Pages

Tuesday, November 5, 2013

တရုတ်ယွမ်ငွေဈေးတက်သော်လည်း ရွှေလီဈေးကွက်အတွင်း အထည်များ အရောင်းသွက်

Photo: တရုတ်ယွမ်ငွေဈေးတက်သော်လည်း ရွှေလီဈေးကွက်အတွင်း အထည်များ အရောင်းသွက်
Tuesday, November 5, 2013

တရုတ်ယွမ်ငွေဈေး မြင့်တက်လာသော်လည်း ရွှေလီဈေးကွက်အတွင်း
 ဆောင်းတွင်းအထည်များနှင့် ကလေးအထည်များ အရောင်းအ၀ယ် သွက်လျက်ရှိကြောင်း ထိုက်လီဈေး အတွင်း အထည်ဆိုင်များမှ သိ
ရသည်။

''အခုက ပွင့်လင်းရာသီ အစလည်းဖြစ်တယ်။ ဆောင်းတွင်းလည်း ၀င်ပြီဆိုတော့ အထည်တွေ အရောင်းသွက်နေပါတယ်။ ကလေး
အထည်တွေ ပိုသွက်ပါတယ် ''ဟု ထိုက်လီဈေး အထည်ဆိုင်
တစ်ခုမှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ မန္တလေး၊ ကလေး၊ တမူး၊ မြစ်ကြီးနားဒေသတို့မှာ ၀ယ်လက်များ လာရောက်မှု များပြားပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဒေသမှ ကုန်သည်အချို့လည်း လာရောက်
ဝယ်ယူမှု များပြားကြောင်း သိရှိရသည်။

လက်ရှိဈေးကွက်အတွင်း ကုန်ပစ္စည်း ဈေးနှုန်းများမှာ ယခင်နှစ်ထက် အနည်းငယ်ပိုမြင့်လာကြောင်း လည်း ကုန်သည်များ၏ ပြောကြားချက်
အရ သိရှိရသည်။

မူဆယ်မြို့ ဖိနပ်ကုန်သည် ဦးကျော်လှက '' မနှစ်က ကျားစီး
ဘွတ်ဖိနပ်တွေ ဈေးနှုန်းအဖွင့်မှာ တရုတ်ယွမ်ငွေ (၂၅) ယွမ်ကျော်နဲ့ ဖွင့်ခဲ့တာ။ ဒီနှစ်က တရုတ်ယွမ်ငွေ (၃၂) ယွမ်နဲ့ ဈေးဖွင့်လာတော့ မနှစ်ကထက် ဈေးပိုလာတယ်။ ''ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် တရုတ်ယွမ်ငွေဈေးနှုန်း မြင့်တက်လျက်ရှိနေရာ မည်သည့်ပစ္စည်းမဆို ဈေးနှုန်းမြင့်တက်မှုရှိနိုင်ကြောင်း ဒေသခံ
ကုန်သည်များက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ တရုတ်ယွမ်ငွေဈေးနှုန်းမှာ မြန်မာကျပ်ငွေ 
၁၅၃ ကျပ် ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ၁၅၉ ကျပ်အထိ
 ဖြစ်နေကြောင်း ဒေသတွင်း ငွေလဲလုပ်ကိုင်နေသူများထံမှ သိရသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age

RangonNewsDaily:: November . 5 .2013
တရုတ်ယွမ်ငွေဈေး မြင့်တက်လာသော်လည်း ရွှေလီဈေးကွက်အတွင်း ဆောင်းတွင်းအထည်များနှင့် ကလေး
အထည်များ အရောင်းအ၀ယ် သွက်လျက်ရှိကြောင်း ထိုက်လီဈေး အတွင်း အထည်ဆိုင်များမှ သိရသည်။ ''အခုက ပွင့်လင်းရာသီ အစလည်းဖြစ်တယ်။ ဆောင်းတွင်းလည်း ၀င်ပြီဆိုတော့အထည်တွေအရောင်းသွက်
နေပါတယ်။ ကလေးအထည်တွေ ပိုသွက်ပါတယ် ''ဟု ထိုက်လီဈေး အထည်ဆိုင်တစ်ခုမှ အရောင်းဝန်ထမ်း
တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ မန္တလေး၊ ကလေး၊ တမူး၊ မြစ်ကြီးနားဒေသတို့မှာ ၀ယ်လက်
များ လာရောက်မှု များပြားပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဒေသမှ ကုန်သည်အချို့လည်းလာရောက်ဝယ်ယူမှု
 များပြားကြောင်း သိရှိရသည်။

မူဆယ်မြို့ ဖိနပ်ကုန်သည် ဦးကျော်လှက '' မနှစ်က ကျားစီးဘွတ်ဖိနပ်တွေ ဈေးနှုန်းအဖွင့်မှာ တရုတ်ယွမ်ငွေ (၂၅) ယွမ်ကျော်နဲ့ ဖွင့်ခဲ့တာ။ ဒီနှစ်က တရုတ်ယွမ်ငွေ (၃၂) ယွမ်နဲ့ ဈေးဖွင့်လာတော့ မနှစ်ကထက် ဈေးပိုလာတယ်။ ''ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် တရုတ်ယွမ်ငွေဈေးနှုန်း မြင့်တက်လျက်ရှိနေရာ မည်သည့်ပစ္စည်းမဆို ဈေးနှုန်းမြင့်တက်
မှုရှိနိုင်ကြောင်း ဒေသခံကုန်သည်များက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ တရုတ်ယွမ်ငွေဈေးနှုန်းမှာ မြန်မာကျပ်ငွေ ၁၅၃ ကျပ် ဖြစ်ခဲ့သော်လည်း ယခု
အချိန်တွင် ၁၅၉ ကျပ်အထိဖြစ်နေကြောင်း ဒေသတွင်း ငွေလဲလုပ်ကိုင်နေသူများထံမှ သိရသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment