Pages

Friday, October 25, 2013

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ ရှိ Popular အထည်ချုပ်စက်ရုံတွင်စက်ပြင်လုပ်သားတစ်ဦးသေဆုံး

RangonNewsDaily:: October. 25 .2013
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ရှိ Popular အထည်ချုပ်စက်ရုံတွင် စက်ပြင်လုပ်သားတစ်ဦး အောက်တိုဘာ ၂၄ရက်နေ့တွင် ရုတ်တရက် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရသည်။၎င်းသေဆုံးသူသည် အထည်ချုပ်စက်အား ပြုပြင်ရန်ထိုင်ခုံတွင်ထိုင်နေစဉ် မူးတယ်ဟုပြောဆိုကာ

ကြမ်းပြင်ပေါ်သို့ မှောက်လျက် လဲကျသွားပြီး ယာနဖူးထောင့်ပေါက်ပြဲဒဏ်ရာရရှိ၍ သတိလစ်သွားသဖြင့်
ဆေးရုံသို့သယ်လာစဉ်လမ်း၌သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းအမှုအားဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်စစ်ဆေးလျက်ရှိပြီးဆရာဝန်၏စစ်ဆေးချက်အရသိနိုင်

မည်ဖြစ်ကြောင်း လှိုင်သာယာရဲစခန်း တာဝန်မှူးမှပြောကြားသည်။

ထိုအမှုအား လှိုင်သာယာရဲစခန်းမှ ဒုရဲအုပ်အောင်နိုင်ဦးက တရားလိုပြုလုပ်၍ သေမှုသေခင်းအမှတ်စဉ်-၇၀/ ၂၀၁၃ဖြင့်အမှုစစ် ရဲအုပ်မှ စစ်ဆေးလျက် ရှိသည်။

People power , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment