ သတိထားကြည့်မိတော့ရှိသေးတယ်။ မွန်းလွဲ ၂ နာရီခွဲလောက်က ဆင်စခန်းရှေ့မှာ ဆင်နှစ်ကောင်ကိုတွဲပြီး ဓာတ်ပုံရိုက်နေလို့ ကျွန်မတို့က စိတ်ဝင် စားပြီးကြည့်နေတဲ့အခါ မှာ ကလေးရဲ့လက်ကောက် တစ်ကွင်းမရှိတော့ ဘူး။ နောက်တစ်ကွင်းက ကျွတ်ကျခါနီး အထိဖြစ်နေတယ်။ ကလေးက သူ့အဖေကို လက်တို့ပြီးတော့ ပြောတဲ့အခါမှာပဲ သိခဲ့ တာပါ။ ကလေးကအိပ်နေလို့ ချီထားတဲ့ အချိန်မှာ အချွတ်ခံလိုက်ရတာဖြစ်ပါတယ်''ဟု ဒလမြို့နယ်တွင်နေထိုင်သူ ဒေါ်ယင်မာ လွင်က ပြောကြားခဲ့သည်။

ထို့အပြင် ယင်းနေ့ ညနေ ၄ နာရီခွဲဝန်း ကျင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝင်း အတွင် ရှိ လုံခြုံရေးနှင့် ပြန်ကြားရေးရုံးရှေ့၌ အမျိုး သားတစ်ဦးအား အမျိုးသားလေးဦးတို့က ၀ိုင်းဝန်းထိုးကြိတ်ခဲ့သည့်ဖြစ်စဉ် တစ်ခု လည်းဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်များနှင့်ပတ်သက်၍ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှ အုပ်ချုပ်ရေးမှူးဦးတင် ရွှေက ''ဒီလိုမျိုးဖြစ်စဉ် တွေမဖြစ်စေဖို့အတွက် လူစည်ကား တဲ့နေ့တွေမှာဆို ရင် အသံချဲ့စက် တွေကနေတစ်ဆင့် သတိထားဖို့ပြောပါ တယ်။ လုံခြုံရေးအရလည်း လှည့်လည် ဆောင်ရွက်
ပါတယ်''ဟု နိုဝင်ဘာ ၄ ရက် က ပြောကြားခဲ့သည်။

eleven media group

RangonNewsDaily:: November . 5 .2013
ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်အတွင်း လူစည်ကားသည့်နေ့များတွင် ကလေးသူ ငယ်များဝတ်ဆင်ထားသည့်
 ရွှေထည်ပစ္စည်း များ လုယက်ခံရမှုများနှင့် ရန်ဖြစ်မှုများမကြာ ခဏဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယင်းကဲ့သို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်း ကလေးသူငယ်အချို့ ၀တ်ဆင်ထား သည့် ရတနာပစ္စည်းများ လု
ယက်ခံရမှုတွင် မိဘများကတာဝန်ရှိသည့် လုံခြုံရေးဝန်ထမ်း များကို သွားရောက်အကြောင်းကြားရာတွင် ကျူး
လွန်သွားသူကို ဖမ်းမိရန် ခက်ခဲသည်ဟု သာ ပြန်လည်ပြောကြားခဲ့ကြောင်း လုယက် ခံရသည့် မိသားစုဝင်
တစ်ဦးကပြောကြားခဲ့ သည်။

ရွှေထည်ပစ္စည်းများ လုယူခံရသည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အတွင်းရှိ ဆင်စခန်းအနီးတွင် နှစ် နှစ်အရွယ် ကလေးတစ်ဦးဝတ်ဆင်ထားသည့် တစ်မတ်သား ရွှေလက်ကောက်တစ်ကွင်း ချွတ်ယူခံခဲ့ရကြောင်း ကလေး၏မိခင်ဖြစ်သူ ဒေါ်ယင်မာလွင်ထံမှ သိရသည်။

''ကျွန်မတို့ရဲ့အိမ်ထောင်သက်တမ်း ၁၆ နှစ်ပြည့်တဲ့နေ့ဖြစ်လို့ မိသားစုလိုက် အပြင် လျောက်သွားခဲ့တာပါ။ ကျွန်မက ကလေးကို တစ်မတ်သားအလေးချိန်ရှိတဲ့ ရွှေလက်ကောက်နှစ်ကွင်းကို ၀တ်ဆင်ပေး ထားတယ်။
ပြည်သူ့ဥယျာဉ်ကနေ ပြန်ပြီး တော့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲဝင်တဲ့ အချိန် အထိ သတိထားကြည့်မိတော့
ရှိသေးတယ်။ 
 
မွန်းလွဲ ၂ နာရီခွဲလောက်က ဆင်စခန်းရှေ့မှာ ဆင်နှစ်ကောင်ကိုတွဲပြီး ဓာတ်ပုံရိုက်နေလို့ ကျွန်မတို့က စိတ်
ဝင် စားပြီးကြည့်နေတဲ့အခါ မှာ ကလေးရဲ့လက်ကောက် တစ်ကွင်းမရှိတော့ ဘူး။ နောက်တစ်ကွင်းက ကျွတ်
ကျခါနီး အထိဖြစ်နေတယ်။ ကလေးက သူ့အဖေကို လက်တို့ပြီးတော့ ပြောတဲ့အခါမှာပဲ သိခဲ့ တာပါ။ ကလေး
ကအိပ်နေလို့ ချီထားတဲ့ အချိန်မှာ အချွတ်ခံလိုက်ရတာဖြစ်ပါတယ်''ဟု ဒလမြို့နယ်တွင်နေထိုင်သူ ဒေါ်ယင်
မာ လွင်က ပြောကြားခဲ့သည်။

ထို့အပြင် ယင်းနေ့ ညနေ ၄ နာရီခွဲဝန်း ကျင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝင်း အတွင် ရှိ လုံခြုံရေးနှင့် ပြန်ကြား
ရေးရုံးရှေ့၌ အမျိုးသားတစ်ဦးအားအမျိုးသားလေးဦးတို့က ၀ိုင်းဝန်းထိုးကြိတ်ခဲ့သည့်ဖြစ်စဉ် တစ်ခု လည်းဖြစ်
ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်များနှင့်ပတ်သက်၍ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှအုပ်ချုပ်ရေးမှူးဦးတင် ရွှေက''ဒီလိုမျိုးဖြစ်စဉ် တွေမဖြစ်
စေဖို့အတွက် လူစည်ကား တဲ့နေ့တွေမှာဆို ရင် အသံချဲ့စက် တွေကနေတစ်ဆင့် သတိထားဖို့ပြောပါ တယ်။ လုံခြုံရေးအရလည်း လှည့်လည် ဆောင်ရွက်ပါတယ်''ဟု နိုဝင်ဘာ ၄ ရက် က ပြောကြားခဲ့သည်။

eleven media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment