Pages

Friday, October 25, 2013

ကချင်ပြည်နယ်တွင် မူးယစ်ဆေး သုံးစွဲမှု နှုန်း မြင့်တက်

Photo: ကချင်ပြည်နယ်တွင် မူးယစ်ဆေး သုံးစွဲမှု နှုန်း မြင့်တက်
Friday, October 25, 2013

ဒေသ အတွင်း တရားဥပဒေ စိုးမိုးမှုနည်း ပါးခြင်းကြောင့် ကချင်ပြည်နယ် ရှိမြို့နယ် အများစုတွင် မူးယစ်ဆေး သုံးစွဲမှုနှုန်း မြင့်တက်နေကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စား လှယ်များ နှင့် ဒေသခံများက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။ ကချင်ပြည်နယ်အတွင်း မူး ယစ်ဆေးသုံးစွဲမှု အမြင့်ဆုံးဒေသမှာ ကျောက်စိမ်းထွက်ရှိရာ ဖား ကန့်ဒေသဖြစ်ပြီး ထိုဒေသရှိလူ ငယ်အများစုသည် မူးယစ်ဆေးစွဲ မှုဒဏ်ကို အများ အပြား ခံနေရ ကြောင်း ဒေသခံလူမှုအထောက် အကူပြုအဖွဲ့အစည်းများ၏ ပြော ကြားမှုများအရ သိရသည်။

''ဒီမြို့က လူငယ်ရ၅ရာခိုင် နှုန်းလောက်က မူးယစ်ဆေးသုံး စွဲမှု ရှိနေပါတယ်။ လူငယ်တွေမူး ယစ်ဆေးသုံးစွဲနှုန်း မြင့်နေတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လာတုန်းကလဲ တင်ပြခဲ့ပါတယ်'' ဟု ဖားကန့်မြို့နယ်ဖွံ့ဖြိုးရေးအ ထောက် အကူပြု ကော်မတီ အဖွဲ့ ဥက္ကဋ္ဌ ဦးပီတာက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။

မူးယစ်ဆေးသုံးစွဲနှုန်း မြင့် မားနေသည့် ဒေသများမှာ ဖား ကန့်ဒေသအပါအဝင် ဝိုင်းမော်၊ မိုးညှင်း၊ စိုင်းတောင်၊ မြစ်ကြီးနား တို့ဖြစ်ပြီး ထိုဒေသများတွင် မူးယစ် ဆေးကို မြင့်မားစွာသုံးစွဲမှုများရှိ ကြောင်း ကချင်ပြည်နယ် အင် ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ ပြောကြားမှုအရ သိရသည်။ ဒေါ်ဒွဲဘူက ''ဒီကိစ္စကို အ စိုးရ၊ သုံးစွဲသူတွေနဲ့ ကချင်လက် နက်ကိုင်အဖွဲ့အစည်းတွေပါ ဝိုင်း ပြီးဖြေရှင်းမှ ထိထိရောက်ရောက် ဖြေရှင်း နိုင်မှာ ဖြစ်ပါ တယ်''ဟု ပြော သည်။

မြစ်ကြီးနား တက္ကသိုလ် မှ လက်ထောက်ကထိကတစ်ဦးက ''ကျွန်တော်တို့ကျောင်းမှာ ကျောင်း သားလူငယ်၁ဝဝမှာ အယောက် ၅ဝလောက်က မူးယစ်ဆေးကို သုံး စွဲနေကြပါတယ်။ မိန်းကလေးအ နည်းငယ်လဲ ပါဝင်ပါတယ်။ ရေ ရှည်ဆိုရင် ကချင်ပြည် နယ် ရဲ့အ နာဂတ်ဖွံ့ဖြိုးမှုအတွက်ပါ စိုးရိမ် စရာအခြေအနေ ဖြစ်နေပါပြီ''ဟု ပြောသည်။ ကချင်ပြည်နယ်အတွင်းတွင် ငြိမ်းချမ်းရေးမရရှိခဲ့ခြင်းသည် လည်း တရားဥပဒေစိုးမိုးရေးမရှိ ရခြင်း၏ အဓိကအကြောင်းဖြစ် နိုင်ကြောင်း နှင့် တရား ဥပဒေစိုးမိုး မှုမရှိသဖြင့် မူးယစ်ဆေးထုတ်လုပ် ရောင်းချမှုများကို နှိမ်နင်းခြင်း မှာ အားနည်းကြောင်းနှင့် နိုင်ငံ ရေးအရ ဖိနှိပ်မှုလုပ်ရန် မူးယစ် ဆေးပြဿနာကို အစိုးရမှဖန်တီး သည်ဟု ကချင်လူမျိုးအများစုက လည်း ထင်မြင် ကြောင်း ကချင် လူမျိုး အထက်တန်းကျောင်းအုပ် ဆရာဟောင်း ဦးခွန်ဂျာက ပြော သည်။

ဦးခွန်ဂျာက ''နိုင်ငံရေးထိုး နှက်မှုဒဏ်တစ်ခုကို ကျွန်တော် တို့ ကချင်ပြည်နယ်ကခံလိုက်ရ တယ်လို့ထင်ပါတယ်။ လက်ရှိအ ချိန်မှာ မူးယစ်ဆေးပြဿနာကြီး က ကျွန်တော်တို့ ကချင်ပြည်နယ် အနာဂတ်အတွက် ချိန်ကိုက်ဗုံး တစ်ခုလိုဖြစ် နေပါပြီ ။ အချိန်မီ မရှင်းလင်းနိုင်ရင် တစ်ချိန်ချိန်မှာ ပေါက်ကွဲမှာ သေချာသလို ဖြစ် နေပါပြီ''ဟု ပြောသည်။

ကျောင်းသားလူငယ်များ တွင် အနာဂတ်အာမခံချက် ခိုင် မာမှုမရှိခြင်းကြောင့် ကျောင်းသား များ မူးယစ်ဆေးသုံးစွဲလာမှုမြင့် တက်လာခြင်းသည်လည်း အဓိက အကြောင်းတစ်ရပ်ဖြစ်ပြီး နယ် မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးတို့ ခိုင်မာပြီး ထိရောက်သော အရေးယူမှုများ ပြုလုပ်နိုင်ရန်မှာ မူ ငြိမ်းချမ်းရေးမရရှိဘဲ မဖြစ်နိုင် ကြောင်း ကချင်ပြည်နယ်လူမှုရေး ရာဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။ ဒေါ်ဘောက်ဂျာက ''အဓိ ကအချက်တစ်ခုက လူငယ်တွေ ပတ်ဝန်း ကျင်မှာ မူးယစ်ဆေးသုံး စွဲတဲ့အသိုင်းအဝိုင်းတွေ ရှိနေတော့ ပိုဆိုးလာတာပေါ့။ အဲဒီလိုအသိုင်း အဝိုင်းတွေရယ် မူးယစ်ဆေးရောင်း ချသူတွေ၊ မူးယစ်ဆေးဝင်ပေါက်၊ ထွက်ပေါက်တွေကို ထိထိရောက် ရောက် အရေးယူနိုင်မှုမရှိနေတာ ကလဲ အဓိက အားနည်းချက်တစ် ခုဖြစ်နေတယ်''ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း မူး ယစ်ဆေးသုံးသူများ လျှော့ချရေး အတွက် မူးယစ်ဆေးထုတ်လုပ် ရောင်းချမှုများကို အရေးယူနိုင် ရန်အတွက် ကေအိုင်အိုနှင့် ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ် ပြီး မူယစ်ဆေးဖြတ်ရန် ပညာပေး လုပ်ငန်းများနှင့် ဆေးဖြတ် သူများ ကို ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကချင်ပြည် နယ် ရဲတပ်ဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ် တွင် မူးယစ်ဆေးထုတ်လုပ်မှုအ များဆုံးနေ ရာတွင် ဒုတိယနေရာ ၌ရှိပြီး ရှမ်းပြည်နယ်နှင့် ကချင် ပြည်နယ်တို့တွင် အများဆုံးထုတ် လုပ်သည်ဟု  UNODC ကထုတ် ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးသုံးစွဲနေသူတစ်ချို့အားတွေ့ရစဉ်
ငယ်ထွေး (ကလေး)
The Y
မူးယစ်ဆေးဝါးသုံးစွဲနေသူတစ်ချို့အားတွေ့ရစဉ်
RangonNewsDaily:: October. 25 .2013
ဒေသ အတွင်း တရားဥပဒေ စိုးမိုးမှုနည်း ပါးခြင်းကြောင့် ကချင်ပြည်နယ် ရှိမြို့နယ် အများစုတွင် မူးယစ်ဆေး သုံးစွဲမှုနှုန်း မြင့်တက်နေကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စား လှယ်များ နှင့် ဒေသ
ခံများက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။ ကချင်ပြည်နယ်အတွင်း မူး ယစ်ဆေးသုံးစွဲမှု အမြင့်ဆုံးဒေသမှာ ကျောက်စိမ်းထွက်ရှိရာ ဖား ကန့်ဒေသဖြစ်
ပြီး ထိုဒေသရှိလူ ငယ်အများစုသည် မူးယစ်ဆေးစွဲ မှုဒဏ်ကို အများ အပြား ခံနေရ ကြောင်း ဒေသခံလူမှုအ
ထောက် အကူပြုအဖွဲ့အစည်းများ၏ ပြော ကြားမှုများအရ သိရသည်။

''ဒီမြို့က လူငယ်ရ၅ရာခိုင် နှုန်းလောက်က မူးယစ်ဆေးသုံး စွဲမှု ရှိနေပါတယ်။ လူငယ်တွေမူး ယစ်ဆေးသုံး
စွဲနှုန်း မြင့်နေတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လာတုန်းကလဲ တင်ပြခဲ့ပါတယ်'' ဟု ဖားကန့်မြို့နယ်
ဖွံ့ဖြိုးရေးအ ထောက် အကူပြု ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးပီတာက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြော
သည်။

မူးယစ်ဆေးသုံးစွဲနှုန်း မြင့်မားနေသည့် ဒေသများမှာဖားကန့်ဒေသအပါအဝင် ဝိုင်းမော်၊ မိုးညှင်း၊ စိုင်းတောင်
၊ မြစ်ကြီးနား တို့ဖြစ်ပြီး ထိုဒေသများတွင် မူးယစ် ဆေးကို မြင့်မားစွာသုံးစွဲမှုများရှိ ကြောင်း ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ ပြောကြားမှုအရ သိရသည်။ ဒေါ်ဒွဲ
ဘူက ''ဒီကိစ္စကို အ စိုးရ၊ သုံးစွဲသူတွေနဲ့ ကချင်လက် နက်ကိုင်အဖွဲ့အစည်းတွေပါ ဝိုင်း ပြီးဖြေရှင်းမှ ထိထိ
ရောက်ရောက် ဖြေရှင်း နိုင်မှာ ဖြစ်ပါ တယ်''ဟု ပြော သည်။

မြစ်ကြီးနား တက္ကသိုလ် မှ လက်ထောက်ကထိကတစ်ဦးက ''ကျွန်တော်တို့ကျောင်းမှာ ကျောင်း သားလူငယ်
၁ဝဝမှာ အယောက် ၅ဝလောက်က မူးယစ်ဆေးကို သုံး စွဲနေကြပါတယ်။ မိန်းကလေးအ နည်းငယ်လဲ ပါဝင်
ပါတယ်။ ရေ ရှည်ဆိုရင် ကချင်ပြည် နယ် ရဲ့အ နာဂတ်ဖွံ့ဖြိုးမှုအတွက်ပါ စိုးရိမ် စရာအခြေအနေ ဖြစ်နေပါပြီ'
'ဟု ပြောသည်။ 
 
ကချင်ပြည်နယ်အတွင်းတွင် ငြိမ်းချမ်းရေးမရရှိခဲ့ခြင်းသည် လည်း တရားဥပဒေစိုးမိုးရေးမရှိ ရခြင်း၏ အဓိက
အကြောင်းဖြစ် နိုင်ကြောင်း နှင့် တရား ဥပဒေစိုးမိုး မှုမရှိသဖြင့် မူးယစ်ဆေးထုတ်လုပ် ရောင်းချမှုများကို နှိမ်
နင်းခြင်း မှာ အားနည်းကြောင်းနှင့် နိုင်ငံ ရေးအရ ဖိနှိပ်မှုလုပ်ရန် မူးယစ် ဆေးပြဿနာကို အစိုးရမှဖန်တီး သည်
ဟု ကချင်လူမျိုးအများစုက လည်း ထင်မြင် ကြောင်း ကချင် လူမျိုး အထက်တန်းကျောင်းအုပ် ဆရာဟောင်း ဦးခွန်ဂျာက ပြော သည်။

ဦးခွန်ဂျာက ''နိုင်ငံရေးထိုး နှက်မှုဒဏ်တစ်ခုကို ကျွန်တော် တို့ ကချင်ပြည်နယ်ကခံလိုက်ရ တယ်လို့ထင်ပါ
တယ်။ လက်ရှိအ ချိန်မှာ မူးယစ်ဆေးပြဿနာကြီး က ကျွန်တော်တို့ ကချင်ပြည်နယ် အနာဂတ်အတွက် ချိန်ကိုက်
ဗုံး တစ်ခုလိုဖြစ် နေပါပြီ ။ အချိန်မီ မရှင်းလင်းနိုင်ရင် တစ်ချိန်ချိန်မှာ ပေါက်ကွဲမှာ သေချာသလို ဖြစ် နေပါပြီ'
'ဟု ပြောသည်။

ကျောင်းသားလူငယ်များ တွင် အနာဂတ်အာမခံချက် ခိုင် မာမှုမရှိခြင်းကြောင့် ကျောင်းသား များ မူးယစ်ဆေး
သုံးစွဲလာမှုမြင့် တက်လာခြင်းသည်လည်း အဓိက အကြောင်းတစ်ရပ်ဖြစ်ပြီး နယ် မြေလုံခြုံရေး၊ တရားဥပဒေ
စိုးမိုး ရေးတို့ ခိုင်မာပြီး ထိရောက်သော အရေးယူမှုများ ပြုလုပ်နိုင်ရန်မှာ မူ ငြိမ်းချမ်းရေးမရရှိဘဲ မဖြစ်နိုင်
 ကြောင်း ကချင်ပြည်နယ်လူမှုရေး ရာဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။
 
ဒေါ်ဘောက်ဂျာက''အဓိကအချက်တစ်ခုကလူငယ်တွေပတ်ဝန်း ကျင်မှာ မူးယစ်ဆေးသုံး စွဲတဲ့အသိုင်းအဝိုင်း
တွေ ရှိနေတော့ပိုဆိုးလာတာပေါ့။ အဲဒီလိုအသိုင်း အဝိုင်းတွေရယ် မူးယစ်ဆေးရောင်းချသူတွေ၊ မူးယစ်ဆေး
ဝင်ပေါက်၊ ထွက်ပေါက်တွေကို ထိထိရောက် ရောက် အရေးယူနိုင်မှုမရှိနေတာ ကလဲ အဓိက အားနည်းချက်
တစ် ခုဖြစ်နေတယ်''ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း မူး ယစ်ဆေးသုံးသူများ လျှော့ချရေး အတွက် မူးယစ်ဆေးထုတ်လုပ် ရောင်းချမှုများ
ကို အရေးယူနိုင်ရန်အတွက် ကေအိုင်အိုနှင့် ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ် ပြီး မူယစ်ဆေးဖြတ်ရန် ပညာ
ပေး လုပ်ငန်းများနှင့် ဆေးဖြတ် သူများ ကို ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို တိုးမြှင့်ဆောင်ရွက် သွား
မည်ဖြစ်ကြောင်း ကချင်ပြည် နယ် ရဲတပ်ဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံသည်ကမ္ဘာ
ပေါ် တွင် မူးယစ်ဆေးထုတ်လုပ်မှုအ များဆုံးနေ ရာတွင် ဒုတိယနေရာ ၌ရှိပြီး ရှမ်းပြည်နယ်နှင့် ကချင် ပြည်
နယ်တို့တွင် အများဆုံးထုတ် လုပ်သည်ဟု UNODC ကထုတ် ပြန်ခဲ့သည်။

ငယ်ထွေး (ကလေး)
The Y , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment