Pages

Friday, October 25, 2013

HTC မကောင်းကြောင်းရေးသူတို့ကို Samsung တို့ ပိုက်ဆံပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိ

Photo: HTC မကောင်းကြောင်းရေးသူတို့ကို Samsung တို့ ပိုက်ဆံပေးခဲ့
Friday, October 25, 2013

ထိုင်ဝမ်နိုင်ငံမှာ ဖြစ်ပါတယ်။ HTC မကောင်းကြောင်းရေးပေးတဲ့ မီဒီယာနဲ့ Commenter သမား များကို Samsung က ငွေပေးနေတာကို စစ်ဆေးတွေ့ရှိမှုကြောင့် အရေးယူလိုက်ပါပြီ။ 

Samsung အတွက် တာဝန်ယူထားတဲ့ မာကဲတင်းအေဂျင်စီဟာ Yelp တို့လို ထိုင်ဝမ်က နည်းပညာ Blog တွေက Writer တွေကို ငွေပေးပြီး HTC မကောင်းကြောင်းရေးစေ ပါတယ်။ အထူးသဖြင့် လက်ရှိ HTC One ရဲ့  မကောင်းကြောင်းကို ရေးစေပါတယ်။ ပြီးတော့ HTC နဲ့ ပက်သက်တဲ့ သတင်းတွေ၊ Review တွေမှာလည်း အဆိုးဘက်က မြင်တဲ့ comment တွေပေးစေရန် ငွေပေးပြီး ဒါကိုကြေးစားအဖြစ် လုပ်ကိုင်သူ များလည်း ရှိပါတယ်။ ဒီအတွက်လည်း Samsung က ငွေကြေး အမေရိကန်ဒေါ်လာ သိန်းချီအသုံးပြုထားပါတယ်။ 

ဒါကို ယခု ထိုင်ဝမ်မျာ စစ်ဆေး တွေ့ရှိသွားပါပြီ။ ဒါကြောင့်မို့ ထိုင်ဝမ်အခြေ ဆိုက်တဲ့ တရာမျှတ ကုန်သွယ်ရေး ကော်မရှင်အဖွဲ့က Samsung ကို ဒဏ်ငွေ ထိုင်ဝမ် ဒေါ်လာ ၁၀ သန်းဆောင်စေ ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၃၄၁ ၃၀၀ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်ပြီး Samsung ကို အရေးယူအုံးမှာပါ။ ဒါဟာ Samsung Official နဲ့ တိုက်ရိုက် ဆက်စပ်နေခြင်း ဖြစ်ပါတယ်။ 

လက်ရှိ Sasmung လိုပဲ Nokia ဟာ ၎င်းတို့ ကုန်ပစ္စည်း ကြော်ငြာဖို့အတွက် အခြား ကုန်ပစ္စည်းများကို ကုန်သွယ်မှု ဥပဒေက တားမြစ်ထား တဲ့ ဘောင်ကို ကျော်လွန်ပြီး ကုန်ပစ္စည်း ရောင်းအား မြင့်တင်ရေးကို ကြိုးပမ်း လုပ်ဆောင်နေကြောင်း ထိုင်ဝမ်အခြေဆိုက် ဈေးကွက် သုံးသပ်သူများက ဆိုပါတယ်။ အခြားနိုင်ငံ များမှာလည်း ဒါတွေကို မဖြစ်စေဖို့ စစ်ဆေးမှုများ ပြုလုပ်လာတာကြောင့် ကုမ္မဏီတွေကလည်း သတိထားလာ ပါပြီ။ 

ငွေကြေးပေးပြီး နာမည်ပျက်စေတဲ့ Writer, Commenter လုပ်ရပ်များဟာ နည်းပညာမှာတင်မက အခြား စီးပွားရေး လုပ်ငန်းတွေမှာ လည်း ဖြစ်ပျက်လျက် ရှိကြောင်း သိရပါတယ်။
.

Ref: mashable
အောင်ခမ်း ( MM Social Sky )

RangonNewsDaily:: October. 25 .2013
ထိုင်ဝမ်နိုင်ငံမှာ ဖြစ်ပါတယ်။ HTC မကောင်းကြောင်းရေးပေးတဲ့ မီဒီယာနဲ့ Commenter သမား များကို Samsung က ငွေပေးနေတာကို စစ်ဆေးတွေ့ရှိမှုကြောင့် အရေးယူလိုက်ပါပြီ။ Samsung အတွက် တာဝန်ယူထားတဲ့ မာကဲတင်းအေဂျင်စီဟာ Yelp တို့လို ထိုင်ဝမ်က နည်းပညာ Blog တွေက Writer တွေကို ငွေပေးပြီး HTC မကောင်းကြောင်းရေးစေ ပါတယ်။ အထူးသဖြင့် လက်ရှိ HTC One ရဲ့  မကောင်းကြောင်းကို ရေးစေပါတယ်။
 
ပြီးတော့ HTC နဲ့ ပက်သက်တဲ့ သတင်းတွေ၊ Review တွေမှာလည်း အဆိုးဘက်က မြင်တဲ့ comment တွေပေးစေရန် ငွေပေးပြီး ဒါကိုကြေးစားအဖြစ် လုပ်ကိုင်သူ များလည်း ရှိပါတယ်။ ဒီအတွက်လည်း Samsung က ငွေကြေး အမေရိကန်ဒေါ်လာ သိန်းချီအသုံးပြုထားပါတယ်။

ဒါကို ယခု ထိုင်ဝမ်မျာ စစ်ဆေး တွေ့ရှိသွားပါပြီ။ ဒါကြောင့်မို့ ထိုင်ဝမ်အခြေ ဆိုက်တဲ့ တရာမျှတ ကုန်သွယ်ရေး ကော်မရှင်အဖွဲ့က Samsung ကို ဒဏ်ငွေ ထိုင်ဝမ် ဒေါ်လာ ၁၀ သန်းဆောင်စေ ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၃၄၁ ၃၀၀ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်ပြီး Samsung ကို အရေးယူအုံးမှာပါ။ ဒါဟာ Samsung Official နဲ့ တိုက်ရိုက် ဆက်စပ်နေခြင်း ဖြစ်ပါတယ်။

လက်ရှိ Sasmung လိုပဲ Nokia ဟာ ၎င်းတို့ ကုန်ပစ္စည်း ကြော်ငြာဖို့အတွက် အခြား ကုန်ပစ္စည်းများကို ကုန်သွယ်မှု ဥပဒေက တားမြစ်ထား တဲ့ ဘောင်ကို ကျော်လွန်ပြီး ကုန်ပစ္စည်း ရောင်းအား မြင့်တင်ရေးကို ကြိုးပမ်း လုပ်ဆောင်နေကြောင်း ထိုင်ဝမ်အခြေဆိုက် ဈေးကွက် သုံးသပ်သူများက ဆိုပါတယ်။ အခြားနိုင်ငံ များမှာလည်း ဒါတွေကို မဖြစ်စေဖို့ စစ်ဆေးမှုများ ပြုလုပ်လာတာကြောင့် ကုမ္မဏီတွေကလည်း သတိထားလာ ပါပြီ။

ငွေကြေးပေးပြီး နာမည်ပျက်စေတဲ့ Writer, Commenter လုပ်ရပ်များဟာ နည်းပညာမှာတင်မက အခြား စီးပွားရေး လုပ်ငန်းတွေမှာ လည်း ဖြစ်ပျက်လျက် ရှိကြောင်း သိရပါတယ်။
.

Ref: mashable
အောင်ခမ်း ( MM Social Sky ) , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment